Header Ads


နည္းျပဆာရီနဲ ့ပတ္သတ္ၿပီးကီပါရဲ ့ေျဖရွင္းခ်က္ကဘာျဖစ္မလဲ?


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကာရာေဘာင္ဖလားဖိုင္နယ္မွာ နည္းျပဆာရီက္ိုအျကီးအက်ယ္ေပါက္ကြဲေအာင္လုပ္ခဲ့တဲ့ကီပါကေတာ့  အထင္လြဲမႈေတြကိုျပန္လည္ရွင္းလင္းခဲ့ပါတယ္။အခ်ိန္ပိုေနာက္ဆံုးမိနစ္မွာ ကီပါဒဏ္ရာရေနတယ္ထင္ျပီးဒုတိယဂိုးသမားကာဘယ္လာရို နဲ႔ လူစားလဲဖို႔ဆာရီကညႊန္ျကားခဲ့ပါတယ္။ကာဘယ္လာရိုကြင္းထဲဝင္ဖို႕ အသင့္ျဖစ္ေနခ်ိန္မွာ ကီပါက မန္ေနဂ်ာရဲ႕ဆံုးျဖတ္ခ်က္ကို လိုက္နာမႈမရွိခဲ့ပဲ ကြင္းျပင္ထြက္ဖို႔ျငင္းဆန္ခဲ့တာပါ။

ဒီအေျခအေနနဲ႔ပတ္သတ္ျပီး ကီပါက ျပန္လည္ရွင္းျပခဲ့ပါတယ္။

  

ကီပါက''ပထမဆံုးအေနနဲ႔ ဒီပြဲအရံႈးေျကာင့္ ဝမ္းနည္းမိတယ္လို႔ေျပာခ်င္ပါတယ္။က်ေနာ္ရည္ရြယ္ခ်က္က နည္းျပနဲ႔ သူ႔ရဲ႕ဆံုးျဖတ္ခ်က္ေတြကို မလိုက္နာလိုတာမဟုတ္ပါဘူး။ပြဲခ်ိန္ေနာက္ဆံုးမိနစ္မွာျဖစ္ခဲ့တာေတြနဲ႔ပတ္သတ္တဲ့အရာအားလံုးက နားလည္မႈလြဲခဲ့တာလို႔ပဲက်ေနာ္ေခါင္းစဥ္တပ္ခ်င္ပါတယ္။ဒဏ္ရာေျကာင့္ က်ေနာ္ဆက္ကစားနိုင္တဲ့အေျခအေနမွာမရွိဘူးလို႔ နည္းျပကထင္ခဲ့တာပါ။က်ေနာ္က ျပႆနာမရွိဘူး။ကြင္းထဲမွာေနျပီးအသင္းကိုဆက္ကူညီနိုင္ေသးတယ္ဆိုတာေဖာ္ျပဖို႔ျကိဳးစားခဲ့တာပါ။အရန္ခံုတန္းကေနလာေရာက္ကုသတဲ့ဆရာဝန္ကလည္း ဆက္ကစားနိုင္တယ္လို႔မွတ္ခ်က္ေပးခဲ့တာပဲ။ကြင္းထဲမွာျဖစ္ခဲ့တဲ့က်ေနာ့္လုပ္ပံုေတြက ခင္ဗ်ားတို႔ထင္သလိုမ်ိဳး ရည္ရြယ္ခဲ့တာမဟုတ္ပါဘူး။နည္းျပဆာရီရဲ႕လုပ္ပိုင္ခြင့္အေပၚက်ေနာ့္မွာေလးစားမႈအျပည့္ရွိပါတယ္''လို႔ရွင္းလင္းသြားခဲ့ပါတယ္။



ခ်ယ္လ္ဆီးအခ်စ္ေတာ္ေဟာင္း ဂြ်န္တယ္ရီကလည္း ကီပါရဲ႕ ေလးစားမႈကင္းမဲ့တဲ့အျပဳအမူကို ေဝဖန္သြားခဲ့ပါတယ္။ဒါေပမယ့္  ဆာရီကိုယ္တိုင္ကေတာ့နားလည္မႈျကီး ျကီးမားမားလြဲခဲ့တာျဖစ္ေျကာင္း ေျပာခဲ့ပါတယ္။ဘာပဲျဖစ္ျဖစ္ ခ်ယ္ဆီးအသင္းအေနနဲ႔ဒီရာသီပထမဆံုးဖလားကိုင္ေျမာက္နိုင္မယ့္အခြင့္အေရးကို မန္စီးတီးအသင္းဆီေပးလိုက္ရျပီျဖစ္ပါတယ္။ကီပါရဲ ့ ျပႆနာကလည္း ကမာၻ ့ေဘာလံုးပရိတ္သတ္ေတြကိုshockျဖစ္ေစမွာပါ။

နည္းျပေတြရဲ႕ျသဇာက်ဆင္းလာျပီး အသင္းအေပၚကစားသမားေတြရဲ႕လႊမ္းမိုးမႈပိုျကီးလာတဲ့ဆိုတဲ့အသံေတြလည္းပိုဆူညံလာပါတယ္။အရင္ကဆို  ကစားသမားတစ္ေယာက္ဒီလိုလုပ္ခဲ့ရင္ ေခ်ာင္ထိုးခံရမွာအေသအခ်ာပါပဲ။ဘယ္ေလာက္ပဲနားလည္မႈလြဲတယ္ေျပာေျပာ ကြင္းျပင္ထြက္မလာလို႔ဆာရီေပါက္ကြဲေနတာ ကီပါမျမင္ပဲေနမလား။ဆာရီကိုယ္တိုင္ကေရာ နားလည္မႈလြဲခဲ့တာလို႔သတင္းစာရွင္းလင္းပြဲမွာေျပာခဲ့တယ္တဲ့လား။ေမာ္ဒန္ေဘာလံုးေလာကမွာနည္းျပေတြရဲ႕ပါဝါကို ကစားသမားေတြဝင္ယူဖို႔ျကိဳးစားေနျပီလား။ေမးခြန္းမ်ားစြာရွိေနပါတယ္။နည္းျပရဲ႕ဆံုးျဖတ္ခ်က္ကိုျငင္းပယ္ခဲ့တာကေတာ့ ကီပါရဲ႕ေလးစားမႈကင္းမဲ့တဲ့,proမပီသတဲ့ လုပ္ရပ္ပါ။


ဒါေျကာင့္ဆာရီေသခ်ာေပါက္ရွာရမယ့္အေျဖက ဒီကိစၥကိုဘယ္လိုကိုင္တြယ္သြားမလဲဆိုတာပါပဲ။

(Unicode)

နည်းပြဆာရီနဲ့ပတ်သတ်ပြီးကီပါရဲ့ဖြေရှင်းချက်ကဘာဖြစ်မလဲ?

ကာရာဘောင်ဖလားဖိုင်နယ်မှာ နည်းပြဆာရီကိုအကြီးအကျယ်ပေါက်ကွဲအောင်လုပ်ခဲ့တဲ့ကီပါကတော့  အထင်လွဲမှုတွေကိုပြန်လည်ရှင်းလင်းခဲ့ပါတယ်။အချိန်ပိုနောက်ဆုံးမိနစ်မှာ ကီပါဒဏ်ရာရနေတယ်ထင်ပြီးဒုတိယဂိုးသမားကာဘယ်လာရို နဲ့ လူစားလဲဖို့ဆာရီကညွှန်ကြားခဲ့ပါတယ်။ကာဘယ်လာရိုကွင်းထဲဝင်ဖို့ အသင့်ဖြစ်နေချိန်မှာ ကီပါက မန်နေဂျာရဲ့ဆုံးဖြတ်ချက်ကို လိုက်နာမှုမရှိခဲ့ပဲ ကွင်းပြင်ထွက်ဖို့ငြင်းဆန်ခဲ့တာပါ။

ဒီအခြေအနေနဲ့ပတ်သတ်ပြီး ကီပါက ပြန်လည်ရှင်းပြခဲ့ပါတယ်။

ကီပါက''ပထမဆုံးအနေနဲ့ ဒီပွဲအရှုံးကြောင့် ဝမ်းနည်းမိတယ်လို့ပြောချင်ပါတယ်။ကျနော်ရည်ရွယ်ချက်က နည်းပြနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို မလိုက်နာလိုတာမဟုတ်ပါဘူး။ပွဲချိန်နောက်ဆုံးမိနစ်မှာဖြစ်ခဲ့တာတွေနဲ့ပတ်သတ်တဲ့အရာအားလုံးက နားလည်မှုလွဲခဲ့တာလို့ပဲကျနော်ခေါင်းစဉ်တပ်ချင်ပါတယ်။ဒဏ်ရာကြောင့် ကျနော်ဆက်ကစားနိုင်တဲ့အခြေအနေမှာမရှိဘူးလို့ နည်းပြကထင်ခဲ့တာပါ။ကျနော်က ပြဿနာမရှိဘူး။ကွင်းထဲမှာနေပြီးအသင်းကိုဆက်ကူညီနိုင်သေးတယ်ဆိုတာဖော်ပြဖို့ကြိုးစားခဲ့တာပါ။အရန်ခုံတန်းကနေလာရောက်ကုသတဲ့ဆရာဝန်ကလည်း ဆက်ကစားနိုင်တယ်လို့မှတ်ချက်ပေးခဲ့တာပဲ။ကွင်းထဲမှာဖြစ်ခဲ့တဲ့ကျနော့်လုပ်ပုံတွေက ခင်ဗျားတို့ထင်သလိုမျိုး ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။နည်းပြဆာရီရဲ့လုပ်ပိုင်ခွင့်အပေါ်ကျနော့်မှာလေးစားမှုအပြည့်ရှိပါတယ်''လို့ရှင်းလင်းသွားခဲ့ပါတယ်။

ချယ်လ်ဆီးအချစ်တော်ဟောင်း ဂျွန်တယ်ရီကလည်း ကီပါရဲ့ လေးစားမှုကင်းမဲ့တဲ့အပြုအမူကို ဝေဖန်သွားခဲ့ပါတယ်။ဒါပေမယ့်  ဆာရီကိုယ်တိုင်ကတော့နားလည်မှုကြီး ကြီးမားမားလွဲခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ချယ်ဆီးအသင်းအနေနဲ့ဒီရာသီပထမဆုံးဖလားကိုင်မြောက်နိုင်မယ့်အခွင့်အရေးကို မန်စီးတီးအသင်းဆီပေးလိုက်ရပြီဖြစ်ပါတယ်။ကီပါရဲ့ပ္စြဿနာကလည်း ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေကိုshockဖြစ်စေမှာပါ။

နည်းပြတွေရဲ့သြဇာကျဆင်းလာပြီး အသင်းအပေါ်ကစားသမားတွေရဲ့လွှမ်းမိုးမှုပိုကြီးလာတဲ့ဆိုတဲ့အသံတွေလည်းပိုဆူညံလာပါတယ်။အရင်ကဆို  ကစားသမားတစ်ယောက်ဒီလိုလုပ်ခဲ့ရင် ချောင်ထိုးခံရမှာအသေအချာပါပဲ။ဘယ်လောက်ပဲနားလည်မှုလွဲတယ်ပြောပြော ကွင်းပြင်ထွက်မလာလို့ဆာရီပေါက်ကွဲနေတာ ကီပါမမြင်ပဲနေမလား။ဆာရီကိုယ်တိုင်ကရော နားလည်မှုလွဲခဲ့တာလို့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တယ်တဲ့လား။မော်ဒန်ဘောလုံးလောကမှာနည်းပြတွေရဲ့ပါဝါကို ကစားသမားတွေဝင်ယူဖို့ကြိုးစားနေပြီလား။မေးခွန်းများစွာရှိနေပါတယ်။နည်းပြရဲ့ဆုံးဖြတ်ချက်ကိုငြင်းပယ်ခဲ့တာကတော့ ကီပါရဲ့လေးစားမှုကင်းမဲ့တဲ့,proမပီသတဲ့ လုပ်ရပ်ပါ။

ဒါကြောင့်ဆာရီသေချာပေါက်ရှာရမယ့်အဖြေက ဒီကိစ္စကိုဘယ်လိုကိုင်တွယ်သွားမလဲဆိုတာပါပဲ။

No comments

Powered by Blogger.