Header Ads


အိမ္ကြင္းမွာဂိုးမရိွသေရက်ခဲ့တဲ့အေပၚလီဗာပူးလ္တို ့အျမတ္ထုတ္လို ့ရတယ္လို ့နည္းျပကေလာ့ေျပာၾကား


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘိုင္ယန္ျမဴးနစ္အသင္းနဲ ့အိမ္ကြင္းမွာ ရင္ဆုိင္ကစားခဲ့တဲ့ ခ်န္ပီယံလိပ္၁၆သင္းရံႈးထြက္ပြဲပေက်ာ့မွာ လီဗာပူးလ္တို ့ဂိုးမရိွသေရက်ခဲ့ၿပီးေနာက္ အဆိုပါရလဒ္ဟာ ဂ်ာမန္ကလပ္အတြက္ပိုမိုဆိုးရြားသြားေစခဲ့တယ္လို ဂ်ာဂန္ကေလာ့ကဆိုလိုက္ပါတယ္။

ဘြန္ဒက္စ္လီဂါဘီလူးၾကီးဟာ အေ၀းကြင္းမွာလီဗာပူးလ္အသင္းကိုရင္ဆိုင္ထိန္းခ်ဳပ္ကစားရင္းဂိုးမရိွသေရက်ခဲ့တာေၾကာင့္ ေနာက္တစ္ေက်ာ့အရီနာကြင္းမွာကန္မယ့္ပြဲကေတာ့ ဂိုးသြင္းမွာသာေနာက္တစ္ဆင့္တက္နိုင္ၾကေတာ့မွာျဖစ္ပါတယ္။



လီဗာပူးလ္အသင္းဟာ ေမ ွ်ာ္လင့္ထားသေလာက္အခြင့္အေရးေတြမဖန္တီးနိုင္ခဲ့ေသာ္လည္း အခြင့္အေရးတစ္ခ်ိဳ ့လြဲေခ်ာ္ခဲ့သလို ပထမပိုင္းမွာဆာဒီယိုမာေနးရဲ ့အပိုင္သြင္းဂိုးေတြနဲ ့ဆာလာရဲ ့၂ၾကိမ္တိုင္းဂိုးရဖို ့ၾကိဳးစားခဲ့တာေတြက သြင္းဂိုးေတြေပၚထြက္လာဖို ့နီးစပ္ခဲ့တာပဲျဖစ္ပါတယ္။ဒါ့အျပင္ ေနာက္ခံလူဂ်ိဳလ္မာတစ္ဟာ ပထမပိုင္းၿပီးခါနီးမွာ ၂သင္းစလံုးအတြက္ဂိုးသြင္းဖို (own goal + goal) အထိအေျခအေနေတာင္ျဖစ္ခဲ့ပါေသးတယ္။သူ ့ရဲ ့ဘိုင္ယန္ဂိုးေရွ ့အပိုင္ပိတ္သြင္းမႈကို ဘိုင္ယန္ေနာက္ခံလူမတ္ဟမ္းမဲလ္ကတားဆီးဟန္ ့တားခဲ့သလို ဘိုင္ယန္အသင္းရဲ ့လီဗာပူးလ္ပယ္နယ္တီဧရိယာအတြင္းျဖတ္တန္ေဘာကို မာတစ္တစ္ေယာက္လမ္းေၾကာင္းေျပာင္းဟန္ ့တားခဲ့တာက အခန္ ့မသင့္ရင္ကိုယ့္ဂိုးကိုယ္သြင္းသြားမယ့္အေျခအေနတစ္ခုပါပဲ။ပြဲအၿပီးမွာေတာ့ လီဗာပူးလ္အသင္းဟာတိုက္စစ္ကဂိုးသြင္းနိုင္ျခင္းမရိွခဲ့ေသာ္လည္း အသင္းရဲ ့အဓိကကစားသမားေတြျဖစ္ၾကတဲ့ ဗန္ဒိုက္စ္၊ဂိုမက္ဇ္နဲ ့ေလာဗရန္တို ့မပါနိုင္သည့္တိုင္သြင္းဂိုးခြင့္ျပဳခဲ့ရျခင္းမရိွတာေၾကာင့္ ဂ်ာဂန္ကေလာ့အေနနဲ ့ေက်နပ္ေနတာအမွန္ပါပဲ။



ပြဲအၿပီးမွာေတာ့ နည္းျပကေလာ့က ဂိုးမရိွသေရက်တာဟာေနာက္တစ္ဆင့္အတြက္အေတာ္ေလးအဆင္ေျပသြားတယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္
ကၽြန္ေတာ္တို ့၃ပတ္အခ်ိန္ရပါတယ္။ရလဒ္ကကၽြန္ေတာ္တို ့အတြက္ပိုေကာင္းေစပါတယ္။ဘိုင္ယန္အတြက္ေတာ့အနည္းငယ္ဆိုးရြားသြားေစတာေပါ့။ဒါက - ပါ။အေကာင္းဆံုးသေရရလဒ္ပါ။ဒါပင္မယ့္ဘိုင္ယန္မွာကစားရင္လည္း ခက္ခဲတဲ့ပြဲျဖစ္လာမွာပါ။ဒီညကို - နဲ ့နိုင္မယ္ဆိုရင္ေတာ့ ဘာေတြတကယ့္ကိုေျပာင္းလဲသြားမွာလဲ? ရလဒ္ပိုင္းကၿပီးျပည့္စံုတယ္လို ့မထင္ပါဘူး။ဒါပင္မယ့္ေနာက္တစ္ဆင့္အတြက္အေလးသာသြားတာေပါ့။” 

ဒါပင္မယ့္လည္း ဘိုင္ယန္တိုက္စစ္မွဴး လီ၀န္ေဒါစကီးကေတာ့ ကေလာ့နဲ ့ေျပာင္းျပန္အေျဖကိုေျပာၾကားခဲ့ၿပီးသူတို ့အသင္းဟာ ဒုတိယအေက်ာ ့အတြက္အခြင့္အေရးေတြရသြားၿပီလို ့ဆိုလိုက္ပါတယ္။
ဒီပြဲကအရမ္းကိုခက္ခဲတဲ့ပြဲပါ။ဟုတ္ပါတယ္။ကၽြန္ေတာ္တို ့ရဲ ့အိမ္ကြင္းမွာဒုတိယေက်ာ့ ကစားရမွာပါ။ဒါပင္မယ့္ ကၽြန္ေတာ္တို ့နားလည္ပါတယ္။ရလဒ္က -၀ပါ။ကၽြန္ေတာ္တို ့၁ဂိုးေလာက္သြင္းနိုင္ရင္ေကာင္းတာေပါ့။ဒါပင္မယ့္ ဒါကခ်န္ပီယံလိပ္ပါ။ၿပီးေတာ့ ၂ေက်ာ့စလံုးကိုေကာင္းေကာင္းကစားဖို ့လိုအပ္ပါတယ္။” 


(Unicode)

အိမ်ကွင်းမှာဂိုးမရှိသရေကျခဲ့တဲ့အပေါ်လီဗာပူးလ်တို့အမြတ်ထုတ်လို့ရတယ်လို့နည်းပြကလော့ပြောကြား

ဘိုင်ယန်မြူးနစ်အသင်းနဲ့အိမ်ကွင်းမှာ ရင်ဆိုင်ကစားခဲ့တဲ့ ချန်ပီယံလိပ်၁၆သင်းရှုံးထွက်ပွဲပကျော့မှာ လီဗာပူးလ်တို့ဂိုးမရှိသရေကျခဲ့ပြီးနောက် အဆိုပါရလဒ်ဟာ ဂျာမန်ကလပ်အတွက်ပိုမိုဆိုးရွားသွားစေခဲ့တယ်လို့ ဂျာဂန်ကလော့ကဆိုလိုက်ပါတယ်။

ဘွန်ဒက်စ်လီဂါဘီလူးကြီးဟာ အဝေးကွင်းမှာလီဗာပူးလ်အသင်းကိုရင်ဆိုင်ထိန်းချုပ်ကစားရင်းဂိုးမရှိသရေကျခဲ့တာကြောင့် နောက်တစ်ကျော့အရီနာကွင်းမှာကန်မယ့်ပွဲကတော့ ဂိုးသွင်းမှာသာနောက်တစ်ဆင့်တက်နိုင်ကြတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မေ ျှာ်လင့်ထားသလောက်အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့သော်လည်း အခွင့်အရေးတစ်ချို့လွဲချော်ခဲ့သလို ပထမပိုင်းမှာဆာဒီယိုမာနေးရဲ့အပိုင်သွင်းဂိုးတွေနဲ့ဆာလာရဲ့၂ကြိမ်တိုင်းဂိုးရဖို့ကြိုးစားခဲ့တာတွေက သွင်းဂိုးတွေပေါ်ထွက်လာဖို့နီးစပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် နောက်ခံလူဂျိုလ်မာတစ်ဟာ ပထမပိုင်းပြီးခါနီးမှာ ၂သင်းစလုံးအတွက်ဂိုးသွင်းဖို့(own goal + goal) အထိအခြေအနေတောင်ဖြစ်ခဲ့ပါသေးတယ်။သူ့ရဲ့ဘိုင်ယန်ဂိုးရှေ့အပိုင်ပိတ်သွင်းမှုကို ဘိုင်ယန်နောက်ခံလူမတ်ဟမ်းမဲလ်ကတားဆီးဟန့်တားခဲ့သလို ဘိုင်ယန်အသင်းရဲ့လီဗာပူးလ်ပယ်နယ်တီဧရိယာအတွင်းဖြတ်တန်ဘောကို မာတစ်တစ်ယောက်လမ်းကြောင်းပြောင်းဟန့်တားခဲ့တာက အခန့်မသင့်ရင်ကိုယ့်ဂိုးကိုယ်သွင်းသွားမယ့်အခြေအနေတစ်ခုပါပဲ။ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းဟာတိုက်စစ်ကဂိုးသွင်းနိုင်ခြင်းမရှိခဲ့သော်လည်း အသင်းရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ ဗန်ဒိုက်စ်၊ဂိုမက်ဇ်နဲ့လောဗရန်တို့မပါနိုင်သည့်တိုင်သွင်းဂိုးခွင့်ပြုခဲ့ရခြင်းမရှိတာကြောင့် ဂျာဂန်ကလော့အနေနဲ့ကျေနပ်နေတာအမှန်ပါပဲ။

ပွဲအပြီးမှာတော့ နည်းပြကလော့က ဂိုးမရှိသရေကျတာဟာနောက်တစ်ဆင့်အတွက်အတော်လေးအဆင်ပြေသွားတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်
” ကျွန်တော်တို့၃ပတ်အချိန်ရပါတယ်။ရလဒ်ကကျွန်တော်တို့အတွက်ပိုကောင်းစေပါတယ်။ဘိုင်ယန်အတွက်တော့အနည်းငယ်ဆိုးရွားသွားစေတာပေါ့။ဒါက ဝ-၀ ပါ။အကောင်းဆုံးသရေရလဒ်ပါ။ဒါပင်မယ့်ဘိုင်ယန်မှာကစားရင်လည်း ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ဒီညကို ၁-၀ နဲ့နိုင်မယ်ဆိုရင်တော့ ဘာတွေတကယ့်ကိုပြောင်းလဲသွားမှာလဲ? ရလဒ်ပိုင်းကပြီးပြည့်စုံတယ်လို့မထင်ပါဘူး။ဒါပင်မယ့်နောက်တစ်ဆင့်အတွက်အလေးသာသွားတာပေါ့။” 

ဒါပင်မယ့်လည်း ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ကလော့နဲ့ပြောင်းပြန်အဖြေကိုပြောကြားခဲ့ပြီးသူတို့အသင်းဟာ ဒုတိယအကျော့အတွက်အခွင့်အရေးတွေရသွားပြီလို့ဆိုလိုက်ပါတယ်။
” ဒီပွဲကအရမ်းကိုခက်ခဲတဲ့ပွဲပါ။ဟုတ်ပါတယ်။ကျွန်တော်တို့ရဲ့အိမ်ကွင်းမှာဒုတိယကျော့ ကစားရမှာပါ။ဒါပင်မယ့် ကျွန်တော်တို့နားလည်ပါတယ်။ရလဒ်က ဝ-၀ပါ။ကျွန်တော်တို့၁ဂိုးလောက်သွင်းနိုင်ရင်ကောင်းတာပေါ့။ဒါပင်မယ့် ဒါကချန်ပီယံလိပ်ပါ။ပြီးတော့ ၂ကျော့စလုံးကိုကောင်းကောင်းကစားဖို့လိုအပ်ပါတယ်။” 

No comments

Powered by Blogger.