အသက္၂၇ ႏွစ္အရြယ္ခ်င္းနိႈင္းယွဥ္ခ်က္အရ စီေရာ္နယ္ဒိုထက္စြမ္းေဆာင္ရည္ပိုေကာင္းတဲ့ ေနမာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လက္ရွိကမာၻ႔ေဘာလုံးေလာကရဲ႕အေကာင္းဆုံးကစားသမားေတြအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မႈးေနမာတို႔ဟာ ေမြးေန႔တူကစားသမားေတြဆုိတာ အားလုံးလည္း သိၾကၿပီးသားျဖစ္မွာပါ။ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီ ၅ ရက္ေန႔မွာ ေနမာက အသက္ ၂၇ ႏွစ္ျပည့္ခဲ့ၿပီး စီေရာ္နယ္ဒိုကေတာ့ ၃၄ ႏွစ္ျပည့္ခဲ့ကာ သူတို႔ၾကား ၇ ႏွစ္ကြာဟတာကိုေတြ ့ရပါတယ္။
ႏွစ္ေယာက္စလုံးက ဆုဖလားေအာင္ျမင္မႈေတြ၊တစ္ဦးခ်င္းစြမ္းေဆာင္ႏိုင္မႈေတြနဲ႔ျပည့္စံုခဲ့တဲ့ကစားသမားဘ၀ကို ျဖတ္သန္းလာခဲ့ၾကတာျဖစ္ၿပီး ေနမာကိုဆုိရင္ တစ္ခ်ိန္မွာ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ရဲ႕ကမာၻ႔အေကာင္းဆုံးဂုဏ္ပုဒ္ကို လႊဲေျပာင္းရယူႏိုင္မယ့္သူအျဖစ္ အေတာ္မ်ားမ်ားက လက္ခံေမွ်ာ္လင့္ထားၾကပါတယ္။
တစ္ဆက္တည္းမွာပဲ ေမြးေန႔တူကစားသမားႏွစ္ေယာက္ၾကား ႏႈိင္းယွဥ္မႈေတြရွိလာၿပီး အဲဒီထဲမွာမွပိုစိတ္၀င္စားစရာေကာင္းတာကေတာ့ ၂၇ ႏွစ္အရြယ္မွာ စီေရာ္နယ္ဒိုနဲ႔ ေနမာ ဘယ္သူပိုေကာင္းလဲဆုိတာပါပဲ။
အဲဒီလုိယွဥ္ၾကည့္လိုက္ေတာ့ ေနမာက စီေရာ္နယ္ဒိုထက္ ဂိုးပိုသြင္း၊ ဂိုးဖန္တီးမႈပိုမ်ား၊ ဆုဖလားေအာင္ျမင္မႈပိုမ်ားေနတာ ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ ၾသဂုတ္လက ဘာစီလုိနာကေန ပီအက္စ္ဂ်ီကို ေပါင္ ၁၉၈ သန္းနဲ႔အေျပာင္းအေရႊ႕ေၾကာင့္ ေနမာဟာ လက္ရွိကမာၻ႔တန္ေၾကးအႀကီးဆုံးကစားသမားလညး္ ျဖစ္ေနပါတယ္။
သူဟာ စပိန္၊ျပင္သစ္နဲ႔ေမြးရပ္ေျမဘရာဇီးတို႔မွာ ခ်န္ပီယံလိဂ္နဲ႔ ဖီဖာကလပ္ကမာၻ႔ဖလား ၂ ႀကိမ္အပါအ၀င္ ဆုဖလားေပါင္း ၁၉ ခုရယူႏိုင္ခဲ့တာပါ။ ဒ့ါအျပင္ အသက္ ၂၇ ႏွစ္မျပည့္ခင္မွာလည္း ေနမာဟာ ကစားသမားဘ၀မွာ ၄၆၉ ပြဲကစားၿပီး ၂၈၃ ဂိုးသြင္းကာ ဂိုးဖန္တီးမႈခ်ည္း ၁၇၈ ႀကိမ္ျပဳလုပ္ထားပါတယ္။ စီေရာ္နယ္ဒိုကေတာ့ အဲဒီအခ်ိန္မွာ ဆုဖလားေအာင္ျမင္မႈဆုိလုိ႔ ၁၀ ႀကိမ္သာရွိၿပီး စုစုေပါင္း ၅၃၂ ပြဲမွာ ၂၇၂ ဂိုးသြင္းကာ ၁၀၇ ႀကိမ္ဂိုးဖန္တီးခဲ့ပါတယ္။
ဒါေပမဲ့ စီေရာ္နယ္ဒိုဟာ အသက္ ၂၇ ႏွစ္မျပည့္ခင္မွာပဲ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုတစ္ႀကိမ္ရရွိၿပီးသားျဖစ္ေနလုိ႔ အဲဒီေနရာမွာေတာ့ ေနမာလုံး၀ယွဥ္လို႔မရပါဘူး။ လက္ရွိမွာလည္း ၃၄ ႏွစ္အရြယ္ေရာက္ေနၿပီျဖစ္ေပမယ့္ စီေရာ္နယ္ဒိုဟာ ႏိုင္ငံမွာေရာ ကလပ္မွာပါ အေကာင္းဆုံးေျခစြမ္းျပႏိိုင္ေနတာပါ။
၂၇ ႏွစ္အရြယ္ခ်င္းယွဥ္ရင္ မွတ္တမ္းမွတ္ရာေတြအရ ေနမာသာေပမယ့္ ကမာၻ႔အေကာင္းဆုံးကစားသမားဆုိတဲ့ဂုဏ္ပုဒ္ကုိေတာ့ သူမရေသးဘဲ စီေရာ္နယ္ဒိုကေတာ့ အဲဒီအရြယ္မွာ ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ႏွင့္ေနပါၿပီ။
Credit to OSJ
(Unicode)
အသက်၂၇ နှစ်အရွယ်ချင်းနှိုင်းယှဉ်ချက်အရ စီရော်နယ်ဒိုထက်စွမ်းဆောင်ရည်ပိုကောင်းတဲ့ နေမာ
လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုနဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးနေမာတို့ဟာ မွေးနေ့တူကစားသမားတွေဆိုတာ အားလုံးလည်း သိကြပြီးသားဖြစ်မှာပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ ရက်နေ့မှာ နေမာက အသက် ၂၇ နှစ်ပြည့်ခဲ့ပြီး စီရော်နယ်ဒိုကတော့ ၃၄ နှစ်ပြည့်ခဲ့ကာ သူတို့ကြား ၇ နှစ်ကွာဟတာကိုတွေ့ရပါတယ်။
နှစ်ယောက်စလုံးက ဆုဖလားအောင်မြင်မှုတွေ၊တစ်ဦးချင်းစွမ်းဆောင်နိုင်မှုတွေနဲ့ပြည့်စုံခဲ့တဲ့ကစားသမားဘဝကို ဖြတ်သန်းလာခဲ့ကြတာဖြစ်ပြီး နေမာကိုဆိုရင် တစ်ချိန်မှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ကမ္ဘာ့အကောင်းဆုံးဂုဏ်ပုဒ်ကို လွှဲပြောင်းရယူနိုင်မယ့်သူအဖြစ် အတော်များများက လက်ခံမျှော်လင့်ထားကြပါတယ်။
တစ်ဆက်တည်းမှာပဲ မွေးနေ့တူကစားသမားနှစ်ယောက်ကြား နှိုင်းယှဉ်မှုတွေရှိလာပြီး အဲဒီထဲမှာမှပိုစိတ်ဝင်စားစရာကောင်းတာကတော့ ၂၇ နှစ်အရွယ်မှာ စီရော်နယ်ဒိုနဲ့ နေမာ ဘယ်သူပိုကောင်းလဲဆိုတာပါပဲ။
အဲဒီလိုယှဉ်ကြည့်လိုက်တော့ နေမာက စီရော်နယ်ဒိုထက် ဂိုးပိုသွင်း၊ ဂိုးဖန်တီးမှုပိုများ၊ ဆုဖလားအောင်မြင်မှုပိုများနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပေါင် ၁၉၈ သန်းနဲ့အပြောင်းအရွှေ့ကြောင့် နေမာဟာ လက်ရှိကမ္ဘာ့တန်ကြေးအကြီးဆုံးကစားသမားလည်း ဖြစ်နေပါတယ်။
သူဟာ စပိန်၊ပြင်သစ်နဲ့မွေးရပ်မြေဘရာဇီးတို့မှာ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၉ ခုရယူနိုင်ခဲ့တာပါ။ ဒ့ါအပြင် အသက် ၂၇ နှစ်မပြည့်ခင်မှာလည်း နေမာဟာ ကစားသမားဘဝမှာ ၄၆၉ ပွဲကစားပြီး ၂၈၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှုချည်း ၁၇၈ ကြိမ်ပြုလုပ်ထားပါတယ်။ စီရော်နယ်ဒိုကတော့ အဲဒီအချိန်မှာ ဆုဖလားအောင်မြင်မှုဆိုလို့ ၁၀ ကြိမ်သာရှိပြီး စုစုပေါင်း ၅၃၂ ပွဲမှာ ၂၇၂ ဂိုးသွင်းကာ ၁၀၇ ကြိမ်ဂိုးဖန်တီးခဲ့ပါတယ်။
ဒါပေမဲ့ စီရော်နယ်ဒိုဟာ အသက် ၂၇ နှစ်မပြည့်ခင်မှာပဲ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုတစ်ကြိမ်ရရှိပြီးသားဖြစ်နေလို့ အဲဒီနေရာမှာတော့ နေမာလုံးဝယှဉ်လို့မရပါဘူး။ လက်ရှိမှာလည်း ၃၄ နှစ်အရွယ်ရောက်နေပြီဖြစ်ပေမယ့် စီရော်နယ်ဒိုဟာ နိုင်ငံမှာရော ကလပ်မှာပါ အကောင်းဆုံးခြေစွမ်းပြနိုင်နေတာပါ။
၂၇ နှစ်အရွယ်ချင်းယှဉ်ရင် မှတ်တမ်းမှတ်ရာတွေအရ နေမာသာပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကိုတော့ သူမရသေးဘဲ စီရော်နယ်ဒိုကတော့ အဲဒီအရွယ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နှင့်နေပါပြီ။
Credit to OSJ
Post a Comment