ယူနိုက္တက္ကေနအထုတ္ပယ္ခံရၿပီးေနာက္သူငယ္ခ်င္းေတြကိုေမာ္ရင္ဟိုဘာေတြရင္ဖြင့္ခဲ့သလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုဟာ ရာထူးက ထုတ္ပယ္မခံရခင္ထဲက သူယံုျကည္ရတဲ့မိတ္ေဆြေတြကို မန္ခ်က္စတာမွာျကာျကာမရွိနိုင္ေတာ့ဘူးဆိုတာဖြင့္ဟခဲ့ပါတယ္။ဒီဇင္ဘာလအတြင္း လီဗာပူးကို၃-၁နဲ႔ရံႈးနိမ့္ခဲ့ခ်ိန္မွာ စပယ္ရွယ္ဝမ္းကို အသင္းကထုတ္ပယ္ခဲ့တာပါ။
ဒီရလဒ္မထြက္ေပၚခင္ထဲက ယူနိုက္တက္ထိပ္တန္းတာဝန္ရွိသူေတြဟာ ေမာ္ရင္ဟိုကိုထုတ္ပယ္ဖို႔အသင့္ျဖစ္ေနပါျပီ။အိုးထရက္ဖို႔ဒ္ကထြက္ခြာရေတာ့မယ္ဆိုတာေမာ္ရင္ဟိုအေနနဲ႔ လီဗာပူးနဲ႔ပြဲမတိုင္ခင္ထဲက သိနွင့္ေနတာပါ။ေမာ္ရင္ဟိုက''က်ေနာ္အသင္းကမထြက္ခြာရေသးခင္ထဲကဒီမွာ အရာအားလံုးျပီးဆံုးေနျပီ''လို႔ဝန္ခံခဲ့ပါတယ္။
ေမာ္ရင္ဟိုေနရာ အစားဝင္လာတဲ့ ယာယီနည္းျပအိုေလဂန္းနားဆိုးရွားကေတာ့ ယူနိုက္တက္ဆီရလဒ္ေကာင္းေတြယူေဆာင္ေပးးနိုင္ခဲ့ပါတယ္။ဆိုးရွာလ္းရဲ႕အသင္းကအခုထိပရီးမီးယားလိဂ္ ရံႈးပြဲမေတြ႕ေသးပဲ ေျခစြမ္းေကာင္းေတြျပေနတာပါ။ျပီးခဲ့တဲ့ တနဂၤေႏြေန႔က လီဗာပူးနဲ႔အိုးထရက္ဖို႔ဒ္မွာ ရင္ဆိုင္ခဲ့ရာမွာလည္း ဒဏ္ရာေတြနွိပ္စက္ေနတဲ့အသင္းကို ရံႈးပြဲမျကံဳရေအာင္ ထိန္းေက်ာင္းနိုင္ခဲ့ပါတယ္။တကယ္ဆို မန္ယူနိုက္တက္ကေတာင္ အနိုင္ရသင့္တဲ့အခြင့္အေရးေတြပိုင္ဆိုင္ခဲ့တာပါ။ဒါေျကာင့္ခါးသီးျပိဳင္ဘက္ကို မနိုင္ခဲ့ေပမယ့္ ယူနိုက္တက္ရဲ႕အျမဲတမ္းနည္းျပရာထူးအတြက္ ဆိုးရွားသာျဖစ္သင့္ေျကာင့္ ဂယ္ရီနဗီးလ္က ယံုျကည္ေနပါတယ္။
''တကယ္လို႔အဝတ္လဲခန္းအတြင္းစည္းလံုးမႈမျပိဳကြဲခဲ့ဘူးဆိုရင္ ယူနိုက္တက္နည္းျပရာထူးအတြက္ ထပ္ရွာစရာမလိုေတာ့ပါဘူး။အသင္းပရိတ္သတ္ေတြကလည္း ဆိုးရွားကို မန္ေနဂ်ာရာထူးခန္႔ဖို႔ ေထာက္ခံေနျကျပီ။သူနည္းျပျဖစ္ဖို႔လည္းအလြန္နီးစပ္ေနပါျပီ။က်ေနာ္ကေတာ့ လက္ရွိအေနအထားေတြေပ်ာက္ကြယ္သြားမွာမလိုလားဘူး။က်ေနာ္တို႔ ဒုတိယရာသီဝက္မွာ ယူနိုက္တက္ဆီကေန ခံစားခ်က္ေကာင္းေတြျပန္ရခဲ့တယ္။လြန္ခဲ့တဲ့သံုးလေလာက္ကဆို ပရိတ္သတ္ေတြရဲ႕''တိုက္စစ္,တိုက္စစ္''လို႔ေအာ္ဟစ္သံက ကြင္းထဲျပည့္ေနတယ္။ဒီေန႔ေတာ့ ဆိုးရွားေျကာင့္ ပရိတ္သတ္ေတြ ေမ်ွာ္လင့္သလိုကစားလာနိုင္ပါတယ္။လီဗာပူးနဲ႔ပြဲမွာလည္း ခင္ဗ်ား တို႔ျမင္တဲ့အတိုင္း ပထမပိုင္းထဲက ဒဏ္ရာေတြနွိပ္စက္ခဲ့တာေတာင္ သေရက်ေအာင္စြမ္းေဆာင္ခဲ့ေသးတယ္။ပြဲအျပီးစိတ္ခံစားခ်က္က အိုးထရက္ဖိုဒ့္ရပ္ဝန္းမွာ က်ေနာ္ျမင္ေတြ႕ဖူးသမ်ွအေကာင္းဆံုးေတြထဲကတစ္ခုပါပဲ။ဒီအေျခအေနမွာယူနိုက္တက္သာနိုင္ခဲ့ရင္အံ့ျသစရာေကာင္းတဲ့ပြဲတစ္ပြဲျဖစ္သြားနိုင္ပါတယ္''လို႔နဗီးလ္ကသူ႕ရဲ႕အျမင္ေတြကိုထုတ္ေဖာ္ခဲ့ပါတယ္။
ဆိုးရွားလ္ကေတာေမာ္ရင္ဟိုလက္ထက္က ပံုပ်က္ေနတဲ့အသင္းေဟာင္းကိုသရဲနီေသြးေတြ နဲ႔အေကာင္းဆံုးဦးေဆာင္ထားပါတယ္။ဒါေပမယ့္ အဓိက,ကစားသမားဆယ္ေယာက္နီးပါး ဒဏ္ရာျပသနာျကံုေနရခ်ိန္မွာေတာ့ ဘယ္သူမဆိုခက္ခဲမွာပါပဲ။ပရိတ္သတ္ေတြအျမင္ကေရာ ဆိုးရွားလ္အေနနဲ႔ ယူနိုက္တက္အျမဲတမ္းနည္းျပရာထူး ရသင့္တယ္ထင္ပါသလား။
(Unicode)
ယူနိုက်တက်ကနေအထုတ်ပယ်ခံရပြီးနောက်သူငယ်ချင်းတွေကိုမော်ရင်ဟိုဘာတွေရင်ဖွင့်ခဲ့သလဲ?
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ ရာထူးက ထုတ်ပယ်မခံရခင်ထဲက သူယုံကြည်ရတဲ့မိတ်ဆွေတွေကို မန်ချက်စတာမှာကြာကြာမရှိနိုင်တော့ဘူးဆိုတာဖွင့်ဟခဲ့ပါတယ်။ဒီဇင်ဘာလအတွင်း လီဗာပူးကို၃-၁နဲ့ရှုံးနိမ့်ခဲ့ချိန်မှာ စပယ်ရှယ်ဝမ်းကို အသင်းကထုတ်ပယ်ခဲ့တာပါ။
ဒီရလဒ်မထွက်ပေါ်ခင်ထဲက ယူနိုက်တက်ထိပ်တန်းတာဝန်ရှိသူတွေဟာ မော်ရင်ဟိုကိုထုတ်ပယ်ဖို့အသင့်ဖြစ်နေပါပြီ။အိုးထရက်ဖို့ဒ်ကထွက်ခွာရတော့မယ်ဆိုတာမော်ရင်ဟိုအနေနဲ့ လီဗာပူးနဲ့ပွဲမတိုင်ခင်ထဲက သိနှင့်နေတာပါ။မော်ရင်ဟိုက''ကျနော်အသင်းကမထွက်ခွာရသေးခင်ထဲကဒီမှာ အရာအားလုံးပြီးဆုံးနေပြီ''လို့ဝန်ခံခဲ့ပါတယ်။
မော်ရင်ဟိုနေရာ အစားဝင်လာတဲ့ ယာယီနည်းပြအိုလေဂန်းနားဆိုးရှားကတော့ ယူနိုက်တက်ဆီရလဒ်ကောင်းတွေယူဆောင်ပေးးနိုင်ခဲ့ပါတယ်။ဆိုးရှာလ်းရဲ့အသင်းကအခုထိပရီးမီးယားလိဂ် ရှုံးပွဲမတွေ့သေးပဲ ခြေစွမ်းကောင်းတွေပြနေတာပါ။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးနဲ့အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ခဲ့ရာမှာလည်း ဒဏ်ရာတွေနှိပ်စက်နေတဲ့အသင်းကို ရှုံးပွဲမကြုံရအောင် ထိန်းကျောင်းနိုင်ခဲ့ပါတယ်။တကယ်ဆို မန်ယူနိုက်တက်ကတောင် အနိုင်ရသင့်တဲ့အခွင့်အရေးတွေပိုင်ဆိုင်ခဲ့တာပါ။ဒါကြောင့်ခါးသီးပြိုင်ဘက်ကို မနိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြရာထူးအတွက် ဆိုးရှားသာဖြစ်သင့်ကြောင့် ဂယ်ရီနဗီးလ်က ယုံကြည်နေပါတယ်။
''တကယ်လို့အဝတ်လဲခန်းအတွင်းစည်းလုံးမှုမပြိုကွဲခဲ့ဘူးဆိုရင် ယူနိုက်တက်နည်းပြရာထူးအတွက် ထပ်ရှာစရာမလိုတော့ပါဘူး။အသင်းပရိတ်သတ်တွေကလည်း ဆိုးရှားကို မန်နေဂျာရာထူးခန့်ဖို့ ထောက်ခံနေကြပြီ။သူနည်းပြဖြစ်ဖို့လည်းအလွန်နီးစပ်နေပါပြီ။ကျနော်ကတော့ လက်ရှိအနေအထားတွေပျောက်ကွယ်သွားမှာမလိုလားဘူး။ကျနော်တို့ ဒုတိယရာသီဝက်မှာ ယူနိုက်တက်ဆီကနေ ခံစားချက်ကောင်းတွေပြန်ရခဲ့တယ်။လွန်ခဲ့တဲ့သုံးလလောက်ကဆို ပရိတ်သတ်တွေရဲ့''တိုက်စစ်,တိုက်စစ်''လို့အော်ဟစ်သံက ကွင်းထဲပြည့်နေတယ်။ဒီနေ့တော့ ဆိုးရှားကြောင့် ပရိတ်သတ်တွေ မျှော်လင့်သလိုကစားလာနိုင်ပါတယ်။လီဗာပူးနဲ့ပွဲမှာလည်း ခင်ဗျား တို့မြင်တဲ့အတိုင်း ပထမပိုင်းထဲက ဒဏ်ရာတွေနှိပ်စက်ခဲ့တာတောင် သရေကျအောင်စွမ်းဆောင်ခဲ့သေးတယ်။ပွဲအပြီးစိတ်ခံစားချက်က အိုးထရက်ဖိုဒ့်ရပ်ဝန်းမှာ ကျနော်မြင်တွေ့ဖူးသမျှအကောင်းဆုံးတွေထဲကတစ်ခုပါပဲ။ဒီအခြေအနေမှာယူနိုက်တက်သာနိုင်ခဲ့ရင်အံ့သြစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်သွားနိုင်ပါတယ်''လို့နဗီးလ်ကသူ့ရဲ့အမြင်တွေကိုထုတ်ဖော်ခဲ့ပါတယ်။
ဆိုးရှားလ်ကတောမော်ရင်ဟိုလက်ထက်က ပုံပျက်နေတဲ့အသင်းဟောင်းကိုသရဲနီသွေးတွေ နဲ့အကောင်းဆုံးဦးဆောင်ထားပါတယ်။ဒါပေမယ့် အဓိက,ကစားသမားဆယ်ယောက်နီးပါး ဒဏ်ရာပြသနာကြုံနေရချိန်မှာတော့ ဘယ်သူမဆိုခက်ခဲမှာပါပဲ။ပရိတ်သတ်တွေအမြင်ကရော ဆိုးရှားလ်အနေနဲ့ ယူနိုက်တက်အမြဲတမ်းနည်းပြရာထူး ရသင့်တယ်ထင်ပါသလား။
Post a Comment