Header Ads


ဖီးလ္ဂ်ံဳးဟာ ဗန္ဒိုက္စ္ထက္ပိုေကာင္းတဲ့ကစားသမားတစ္ေယာက္ပါ။//နီမန္ဂ်ာဗီဒစ္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
နီမန္ဂ်ာဗီဒစ္တစ္ေယာက္ဟာ မန္ခ်က္စတာယူနိုက္တက္နဲ ့လီဗာပူးလ္တို ့ရဲ ့ထိပ္တိုက္ေတြ ့ဆံုမႈပြဲစဥ္ေတြမွာ ထင္ရွားခဲ့တဲ့ယူနိုက္တက္ကစားသမားေဟာင္းတစ္ဦးပါ။သူဟာ ၂သင္းၾကား ခံစစ္ပိုင္းနဲ ့ပတ္သတ္ၿပီး အံၾသင့္စရာစကားေျပာၾကားခဲ့ပါတယ္။

နီမန္ဂ်ာဗီဒစ္ဟာ ကစားသမားဘ၀ ကမာၻ ့အေကာင္းဆံုးေနာက္ခံလူတစ္ေယာက္ျဖစ္ခဲ့တဲ့အခ်ိန္ေတြရိွခဲ့ပါတယ္။ဆာဘီယာေနာက္ခံလူဟာ ယူနိုက္တက္မွာ အသင္းေဖာ္ရီယိုဖာဒီနန္နဲ့အတူ အသင္းရဲ ့ေနာက္တန္းမွာ ေက်ာက္ေဆာင္တစ္ဖြယ္နားလည္မႈရိွစြာမားမားမတ္မတ္အစြမ္းကုန္ကစားခဲ့ၾကပါတယ္။

ဗီဒစ္ရဲ ့ယူနိုက္တက္ကစားသမားဘ၀ လီဗာပူးလ္အသင္းနဲ ့ေတြ ့ဆံုကစားခဲ့စဥ္မွာေတာ့ ေျခစြမ္းမျပနိုင္ခဲ့တာေတြကိုေတြ ့ရပါတယ္။အထူးသျဖင့္ အဆိုပါကာလတုန္းက လီဗာပူးလ္အသင္းရဲ ့တိုက္စစ္မွဴးဖာနန္ဒိုေတာရက္စ္ကိုမထိန္းခ်ဳပ္နိုင္ခဲ့ပဲ သြင္းဂိုးေတြခြင့္ျပဳခဲ့ရတဲ့ဗီဒစ္အတြက္ေတာ့ လီဗာပူးလ္နဲ ့ယူနိုက္တက္တို ့ေတြ ့ဆံုတဲ့ပြဲတိုင္းသူ ့အတြက္အမွတ္ရစရာျဖစ္ေနမွာပါ။



မနက္ဖန္တနဂၤေႏြေန ့မွာ မဟာၿပိဳင္ဘက္၂သင္းျဖစ္တဲ့ ယူနိုုက္တက္နဲ ့လီဗာပူးလ္တို ့ဟာတစ္ဖန္ျပန္ေတြ ့ဆံုေနပါတယ္။အခုခ်ိန္မွာေတာ့ အဆိုပါ ၂သင္းေတြ ့ဆံုတဲ့အခ်ိန္မွာ ဗီဒစ္ေရာ၊ေတာရက္စ္ေရာ မကစားၾကေတာ့ပါဘူး။

ယူနိုက္တက္ရဲ ့ဒီရာသီေနာက္တန္းစြမ္းေဆာင္ရည္ကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေနဆဲပါ။ဒါပင္မယ့္နည္းျပသစ္အိုေလးဂန္နာဆိုးလ္ရွားရဲ ့လက္ထက္မွာေတာ့ အသင္းရဲ ့စြမ္းေဆာင္ရည္ကတိုးတက္မႈရိွလာခဲ့ပါတယ္။
ဗီဒစ္ကေတာ ့သူ ့အသင္းေဟာင္းရဲ ့လက္ရိွေနာက္တန္းကစားသမားေတြကို ကမာၻ ့အေကာင္းဆံုးေနာက္ခံလူအျဖစ္သတ္မွတ္ခံေနရတဲ့ ဗန္ဒိုက္စ္နဲ ့ေတာင္မလဲခ်င္ဘူးလို ့ဆိုလုိက္ပါတယ္။Omnisport နဲ ့ေျပာၾကားခဲ့ရာမွာေတာ့



ဖီးလ္ဂ်ံဳးကတာ့ သူလတ္တေလာကစားခဲ့တဲ့ပြဲေတြမွာအေကာင္းဆံုးလုပ္ျပနိုင္ခဲ့ပါတယ္။ခရစ္စေမာလင္းဆိုလည္းေကာင္းတဲ့ေနာက္ခံလူပါ။အဲရစ္ဘိုင္လီလည္းတူတူပါပဲ။ကၽြန္ေတာ္တို ့ဆီမွာ အမာခံေနာက္ခံလူ၄ေယာက္ရိွေနပါတယ္။ေကာင္းမြန္တဲ့ပြဲေတြမွာ သူတို ့ဟာစြမ္းေဆာင္ရည္ေကာင္းေတြထုတ္ျပနိုင္ခဲ့ပါတယ္။အားလံုးၿခံဳေျပာရရင္သူတို ့အရင္ေကာင္းေကာင္းမကစားနိုင္ခဲ့တဲ့ပြဲေတြေတာ့ရိွပါတယ္။အျခားအသင္းေတြကိုတစ္ခ်က္ၾကည့္လုိက္ပါ။လီဗာပူးလ္တို ့ခ်ဲလ္ဆီးတို ့မွာေတာ့ ကၽြန္ေတာ္တို ့အသင္းထက္ေကာင္းတဲ့ေနာက္ခံလူေတြရိွတယ္လို ့ကၽြန္ေတာ္မထင္ပါဘူး။အခုခ်ိန္မွာေတာ့အသင္းဟာေကာင္းေကာင္းကစားနိုင္ေနပါတယ္။ယံုၾကည္မႈလည္းပိုရိွပါတယ္။သူတို ့အတြက္ပိုေကာင္းမြန္တဲ့ပြဲေတြေရာက္လာေတာ့မွာပါ။” 



အသက္၃၇နွစ္အရြယ္ေနာက္ခံလူေဟာင္းၾကီးက ေတာ့ လင္ဒီေလာ့ဖ္အတြက္အားေပးစကားေတြေျပာခဲ့ပါတယ္။

လင္ဒီေလာ့ဖ္အစတုန္းကေတာ့ခက္ခဲတဲ့အခ်ိန္ေတြရိွခဲ့ပါတယ္။သူတို ့ဒီလိုျပန္လာနိုင္ခဲ့တာေတာ္ပါတယ္။ဒါဟာမလြယ္ကူပါဘူး။မန္ခ်က္စတာယူနိုက္တက္လို အသင္းၾကီးအတြက္ဆိုပိုလို ့ေတာင္ဆိုးပါတယ္။မီဒီယာကလည္းတိုက္ခိုက္ဖို ့အဆင္သင့္ရိွေနၾကတာပါ။ဒီလို ခက္ခဲတဲ့အခ်ိန္ကေန ပံုစံေကာင္းျပနိုင္ခဲ့တာဟာ မန္ယူနိုက္တက္အတြက္ကစားေပးမယ္ဆို အေရးၾကီးလိုအပ္တဲ့ ကိုယ္ရည္ကိုယ္ေသြးကိုျပသလိုက္တာပါပဲ။

ယူနိုက္တက္ရဲ ့ေနာက္တန္းဟာ အခုလက္ရိွမွာေတာ့ ပိုမိုတိုးတက္လာၿပီး အထူးသျဖင့္ လင္ဒီေလာ့ဖ္ဆိုပိုမိုေကာင္းမြန္လာတာကိုေတြ ့ရပါတယ္။


ဒါပင္မယ့္ ဗန္ဒိုက္စ္ထက္ပိုေကာင္းတယ္လို ့ေရာသင္ထားပါသလား?

(Unicode)


ဖီးလ်ဂျုံးဟာ ဗန်ဒိုက်စ်ထက်ပိုကောင်းတဲ့ကစားသမားတစ်ယောက်ပါ။//နီမန်ဂျာဗီဒစ်

နီမန်ဂျာဗီဒစ်တစ်ယောက်ဟာ မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးလ်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်တွေမှာ ထင်ရှားခဲ့တဲ့ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးပါ။သူဟာ ၂သင်းကြား ခံစစ်ပိုင်းနဲ့ပတ်သတ်ပြီး အံသြင့်စရာစကားပြောကြားခဲ့ပါတယ်။

နီမန်ဂျာဗီဒစ်ဟာ ကစားသမားဘ၀ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်ခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ဆာဘီယာနောက်ခံလူဟာ ယူနိုက်တက်မှာ အသင်းဖော်ရီယိုဖာဒီနန်နဲ့အတူ အသင်းရဲ့နောက်တန်းမှာ ကျောက်ဆောင်တစ်ဖွယ်နားလည်မှုရှိစွာမားမားမတ်မတ်အစွမ်းကုန်ကစားခဲ့ကြပါတယ်။

ဗီဒစ်ရဲ့ယူနိုက်တက်ကစားသမားဘ၀ လီဗာပူးလ်အသင်းနဲ့တွေ့ဆုံကစားခဲ့စဉ်မှာတော့ ခြေစွမ်းမပြနိုင်ခဲ့တာတွေကိုတွေ့ရပါတယ်။အထူးသဖြင့် အဆိုပါကာလတုန်းက လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူးဖာနန်ဒိုတောရက်စ်ကိုမထိန်းချုပ်နိုင်ခဲ့ပဲ သွင်းဂိုးတွေခွင့်ပြုခဲ့ရတဲ့ဗီဒစ်အတွက်တော့ လီဗာပူးလ်နဲ့ယူနိုက်တက်တို့တွေ့ဆုံတဲ့ပွဲတိုင်းသူ့အတွက်အမှတ်ရစရာဖြစ်နေမှာပါ။

မနက်ဖန်တနင်္ဂနွေနေ့မှာ မဟာပြိုင်ဘက်၂သင်းဖြစ်တဲ့ ယူနိုက်တက်နဲ့လီဗာပူးလ်တို့ဟာတစ်ဖန်ပြန်တွေ့ဆုံနေပါတယ်။အခုချိန်မှာတော့ အဆိုပါ ၂သင်းတွေ့ဆုံတဲ့အချိန်မှာ ဗီဒစ်ရော၊တောရက်စ်ရော မကစားကြတော့ပါဘူး။

ယူနိုက်တက်ရဲ့ဒီရာသီနောက်တန်းစွမ်းဆောင်ရည်ကတော့ မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။ဒါပင်မယ့်နည်းပြသစ်အိုလေးဂန်နာဆိုးလ်ရှားရဲ့လက်ထက်မှာတော့ အသင်းရဲ့စွမ်းဆောင်ရည်ကတိုးတက်မှုရှိလာခဲ့ပါတယ်။
ဗီဒစ်ကတော့သူ့အသင်းဟောင်းရဲ့လက်ရှိနောက်တန်းကစားသမားတွေကို ကမ္ဘာ့အကောင်းဆုံးနောက်ခံလူအဖြစ်သတ်မှတ်ခံနေရတဲ့ ဗန်ဒိုက်စ်နဲ့တောင်မလဲချင်ဘူးလို့ဆိုလိုက်ပါတယ်။Omnisport နဲ့ပြောကြားခဲ့ရာမှာတော့

” ဖီးလ်ဂျုံးကတာ့ သူလတ်တလောကစားခဲ့တဲ့ပွဲတွေမှာအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ခရစ်စမောလင်းဆိုလည်းကောင်းတဲ့နောက်ခံလူပါ။အဲရစ်ဘိုင်လီလည်းတူတူပါပဲ။ကျွန်တော်တို့ဆီမှာ အမာခံနောက်ခံလူ၄ယောက်ရှိနေပါတယ်။ကောင်းမွန်တဲ့ပွဲတွေမှာ သူတို့ဟာစွမ်းဆောင်ရည်ကောင်းတွေထုတ်ပြနိုင်ခဲ့ပါတယ်။အားလုံးခြုံပြောရရင်သူတို့အရင်ကောင်းကောင်းမကစားနိုင်ခဲ့တဲ့ပွဲတွေတော့ရှိပါတယ်။အခြားအသင်းတွေကိုတစ်ချက်ကြည့်လိုက်ပါ။လီဗာပူးလ်တို့ချဲလ်ဆီးတို့မှာတော့ ကျွန်တော်တို့အသင်းထက်ကောင်းတဲ့နောက်ခံလူတွေရှိတယ်လို့ကျွန်တော်မထင်ပါဘူး။အခုချိန်မှာတော့အသင်းဟာကောင်းကောင်းကစားနိုင်နေပါတယ်။ယုံကြည်မှုလည်းပိုရှိပါတယ်။သူတို့အတွက်ပိုကောင်းမွန်တဲ့ပွဲတွေရောက်လာတော့မှာပါ။” 

အသက်၃၇နှစ်အရွယ်နောက်ခံလူဟောင်းကြီးက တော့ လင်ဒီလော့ဖ်အတွက်အားပေးစကားတွေပြောခဲ့ပါတယ်။

” လင်ဒီလော့ဖ်အစတုန်းကတော့ခက်ခဲတဲ့အချိန်တွေရှိခဲ့ပါတယ်။သူတို့ဒီလိုပြန်လာနိုင်ခဲ့တာတော်ပါတယ်။ဒါဟာမလွယ်ကူပါဘူး။မန်ချက်စတာယူနိုက်တက်လို အသင်းကြီးအတွက်ဆိုပိုလို့တောင်ဆိုးပါတယ်။မီဒီယာကလည်းတိုက်ခိုက်ဖို့အဆင်သင့်ရှိနေကြတာပါ။ဒီလို ခက်ခဲတဲ့အချိန်ကနေ ပုံစံကောင်းပြနိုင်ခဲ့တာဟာ မန်ယူနိုက်တက်အတွက်ကစားပေးမယ်ဆို အရေးကြီးလိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးကိုပြသလိုက်တာပါပဲ။”

ယူနိုက်တက်ရဲ့နောက်တန်းဟာ အခုလက်ရှိမှာတော့ ပိုမိုတိုးတက်လာပြီး အထူးသဖြင့် လင်ဒီလော့ဖ်ဆိုပိုမိုကောင်းမွန်လာတာကိုတွေ့ရပါတယ်။

ဒါပင်မယ့် ဗန်ဒိုက်စ်ထက်ပိုကောင်းတယ်လို့ရောသင်ထားပါသလား?

No comments

Powered by Blogger.