Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ချဲလ်ဆီးအသင်းဟာ ဒီရာသီမျှော်လင့်ချက်များစွာနဲ့ နည်းပြသစ်ဆာရီကိုကိုင်တွယ်စေခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းနဲ့ အောင်မြင်မှုတစ်ချို့ ကိုရယူခဲ့တဲ့ အီတလီနည်းပြကြီးဟာ စတန်းဖို့ ဘရစ်ခ်ျဆီ သူ့ ရဲ ဆာရီဘောလုံးဒဿနကိုသယ်ဆောင်လာခဲ့ပြီး အောင်မြင်မှုတွေအတွက်မျှော်လင့်ချက်အားကိုးရာတစ်ဖွယ်ဖြစ်လာခဲ့ပါတယ်။
တိုက်စစ်ပိုင်းသွင်းဂိုးတွေကျဆင်းနေတဲ့ချဲလ်ဆီးတို့ တိုက်စစ်ပြဿနာကိုမဖြေရှင်းနိုင်ပါက ရာသီကုန်မှာ အဆင့်၎အတွင်းဝင်ရောက်နိုင်ဖို့ အတော်လေးခက်ခဲသွားဖွယ်ရှိနေပါတယ်။
(Unicode)
ဟီဂွာအင်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးရိုးသားပွင့်လင်းတဲ့စကားပြောကြားလိုက်တဲ့နည်းပြဆာရီ
ဟီဂွာအင်တစ်ယောက် ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့လာခြင်းဟာ သူတို့အသင်းရဲ့ဒီရာသီအားနည်းနေတဲ့နေရာကိုဖြည့်တင်းနိုင်မယ်လို့အားလုံးလိုလိုကမေ ျှာ်လင့်နေကြပါတယ်။ဒါပင်မယ့်လည်း သူ့ရဲ့ပထမဆုံးပွဲ၂ပွဲက ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။အခုချိန်မှာတော့ နည်းပြဆာရီက အဆိုပါတိုက်စစ်မှူးရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးရိုးရိုးသားသားဖွင့်ပာပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီရာသီမေ ျှာ်လင့်ချက်များစွာနဲ့နည်းပြသစ်ဆာရီကိုကိုင်တွယ်စေခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းနဲ့အောင်မြင်မှုတစ်ချို့ကိုရယူခဲ့တဲ့ အီတလီနည်းပြကြီးဟာ စတန်းဖို့ဘရစ်ချ်ဆီ သူ့ရဲ့” ဆာရီဘောလုံးဒဿန” ကိုသယ်ဆောင်လာခဲ့ပြီး အောင်မြင်မှုတွေအတွက်မေ ျှာ်လင့်ချက်အားကိုးရာတစ်ဖွယ်ဖြစ်လာခဲ့ပါတယ်။
ရာသီအစမှာ အပြာရောင်တပ်သားတို့အတွက်အစစအရာရာ အားလုံးကောင်းမွန်ခဲ့ပြီး နိုဝင်ဘာ၂၄ရက်နေ့အထိ ပရီးမီးယားလိပ်မှာ ရှုံးပွဲလုံးဝမရှိသေးပဲ မန်စီးတီး၊ လီဗာပူးလ်အသင်းတို့နဲ့အပြိုင်ကျဲနေခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း စပါးလ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကံကြမ္မာဟာတစ်နည်းတစ်ဖုံ ဒရမ်မာဆန်ဆန်ပြောင်းလဲသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ခဟူးနေ့ညက ချဲလ်ဆီးအသင်းတို့ဘုန်းမောက်အသင်းကို ၄-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အသင်းနဲ့ဂိုးကွာခြားချက်ကြောင့် အဆင့်၅နေရာကိုဆင်းပေးခဲ့ရပြီး ချန်ပီယံလိပ်တိုက်ပွဲနေရာအတွက်စိုးရိမ်စရာဖြစ်လာပါတယ်။သွင်းဂိုးတွေကျဆင်းလာခဲ့တာက နည်းပြဆာရီအတွက်အခက်တွေ့လာစေခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း သူဟာ အေစီမီလန်တိုက်စစ်မှူးဟီဂွာအင်ကို အားကိုးတကြီးခေါ်ယူခဲ့သော်လည်း ဒီတစ်ပတ်အရှက်တကွဲ ရှုံးပွဲမှာတော့ဟီဂွာအင်ကိုအကောင်းဆုံးအသုံးမချနိုင်ခဲ့ပါဘူး။
အခုချိန်မှာတော့ ဆာရီတစ်ယောက် ရိုးရိုးသားသားဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။ရီးရဲလ်၊နာပိုလီ၊ဂျုဗင်နဲ့အေစီတိုက်စစ်မှူးဟောင်းဟာ ပုံစံကောင်းမှာရှိမနေသေးဘူးလို့ပြောကြားခဲ့ပါတယ်။
” သူအကောင်းဆုံးအဖြစ်တိုးတက်လာနိုင်ပါတယ်။အခုချိန်မှာတော့ သူဟာ ပုံစံကောင်းမှာရှိမနေပါဘူး။”
နာပိုလီနည်းပြဟောင်းဟာ သူ့လက်အောက်မှာဟီဂွာအင်တစ်ယောက်ကစားနေစဉ် ဟီဂွာအင်ကို စီးရီးအေမှာ တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးကစားသမားဖြစ်လာစေခဲ့ပါတယ်။ဒါပင်မယ့်နောက်ကျောဒဏ်ရာက ဒီတိုက်စစ်မှူးရဲ့လက်ရှိအခြေအနေအတွက် အပြစ်တင်စရာအကြောင်းဖြစ်နေတယ်လို့ဆာရီက ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။
” သူဟာ အပြောင်းအရွှေ့ဆိုင်ရာရိုက်ခတ်မှုဒဏ်နဲ့နောက်ကျောဒဏ်ရာတွေကြား အနည်းငယ်ပဲကစားနိုင်ခဲ့ပါတယ်။လာမယ့်အပတ်တွေဟာ သူအကောင်းဆုံးဖြစ်လာပါလိမ့်မယ်။”  
နောက်ထပ်စိုးရိမ်စရာအခြေအနေတစ်ခုက အာဂျင်တီးနားတိုက်စစ်မှူးဟာ ကြံခိုင်မှုပြဿနာနဲ့အချိန်အတော်ကြာရင်ဆိုင်နေရတာဖြစ်ပြီး ပရိတ်သတ်တွေကတော့ ဟီဂွာအင်ကို ဒဏ်ရာပြဿနာတွေကြားနစ်မွန်းမသွားစေဖို့လိုလားနေပါတယ်။
နည်းပြဆာရီဟာ အင်ဒီဟာဇက်နဲ့မိုရာတာတို့ကိုတိုက်စစ်မြှားဦးမှာထည့်သုံးဖို့ဖိအားပေးခံနေရသော်လည်းချဲလ်ဆီးကလပ်ကတော့ ဟီဂွာအင်ကို တစ်ဇွတ်ထိုးခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်းမိုရာတာတစ်ယောက် အက်တလက်တီကိုမက်ဒရစ်အသင်းဆီအငှားပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
အသက်၃၁ နှစ်အရွယ် ဟီဂွာအင်ဟာ အေစီမီလန်အသင်းနဲ့အငှားအဖြစ်လာရောက်ခဲ့တာဖြစ်ပြီး ရာသီကုန်မှာအပြီးသတ်ဝယ်ယူနိုင်ခွင့်ချဲလ်ဆီးအသင်းမှာ အခွင့်အရေးရှိနေပါတယ်။
တိုက်စစ်ပိုင်းသွင်းဂိုးတွေကျဆင်းနေတဲ့ချဲလ်ဆီးတို့တိုက်စစ်ပြဿနာကိုမဖြေရှင်းနိုင်ပါက ရာသီကုန်မှာ အဆင့်၄အတွင်းဝင်ရောက်နိုင်ဖို့အတော်လေးခက်ခဲသွားဖွယ်ရှိနေပါတယ်။
No comments
Powered by Blogger.