Header Ads


ဆုဖလားလုပြဲကေနထြက္ခြာၿပီးေရသန္ ့ဘူးသာေသာက္ရေတာ့မယ့္ပိုခ်က္တီနိုရဲ ့စပါးလ္အသင္း


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


စပါးအသင္းနည္းျပပိုခ်က္တီႏိုဟာ အသင္းႏွင့္အတူခ်န္ပီယံဆုအတြက္ ထိပ္ဆံုးအသင္းေတြရဲ႕ေနာက္ကေနေတာက္ေလ်ာက္ခ်ိန္းေျခာက္ဖိအားေပးလ်က္႐ွိေသာ္လည္းယခုအပတ္ပရီးမီးယားလိဂ္ပြဲစဥ္မွာဘန္ေလအသင္းကိုမထင္မွတ္ဘဲ႐ွံူးနိမ့္သြားခဲ့တာေၾကာင့္ထိခိုက္နစ္နာမႉအခ်ိဳ႕ရ႐ွိခဲ့ကာ ခ်န္ပီယံဆုအတြက္ျမင္းေကာင္းခြာလိပ္သကဲ့သို႔ုျဖစ္လာေနပါတယ္။

ဘန္ေလအသင္းအတြက္အဖြင့္ဂိုးကို ဒုတိယပိုင္းမွာခရစ္၀ုဒ္ ကသြင္းယူေပးခဲ့ၿပီးအဲဒီေနာက္မွာ ဟာရီကိန္းကစပါးအသင္းအတြက္ေခ်ပဂိုးသြင္းယူေပးခဲ့ကာပြဲကိုထိနိးထားႏိုင္ခဲ့ေသာ္လည္း ဘန္ေလအသင္းအတြက္အႏိုင္ဂိုးကို ဘားနက္က သြင္းယူေပးခဲ့ၿပီး စပါးအသင္းကိုခ်န္ပီယံဆုတိုက္ပြဲမွာလီဗာပူးလ္အသင္း မန္စီးတီးအသင္းတို႔ၾကား တုန္႔ဆိုင္းေအာင္ဘန္ေလအသင္းကမထင္မွတ္ဘဲလုပ္ႏို္င္ခဲ့ပါတယ္။



လူမႈကြန္ရက္မွာေတာ့စပါးအသင္းကိုပရိသတ္ေတြရဲ႕ေမတၱာဂ႐ုဏာေဒါသ သံေတြနဲ႔ျပည့္ႏွံ႔ေနတဲ့သေရာ္စာေဝဖန္စာေတြအလ်ွံအပယ္ကိုအမ်ားအျပားေတြ႔ျမင္ေနရပါတယ္။

"ဒါကဘာလဲဗ်ာ ကြၽနိေတာ္တို႔ေတြဘယ္ေတာ့မွဖလားယွဥ္လုရတယ္ဆိုတာမ႐ွိဘူး သိပ္္မၾကာပါဘူး စပါးအေပၚအသင္လက္ညိဳးဝိုင္းထိုးလာၾကမွာၿပီးေတာ့ဖိ္အားေတြလာေနပါၿပီ စပါးအသင္း ကအခက္အခဲျကားမွာ ယံုၾကည္မွဳေတြလိုအပ္ေနတယ္ အဲဒါက စိတ္မခ်မ္းသာစရာတကယ္ကိုေကာင္းတယ္ဗ်ာ"

"ဘယ္ေတာ့ပဲျဖစ္ျဖစ္ ပြဲမွာေတာ့အေၾကာင္းျပခ်က္ေတြ႐ွိေနမွာပါ။ကြၽန္ေတာ္တို႔ေတြအခက္အခဲေတာ့႐ွိမွာပဲ။အဲဒီစိတ္က ဖလားမရမျခငိး႐ွိေနမယ့္စိတ္မခ်မ္းသာဖြယ္ရာကိစၥပါ။"


စပါးအသင္းဟာလက္႐ွိအခ်ိန္မွာ ဒုတိယေနရာက လီဗာပူးလ္အသင္းႏွင့္တစ္ပြဲေလ်ာ့ ၅မွတ္ကြာဟေနလ်က္႐ွိေနၿပီးအကယ္၍သာလီဗာပူးလ္အသင္းက ယူႏိုကိတက္္အသင္းကိုအႏိူင္ရ႐ွိခဲ့မည္ဆိုရင္ ၈မွတ္အထိကြာဟသြားမွာျဖစ္ပါတယ္။

(Unicode)

ဆုဖလားလုပွဲကနေထွက်ခွာပြီးရေသန့်ဘူးသာသောက်ရတော့မယ့်ပိုချက်တီနိုရဲ့စပါးလ်အသင်း


စပါးအသင်းနည်းပြပိုချက်တီနိုဟာ အသင်းနှင့်အတူချန်ပီယံဆုအတွက် ထိပ်ဆုံးအသင်းတွေရဲ့နောက်ကနေတောက်လျောက်ချိန်းခြောက်ဖိအားပေးလျက်ရှိသော်လည်းယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာဘန်လေအသင်းကိုမထင်မှတ်ဘဲရှူံးနိမ့်သွားခဲ့တာကြောင့်ထိခိုက်နစ်နာမှူအချို့ရရှိခဲ့ကာ ချန်ပီယံဆုအတွက်မြင်းကောင်းခွာလိပ်သကဲ့သို့ဖြစ်လာနေပါတယ်။

ဘန်လေအသင်းအတွက်အဖွင့်ဂိုးကို ဒုတိယပိုင်းမှာခရစ်ဝုဒ် ကသွင်းယူပေးခဲ့ပြီးအဲဒီနောက်မှာ ဟာရီကိန်းကစပါးအသင်းအတွက်ချေပဂိုးသွင်းယူပေးခဲ့ကာပွဲကိုထိနိးထားနိုင်ခဲ့သော်လည်း ဘန်လေအသင်းအတွက်အနိုင်ဂိုးကို ဘားနက်က သွင်းယူပေးခဲ့ပြီး စပါးအသင်းကိုချန်ပီယံဆုတိုက်ပွဲမှာလီဗာပူးလ်အသင်း မန်စီးတီးအသင်းတို့ကြား တုန့်ဆိုင်းအောင်ဘန်လေအသင်းကမထင်မှတ်ဘဲလုပ်နိုင်ခဲ့ပါတယ်။


လူမှုကွန်ရက်မှာတော့စပါးအသင်းကိုပရိသတ်တွေရဲ့မေတ္တာဂရုဏာဒေါသ သံတွေနဲ့ပြည့်နှံ့နေတဲ့သရော်စာဝေဖန်စာတွေအလျှံအပယ်ကိုအများအပြားတွေ့မြင်နေရပါတယ်။

"ဒါကဘာလဲဗျာ ကျွနိတော်တို့တွေဘယ်တော့မှဖလားယှဉ်လုရတယ်ဆိုတာမရှိဘူး သိပ်မကြာပါဘူး စပါးအပေါ်အသင်လက်ညိုးဝိုင်းထိုးလာကြမှာပြီးတော့ဖိအားတွေလာနေပါပြီ စပါးအသင်း ကအခက်အခဲကြားမှာ ယုံကြည်မှုတွေလိုအပ်နေတယ် အဲဒါက စိတ်မချမ်းသာစရာတကယ်ကိုကောင်းတယ်ဗျာ"

"ဘယ်တော့ပဲဖြစ်ဖြစ် ပွဲမှာတော့အကြောင်းပြချက်တွေရှိနေမှာပါ။ကျွန်တော်တို့တွေအခက်အခဲတော့ရှိမှာပဲ။အဲဒီစိတ်က ဖလားမရမခြငိးရှိနေမယ့်စိတ်မချမ်းသာဖွယ်ရာကိစ္စပါ။"

စပါးအသင်းဟာလက်ရှိအချိန်မှာ ဒုတိယနေရာက လီဗာပူးလ်အသင်းနှင့်တစ်ပွဲလျော့ ၅မှတ်ကွာဟနေလျက်ရှိနေပြီးအကယ်၍သာလီဗာပူးလ်အသင်းက ယူနိုကိတက်အသင်းကိုအနိူင်ရရှိခဲ့မည်ဆိုရင် ၈မှတ်အထိကွာဟသွားမှာဖြစ်ပါတယ်။

No comments

Powered by Blogger.