ဂ်ာဂန္ကေလာ့ကိုနည္းျပရာထူးကေနထုတ္ပယ္ဖို ့လီဗာပူးလ္ပရိတ္သတ္ေတြေတာင္းဆိုလိုက္ၿပီ။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အဂၤလန္ဒါဘီလို ့တင္စားေခၚေ၀ၚၾကတဲ့ ယူနိုက္တက္နဲ ့လီဗာပူးလ္တို ့ပြဲမွာေတာ့ ၾကိဳးၾကာနီတို ့ရဲ ့ဂ်ာမန္နည္းျပၾကီးဟာ ေမးခြန္းထုတ္ခ်င္စရာေကာင္းတဲ့နည္းစနစ္ပိုင္းဆိုင္ရာဆံုးျဖတ္ခ်က္ေတြနဲ ့အတူလူစားလဲမႈေတြကိုျပဳလုပ္ခဲ့ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ကိုအနိုင္မကန္နိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္ပရိတ္သတ္တစ္ခ်ိဳ ့က ဂ်ာဂန္ကေလာ့ဆီအျပစ္ပံုခ်ခဲ့ၿပီး အခ်ိဳ ့ေသာပရိတ္သတ္ေတြကေတာ့ ဂ်ာမန္နည္းျပၾကီးကိုထုတ္ပယ္ဖို ့အထိေတာင္းဆိုေနၾကတာပဲျဖစ္ပါတယ္။မေန ့ညကစူပါဆန္ေဒးပြဲအျဖစ္ကစားခဲ့ၾကတဲ့ အဆိုပါပြဲဟာ ယူနိုက္တက္ရဲ ့အိုထရက္ဖို ့ဒ္ကြင္းမွာယွဥ္ၿပိဳင္ကစားခဲ့ၾကတာျဖစ္ၿပီး ၂ဖက္စလံုးဟာဂိုးသြင္းယူနိုင္ျခင္းမရိွခဲ့ပါဘူး။
အဆိုပါပြဲမွာေတာ့ ပရီးမီးယားလိပ္သမိုင္းတစ္ေလ ွ်ာက္ျဖစ္ေတာင့္ျဖစ္ခဲ့ကိစၥေတြေတာင္ျဖစ္ပြားခဲ့ပါတယ္။ပထမပိုင္း ပြဲကစားခ်ိန္အတြင္း နည္းျပဆိုးလ္ရွားရဲ ့ယူနိုက္တက္အသင္းဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အသင္းရဲ ့ကစားသမား ၃ဦးကို လူစားလဲခဲ့ရၿပီး ပရီးမီးယားလိပ္သမိုင္းမွာထူးျခားတဲ့ျဖစ္ရပ္အျဖစ္မွတ္တမ္း၀င္သြားခဲ့တာပဲျဖစ္ပါတယ္။
ယူနိုက္တက္အသင္းဟာ အသင္းရဲ့ကြင္းလယ္ေထာက္တိုင္ျဖစ္တဲ့ဟာရဲရား၊မာတာ၊လင္ဂတ္တို ့ကိုလူစားခဲ့ရတာျဖစ္ၿပီး ပထမပိုင္းတစ္ပိုင္းလံုးဒဏ္ရာအနည္းငယ္ရဟန္ရိွတဲ့တိုက္စစ္မွဴး မာကပ္စ္ရပ္ဖို ့ဒ္ေတာင္ ပထမပိုင္းၿပီးတဲ့အခ်ိန္ ေဆးကုသမႈခံယူခဲ့ရတာပဲျဖစ္ပါတယ္။
ဒါ့ေၾကာင့္ လူငယ္ကစားသမားေတြနဲ ့အားနည္းေနတဲ့ယူနိုက္တက္အသင္းကို လီဗာပူးလ္တုိ ့ဂိုးေပါက္ၿခိမ္းေျခာက္ဖို ့ေတာင္ခက္ခဲတာေၾကာင့္ အသင္းပရိတ္သတ္ေတြက နည္းျပဂ်ာဂန္ကေလာ့ရဲ ့နည္းစနစ္ေတြအေပၚ လူမႈကြန္ယက္ေပၚမွာ ေမးခြန္းထုတ္ေနၾကတာပဲျဖစ္ပါတယ္။
လီဗာပူးလ္တို ့ရဲ ့ခ်န္ပီယံဆုဖလားၿပိဳင္ဘက္မန္စီးတီးဟာ ဒီတစ္ပတ္မွာ ပရီးမီးယားလိပ္ပြဲကစားရဖို ့မရိွပဲ ခ်ဲလ္ဆီးအသင္းနဲ့ကရာေဘာင္ဖလားလုဖို ့ရိွေနတာေၾကာင့္ လီဗာပူးလ္တို ့အမွတ္ေပးဇယားထိပ္မွာ လြတ္လြတ္ကၽြတ္ကၽြတ္ရပ္တည္နိုင္မယ့္အခြင့္အေရးကိုရရိွခဲ့ေသာ္လည္း အေကာင္းဆံုးအသံုးမခ်နိုင္ခဲ့ပါဘူး။
ဒါေတြေၾကာင့္ လီဗာပူးလ္ပရိတ္သတ္ေတြရဲ ့ေဒါသေတြဟာ ဂ်ာဂန္ကေလာ့အေပၚ က်ေရာက္သြားၿပီပဲျဖစ္ပါတယ္။အသင္းမွာ ပံုစံေကာင္းျပေနတဲ ့ကြင္းလယ္လူကီတာနဲ ့အက္လက္ဇန္းဒါးအာလ္နိုးတို ့ကိုထည့္မသံုးခဲ့တာေၾကာင့္ ပရိတ္သတ္ေတြက ေပါက္ကြဲကာ အသင္းကေနထြက္ခြာဖို ့ေျပာဆိုေနၾကတာပဲျဖစ္ပါတယ္။
တြစ္တာစာမ်က္နွာေပၚက လီဗာပူးလ္ပရိတ္သတ္ေတြရဲ ့ေပါက္ကြဲသံစဥ္ေတြကေတာ့
” ကေလာ့ကေတာ့ဟာသပဲ။”
” သူ ့ကိုထုတ္လိုက္ပါေတာ့”
” ကေလာ့ထြက္သြား”
” ကေလာ့ကိုထုတ္လုိက္ပါ။ငါတို ့ခ်န္ပီယံလိပ္ဖလားလည္းရမွာမဟုတ္ဘူး။”
” ကီတာတို ့အာလ္နုိးတို ့ကိုမထည့္ပဲရွာကြီရီ၊စတာရစ္ခ်္၊အိုရီဂီတို ့ကိုထည့္တာဘာလားဟ၊ထြက္သြားေတာ့ကြာ။မာကို ့စ္ေဆးလ္ဗားကိုေခၚဖို ့အခ်ိန္က်ၿပီ။”
” ကေလာ့ကိုထုတ္ၿပီး ၀င္းဂါးကို ခန္ ့လိုက္ေတာ့”
” ဒီရာသီဆုဖလားတစ္လံုးမွမရရင္ေတာ့ သူထြက္ရေတာ့မွာပါ။”
(Unicode)
ဂျာဂန်ကလော့ကိုနည်းပြရာထူးကနေထုတ်ပယ်ဖို့လီဗာပူးလ်ပရိတ်သတ်တွေတောင်းဆိုလိုက်ပြီ။
အင်္ဂလန်ဒါဘီလို့တင်စားခေါ်ဝေါ်ကြတဲ့ ယူနိုက်တက်နဲ့လီဗာပူးလ်တို့ပွဲမှာတော့ ကြိုးကြာနီတို့ရဲ့ဂျာမန်နည်းပြကြီးဟာ မေးခွန်းထုတ်ချင်စရာကောင်းတဲ့နည်းစနစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့အတူလူစားလဲမှုတွေကိုပြုလုပ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကိုအနိုင်မကန်နိုင်ခဲ့တာကြောင့် လီဗာပူးလ်ပရိတ်သတ်တစ်ချို့က ဂျာဂန်ကလော့ဆီအပြစ်ပုံချခဲ့ပြီး အချို့သောပရိတ်သတ်တွေကတော့ ဂျာမန်နည်းပြကြီးကိုထုတ်ပယ်ဖို့အထိတောင်းဆိုနေကြတာပဲဖြစ်ပါတယ်။မနေ့ညကစူပါဆန်ဒေးပွဲအဖြစ်ကစားခဲ့ကြတဲ့ အဆိုပါပွဲဟာ ယူနိုက်တက်ရဲ့အိုထရက်ဖို့ဒ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ၂ဖက်စလုံးဟာဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။
အဆိုပါပွဲမှာတော့ ပရီးမီးယားလိပ်သမိုင်းတစ်လေ ျှာက်ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စတွေတောင်ဖြစ်ပွားခဲ့ပါတယ်။ပထမပိုင်း ပွဲကစားချိန်အတွင်း နည်းပြဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ကစားသမား ၃ဦးကို လူစားလဲခဲ့ရပြီး ပရီးမီးယားလိပ်သမိုင်းမှာထူးခြားတဲ့ဖြစ်ရပ်အဖြစ်မှတ်တမ်းဝင်သွားခဲ့တာပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းရဲ့ကွင်းလယ်ထောက်တိုင်ဖြစ်တဲ့ဟာရဲရား၊မာတာ၊လင်ဂတ်တို့ကိုလူစားခဲ့ရတာဖြစ်ပြီး ပထမပိုင်းတစ်ပိုင်းလုံးဒဏ်ရာအနည်းငယ်ရဟန်ရှိတဲ့တိုက်စစ်မှူး မာကပ်စ်ရပ်ဖို့ဒ်တောင် ပထမပိုင်းပြီးတဲ့အချိန် ဆေးကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် လူငယ်ကစားသမားတွေနဲ့အားနည်းနေတဲ့ယူနိုက်တက်အသင်းကို လီဗာပူးလ်တို့ဂိုးပေါက်ခြိမ်းခြောက်ဖို့တောင်ခက်ခဲတာကြောင့် အသင်းပရိတ်သတ်တွေက နည်းပြဂျာဂန်ကလော့ရဲ့နည်းစနစ်တွေအပေါ် လူမှုကွန်ယက်ပေါ်မှာ မေးခွန်းထုတ်နေကြတာပဲဖြစ်ပါတယ်။
လီဗာပူးလ်တို့ရဲ့ချန်ပီယံဆုဖလားပြိုင်ဘက်မန်စီးတီးဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိပ်ပွဲကစားရဖို့မရှိပဲ ချဲလ်ဆီးအသင်းနဲ့ကရာဘောင်ဖလားလုဖို့ရှိနေတာကြောင့် လီဗာပူးလ်တို့အမှတ်ပေးဇယားထိပ်မှာ လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်မယ့်အခွင့်အရေးကိုရရှိခဲ့သော်လည်း အကောင်းဆုံးအသုံးမချနိုင်ခဲ့ပါဘူး။
ဒါတွေကြောင့် လီဗာပူးလ်ပရိတ်သတ်တွေရဲ့ဒေါသတွေဟာ ဂျာဂန်ကလော့အပေါ် ကျရောက်သွားပြီပဲဖြစ်ပါတယ်။အသင်းမှာ ပုံစံကောင်းပြနေတဲ့ကွင်းလယ်လူကီတာနဲ့အက်လက်ဇန်းဒါးအာလ်နိုးတို့ကိုထည့်မသုံးခဲ့တာကြောင့် ပရိတ်သတ်တွေက ပေါက်ကွဲကာ အသင်းကနေထွက်ခွာဖို့ပြောဆိုနေကြတာပဲဖြစ်ပါတယ်။
တွစ်တာစာမျက်နှာပေါ်က လီဗာပူးလ်ပရိတ်သတ်တွေရဲ့ပေါက်ကွဲသံစဉ်တွေကတော့
” ကလော့ကတော့ဟာသပဲ။”
” သူ့ကိုထုတ်လိုက်ပါတော့”
” ကလော့ထွက်သွား”
” ကလော့ကိုထုတ်လိုက်ပါ။ငါတို့ချန်ပီယံလိပ်ဖလားလည်းရမှာမဟုတ်ဘူး။”
” ကီတာတို့အာလ်နိုးတို့ကိုမထည့်ပဲရှာကွီရီ၊စတာရစ်ချ်၊အိုရီဂီတို့ကိုထည့်တာဘာလားဟ၊ထွက်သွားတော့ကွာ။မာကို့စ်ဆေးလ်ဗားကိုခေါ်ဖို့အချိန်ကျပြီ။”
” ကလော့ကိုထုတ်ပြီး ဝင်းဂါးကို ခန့်လိုက်တော့”
” ဒီရာသီဆုဖလားတစ်လုံးမှမရရင်တော့ သူထွက်ရတော့မှာပါ။”
Post a Comment