Header Ads


ခ်န္ပီယံလိပ္ဘုရင္ရိုနယ္ဒိုရဲ ့ဂ်ဴဗင္တပ္စ္တို ့မက္ဒရစ္မွာဒူးေထာက္ခဲ့ရသည္။အက္တလက္တီကို၂-၀ ဂ်ဴဗင္တပ္စ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယေန႔နံနက္ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္သလက္တီကိုမက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္အသင္းတုိ႔ရဲ႕ပြဲစဥ္မွာ အက္သလက္တီကိုမက္ဒရစ္အသင္းက ဂိုး ဂိုးမရွိနဲ႔ အႏုိင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက အႀကိတ္အနယ္ရွိခဲ့ၾကၿပီး ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မွဴး ေရာ္နယ္ဒိုက ဂ်ဴဗင္တပ္အသင္းအတြက္ အဖြင့္ဂိုး ရရွိဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အက္သလက္တီကိုမက္ဒရစ္ဂိုးသမား ေအာ့ဘလက္က လက္စြမ္းျပကာကြယ္ႏုိင္ခဲ့ပါတယ္။



အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ၂၇ မိနစ္မွာ ဒီေယဂိုေကာ္စတာကို ဒီဆစ္ဂလီယို ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပံုၾကမ္းတမ္းခဲ့ေပမယ့္ ပင္နယ္တီျပစ္ဒဏ္ေဘာကန္ခြင့္ သတ္မွတ္ေပးျခင္း မခံခဲ့ရပါဘူး။
ဒုတိယပိုင္းမွာ အိမ္ရွင္ အက္သလက္တီကိုမက္ဒရစ္အသင္းက ပိုမုိဖိအားေပးတုိက္စစ္ဆင္ကစားႏုိင္ခဲ့ၿပီး မိနစ္ ၇၀ မွာ မိုရာတာ ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ရာမွာ ခ်ီလီနီကို တြန္းထုိးခဲ့ေၾကာင္း ေတြ႕ရွိခဲ့တဲ့အတြက္ ကြင္းလယ္ဒိုင္က ဂုိးအျဖစ္ မသတ္မွတ္ေပးခဲ့ပါဘူး။



၇၈ မိနစ္မွာ ဟိုေဆးဂ်ီမီနက္ဇ္က အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးႏုိင္ခဲ့ၿပီး ၈၃ မိနစ္မွာ ဒီေယဂို ဂိုဒင္က အက္သလက္တီကိုမက္ဒရစ္အသင္း အႏုိင္ေသခ်ာေစမယ့္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။


Credit



ချန်ပီယံလိပ်ဘုရင်ရိုနယ်ဒိုရဲ့ဂျူဗင်တပ်စ်တို့မက်ဒရစ်မှာဒူးထောက်ခဲ့ရသည်။အက်တလက်တီကို၂-၀ ဂျူဗင်တပ်စ်

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုက ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုး ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်ဂိုးသမား အော့ဘလက်က လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ၂၇ မိနစ်မှာ ဒီယေဂိုကော်စတာကို ဒီဆစ်ဂလီယို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့ပေမယ့် ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့် သတ်မှတ်ပေးခြင်း မခံခဲ့ရပါဘူး။
ဒုတိယပိုင်းမှာ အိမ်ရှင် အက်သလက်တီကိုမက်ဒရစ်အသင်းက ပိုမိုဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး မိနစ် ၇၀ မှာ မိုရာတာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ရာမှာ ချီလီနီကို တွန်းထိုးခဲ့ကြောင်း တွေ့ရှိခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့ပါဘူး။

၇၈ မိနစ်မှာ ဟိုဆေးဂျီမီနက်ဇ်က အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ၈၃ မိနစ်မှာ ဒီယေဂို ဂိုဒင်က အက်သလက်တီကိုမက်ဒရစ်အသင်း အနိုင်သေချာစေမယ့် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Credit

No comments

Powered by Blogger.