Header Ads





















(Unicode)



၄၅နှစ်အတွင်းလီဂူး၁မှာဂိုး၅၀သွင်းနိုင်တဲ့အငယ်ဆုံးကစားသမားဖြစ်လာတဲ့အမ်ဘာပေး


PSGအသင်းရဲ့လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမားအမ်ဘာပေးဟာPSGအသင်းနှင့်အတူနိမ့်စ်အသင်းကိုယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပြင်သစ်လီဂူးလိဂ်မှာဂိုး ၅၀သွင်းယူနိုင်တဲ့လူငယ်စာရင်းမှာအစောဆုံးအမြန်ဆုံးကစားသမားတစ်ဦးအဖြစ်မှတ်တမ်းသွင်းဂုဏ်ပြုခံရပါတယ်။ပြင်သစ်လိဂ် လီဂူး ၁မှာ အဆိုပါစံချိန်ကတော့ဖြင့် ၄၅နှစ်အတွင်းအမြင့်ဆုံးစံချိန်လည်းဖြစ်ပါတယ်။အမ်ဘာပေးကျော်ဖြတ်ခဲ့တဲ့ ယခင်စံချိန်ရှင်များဖြစ်ကြတဲ့ ဆိုးချော့အသင်းနှင့်Toulouseအသင်းတို့ကစားသမား stopyra က အသက်၂၁နှစ်အရွယ် ၁၉၈၂ဒီဇင်ဘာလ မှာ ဂိုး၅၀စံချိန်ကိုရရှိခဲ့ပါတယ်။ 

နောက်တစ်ယောက်ကတော့ ဆစ်စီ ဖြစ်ပြီး အသက်၂၂နှစ်အရွယ်၂၀၀၃ခုနှစ် အောက်တိုဘာလ အဆိုပါစံချိန်ကိုရရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမ်ဘာပေးကတော့ အဆိုပါစံချိန်တွေကို အသက်၂၀ နှင့် ၂လ ၃ရက်အတွင်းမှာ PSGအသင်းနှင့်ရာသီအနည်းငယ်အတွင်းကျော်ဖြတ်ရရှိနိုင်ခဲ့ပါတယ်။

ဒီလအတွင်းမှာ အသက်၂၀အရွယ်ပြင်သစ်တိုက်စစ်မှုးအမ်ဘာပေးဟာ ရိုနယ်ဒိုလူးစဝစ်နာဇာရီယိုရဲ့ချန်ပီယံလိဂ်ဂိုး မှတ်တမ်းကို တူညီအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ယခုလအတွင်းမှာယှဉ်ပြိုင်ကစားခဲတဲ့ မောင့်ပယ်လီယာအသင်းနှင့်ပွဲစဉ်ထူးခြားသွက်လက်ပြီး ကစားဟန်ပန်တွေကိုပြသနိုင်ခဲ့ပါတယ်။

PSGအသင်းဥက္ကဋ္ဌ နာဆာအလ်ခီလိုင်ဖီ က သူရဲ့အသည်းကျော်ကစားသမားနှစ်ဦးဖြစ်ကြတဲ့နေမာနှင့်အမ်ဘာပေးနှစ်ဦးစလုံးဟာ ယခုနှစ်နွေရာသီအပြောင်းအရွေ့ရာသီမှာအသင်းကထွက်ခွာဖို့မရှိတဲ့ရာခိုင်နှုနိးက ၂၀၀၀ရာခိုင်နှုန်း လို့ပြောကြားလိုက်ပြီး PSGကြယ်ပွင့်နှစ်ယောက်ယခုနှစ်ရာသီမှာထွက်ခွာဖို့မရှိဘဲ ပဲရစ်မြေမှာဆက်ရှိမည့်လို့ဆိုလိုက်ပါတယ်။


"သတင်းဌာနတော်တော်များများက အမ်ဘာပေး သို့မဟုတ် နေမာ နှစ်ဦးထဲကတစ်ဦးကိုအသင်းကရောင်းချမယ်လို့ပြောနေကြတယ်ဗျ အထူးသဖြင့် ပြင်သစ်သတင်းစာတွေကပိုဆိုးတယ်"

"ကျွန်တော် အားလုံးကိုဒီကိစ္စ အတည်ပြုချင်တာက အမ်ဘက်ပီရော နေမာ ပါ ဒီမှာပဲဆက်ရှိပါလိမ့်မယ်"

အမ်ဘာပေး ဟာ သူရဲ့ပြင်သစ်လိဂ် လီဂူး၁မှာကစားထားတဲ့မှတ်တမ်းမှတ်ရာတွေကတော့ ပွဲပေါင်း ၈၈ပွဲမှာ ဂိုး ၅၀ သွင်းယူထားပြီး ၂၃ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပေးထားပါတယ်။

No comments

Powered by Blogger.