Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဖိအားတွေအပြည့်အထုတ်ကြီးတစ်ထုပ်ကိုသယ်ထားနေရတဲ့ချဲလ်ဆီးနည်းပြဆာရီ
ဒီလအတွင်း ဘုန်းမောက်,မန်စီးတီး,မန်ယူတို့ကိုဆက်တိုက်ဆိုသလိုရှုံးနိမ့်ခဲ့တာကြောင့် ဆာရီတစ်ယောက်ဖိအားတွေအောက်ရောက်နေပြီးမယ်မိုနဲ့ပွဲမှာ ကသိကအောင့်ဖြစ်နေတဲ့ မျက်နှာကို အရှင်းသားမြင်တွေ့ခဲ့ရပါတယ်။
ချယ်ဆီးရဲ့ရာသီအစရည်ရွယ်ချက်ကမန်စီးတီး,ချယ်ဆီးတို့နဲ့ အပြိုင် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့ပါ။နိုဝင်ဘာလထိရှုံးပွဲမရှိသေးတဲ့ဆာရီရဲ့ချယ်ဆီးကို အခုလိုအမှတ်ပေးဇယားအဆင့်ခြောက်နေရာမှာမြင်တွေ့ရလိမ့်မယ် အရင်ကဘယ်သူမှထင်ထားမှာမဟုတ်ပါဘူး။ဆာရီရဲ့ကြမ္မာဆိုးတွေထဲ နှစ်သစ်ကစပြီး အလုံးအရင်းရောက်လာတာပါ။အထူးသဖြင့်ဖေဖေါ်ဝါရီလထဲမှာ ဘုန်းမောက်ကို 4-0,မန်စီးတီးကို 6-0နဲ့အရှက်တကွဲရှုံးခဲ့ရုံမကမန်ယူကိုရှုံးပြီး FAဖလားပါလက်လွှတ်လိုက်ရချိန်မှာတော့ နည်းပြထိုင်ခုံနေရာလှုပ်ခတ်လာပါတော့တယ်။
ဆာရီကိုယ်တိုင်လည်းနည်းစနစ်ပိုင်းတသမတ်ထဲနိုင်လွန်းတာကြောင့်ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်နေရပါတယ်။ပိုဆိုးတာက လူစားလဲမှုတွေပါ ပွဲတိုင်းဒီအတိုင်းဖြစ်နေပြီး ပြိုင်ဘက်တွေခန့်မှန်းစရာမလိုလောက်အောင်ပါပဲ။ဆာရီဟာပွဲအလှည့်အပြောင်းလုပ်နိုင်စွမ်းအားနည်းပြီး ဟန်ဆန်အိုဒွိုင်းတို့လိုခြေစွမ်းခြေစရှိတဲ့လူငယ်တွေကို နေရာပေးသင့်သလောက်မပေးရဲဘူး။
စိတ်ပျက်စရာတွေပြည့်နေတဲ့ အပြာရောင်ဘက်ခြမ်းမှာ မနေ့ညက မယ်မိုအသင်းကို ဂိုးပြတ်နိုင်ခဲ့တာကတော့ကျေနပ်စရာပါပဲ။ချယ်ဆီးလိုအသင်းမျိုးအနေနဲ့ ယူရိုပါလိဂ်၃၂သင်းရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာ အောင်ပွဲခံစရာမဟုတ်ပဲအဓိက က ဒီနိုင်ပွဲကနေ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ပဲ။ဒီပွဲပထမပိုင်းမှာလည်း မယ်မိုကတောင်ဖိဖိစီးစီးနဲ့ဂိုးကန်သွင်းခွင့်ပိုရခဲ့ပါသေးတယ်။ဆာရီဖြစ်နေပုံကလည်း ကွင်းဘေးကအော်ဟစ်ညွှန်ကြားနေပေမယ့် အထုတ်ကြီးတစ်ထုပ်သယ်ထားရတဲ့အတိုင်း။ဒီအထုပ်ထဲမှာ ရှက်ပွဲရှုံးပွဲတွေ ,ဖိအားတွေပြည့်နေပြီး ဆာရီအနေနဲ့ ညဘက်တွေတောင်ကောင်းကောင်းအိပ်နိုင်ပါ့မလားပဲ။
ဒုတိယပိုင်းဂျီရော့အဖွင့်ဂိုးသွင်းလိုက်ချိန်မှသာ ချယ်ဆီးအသင်းစိတ်အေးလက်အေးဖြစ်သွားပုံနဲ့ တည်တည်ငြိမ်ငြိမ်ကစားလာနိုင်တာပါ။ဂိုးပြတ်နိုင်ပွဲကြောင့်အနည်းငယ်အသက်ရူရှောင်စရာရှိပေမယ့် တနင်္ဂနွေနေ့မှာစိန်ခေါ်မှုကြီးတစ်ရပ်နဲ့ရင်ဆိုင်ရအုံးမှာပါ။ကာရာဘောင်ဖလားဖိုင်နယ်မှာ မန်စီးတီးကိုရှုံးခဲ့ရင် ဆာရီအနာဂတ်ကစိုးရိမ်စရာပါပဲ။ဆာရီတစ်ယောက်လက်ရှိရင်ဆိုင်နေရာတဲ့ ငရဲခန်းကို ဖြတ်ကျော်ပြီး ချယ်ဆီးကို ရလဒ်ကောင်းတွေနဲ့နေရာမှန်ပြန်ပို့ပေးဖို့ အာမခံရမယ့်အချိန်ရောက်လာပါပြီ။လောင်းကြေးကတော့ နည်းပြရာထူးဖြစ်မှာပါ။
Post a Comment