Header Ads


လီဗာပူးလ္အသင္းနဲ ့မန္စီးတီးတို ့ကိုသတိေပးစကားဆိုလိုက္တဲ့ဆြန္ေဟာင္မင္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

စပါးအသင္းတိုက္စစ္မွဴး ဆြန္ေဟာင္မင္က သူတို႔အသင္းဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ ခ်န္ပီယံေျပးလမ္းေၾကာင္းမွာရိွေနတဲ့ အသင္းျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုကာ လီဗာပူးနဲ႔ မန္စီးတီးအသင္းကို သတိေပးစကား ေျပာလိုက္ပါတယ္။ 

ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၄ အၿပီး လီဗာပူးက ၆၁ မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ကို ဦးေဆာင္ေနၿပီး လက္ရိွခ်န္ပီယံ မန္စီးတီးကေတာ့ ၅၆ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ စပါးအသင္းကေတာ့ ၁၈ ပြဲႏိုင္ ပြဲရံႈး ရဂိုး ၅၀ ေပးဂိုး ၂၄ ဂိုး ၅၄ မွတ္ရကာ အဆင့္ ေနရာမွာ ရပ္တည္ေနပါတယ္။ စပါးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ႏွစ္တိုင္းစိန္ေခၚႏိုင္ေပမယ့္ တစ္ခါမွ ခ်န္ပီယံမျဖစ္ခဲ့ပါဘူး။

စပါးအသင္းဟာနည္းျပ ပိုခ်က္တီႏိုလက္ထက္ ၿပိဳင္ဘက္တိုင္းေလးစားရတဲ့အသင္းအျဖစ္ ရပ္တည္ေနပါတယ္။ စပါးဟာ အဓိကတိုက္စစ္မွဴး ဟယ္ရီကိန္း မပါတဲ့ဒဏ္ကို ခံစားေနရပါတယ္။ ဟယ္ရီကိန္းဒဏ္ရာရေနတဲ့အခ်ိန္ အာရွဖလားပြဲက ဆြန္ေဟာင္မင္ျပန္လာလို႔ ပိုခ်က္တီႏိုအတြက္ ဝမ္းသာစရာပါ။ စပါးဟာ ဝက္ဖို႔ဒ္ပြဲမွာ ေနာက္ကေနလိုက္ကစားခဲ့ရၿပီး ဆြန္ေဟာင္မင္ လိုရန္တီတို႔ရဲ႕ဂိုးေတြေၾကာင့္ အႏိုင္ရခဲ့ပါတယ္။ ဆြန္ေဟာင္မင္ဟာ ဒီႏွစ္ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ဘယ္ေတာ့မွ အရံႈးေပးမွာ မဟုတ္ပါဘူး။


ဆြန္ေဟာင္မင္က´ လူေတြက ဒီႏွစ္ ခ်န္ပီယံျဖစ္ဖို႔ လီဗာပူးလား မန္စီးတီလားလို႔ ေျပာေနၾကတယ္။ ကြ်န္ေတာ္ကေတာ့ ဒါကို ဂရုမစိုက္ပါဘူး။ ကြ်န္ေတာ္တို႔အသင္း ခ်န္ပီယံေျပးလမ္းမွာရိွေနတုန္းပဲ။ ဘယ္ေတာ့မွ အရံႈးမေပးဘူး`လို႔ ေျပာပါတယ္။ ေတာင္ကိုရီးယားတိုက္စစ္မွဴး ဆြန္ေဟာင္မင္ဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ ၁၈ ပြဲ ကစားထားရာမွာ ဂိုး သြင္းထားပါတယ္။ သူဟာ မႏွစ္က အသင္းအတြက္ ၿပိဳင္ပြဲစံု ၅၃ ပြဲမွာ ၁၈ ဂိုးသြင္းထားသူပါ။

Credit

(Unicode)

လီဗာပူးလ်အသင်းနဲ့မန်စီးတီးတို့ကိုသတိပေးစကားဆိုလိုက်တဲ့ဆွန်ဟောင်မင်

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်က သူတို့အသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှာရှိနေတဲ့ အသင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုကာ လီဗာပူးနဲ့ မန်စီးတီးအသင်းကို သတိပေးစကား ပြောလိုက်ပါတယ်။ 

ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အပြီး လီဗာပူးက ၆၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နေပြီး လက်ရှိချန်ပီယံ မန်စီးတီးကတော့ ၅၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ စပါးအသင်းကတော့ ၁၈ ပွဲနိုင် ၆ ပွဲရှုံး ရဂိုး ၅၀ ပေးဂိုး ၂၄ ဂိုး ၅၄ မှတ်ရကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်တိုင်းစိန်ခေါ်နိုင်ပေမယ့် တစ်ခါမှ ချန်ပီယံမဖြစ်ခဲ့ပါဘူး။

စပါးအသင်းဟာနည်းပြ ပိုချက်တီနိုလက်ထက် ပြိုင်ဘက်တိုင်းလေးစားရတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ စပါးဟာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း မပါတဲ့ဒဏ်ကို ခံစားနေရပါတယ်။ ဟယ်ရီကိန်းဒဏ်ရာရနေတဲ့အချိန် အာရှဖလားပွဲက ဆွန်ဟောင်မင်ပြန်လာလို့ ပိုချက်တီနိုအတွက် ဝမ်းသာစရာပါ။ စပါးဟာ ဝက်ဖို့ဒ်ပွဲမှာ နောက်ကနေလိုက်ကစားခဲ့ရပြီး ဆွန်ဟောင်မင် လိုရန်တီတို့ရဲ့ဂိုးတွေကြောင့် အနိုင်ရခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ပါဘူး။


ဆွန်ဟောာင်မင်က´ လူတွေက ဒီနှစ် ချန်ပီယံဖြစ်ဖို့ လီဗာပူးလား မန်စီးတီလားလို့ ပြောနေကြတယ်။ ကျွန်တော်ကတော့ ဒါကို ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့အသင်း ချန်ပီယံပြေးလမ်းမှာရှိနေတုန်းပဲ။ ဘယ်တော့မှ အရှုံးမပေးဘူး`လို့ ပြောပါတယ်။ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဒီနှစ် ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားထားရာမှာ ၉ ဂိုး သွင်းထားပါတယ်။ သူဟာ မနှစ်က အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁၈ ဂိုးသွင်းထားသူပါ။

Credit

No comments

Powered by Blogger.