Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချန်ပီယံပြေးလမ်းပေါ်ကခြေချော်လာတဲ့လီဗာပူးလ်/ဝက်စ်ဟမ်း ၁-၁ လီဗာပူးလ်
လန်ဒန် ကွင်းကြီးမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာတော့ ဇယားထိပ်က လီဗာပူးလ်တို့ နိုင်ပွဲပျောက်ခဲ့ပြန်ပါတယ်။ အထူးသဖြင့်  မန်စီးတီးနဲ့ ၂မှတ်ပဲ ကွာတော့တဲ့ အနေအထားမှာ ရှိနေတဲ့ လီဗာပူးလ်ဟာ ဖိအားတွေများခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာ မတွေ့ရပါဘူး။ 
ပွဲအတွင်းမှာ ဝက်စ်ဟမ်းက လျင်လျင်မြန်မြန်နဲ့ အကောင်းဆုံး တုန့်ပြန် ကစားခဲ့လို့ လီဗာပူးလ်တို့ အခက်တွေ့ခဲ့ရတာပါ။ ၂၂မိနစ်မှာ လူကျွံအနေအထားကနေ လီဗာပူးလ် အဖွင့်ဂိုးရခဲ့ပါတယ်။ ဂျိမ်းစ် မီလ်နာ လူကျွံနေတာဖြစ်ပြီး သူပေးတာကို မာနေက ပိတ်သွင်းခဲ့တာပါ။ 
ဝက်စ်ဟမ်းကတော့ ချေပဂိုးရဖို့ ကြိုးစားရင် ၂၈မိနစ်မှာ ဂိုးပြန်ရခဲ့ပါတယ်။ ဖရီးကစ်ကနေ ဖိလစ်ပီ အန်ဒါဆင်ပေးတာကို အန်တိုနီယိုက ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ 
ပွဲပြီးခါနီးမှာ လူစားဝင်လာတဲ့ အိုရီဂီ အပိုင်ကန်ခွင့်ရပေမယ့် အသုံးမချနိုင်လို့ လီဗာပူးလ်အသင်း ၁-၁ဂိုးစီသရေကျခဲ့တာပါ။ ဒါဟာ ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်အတွက် ၂ပွဲဆက် သရေကျခဲ့တာဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ ၃မှတ်သာ ကွာတော့ပါတယ်။ 
 ချန်ပီယံဖြစ်ဖို့ဖိအားဒဏ်ကို မခံနိုင်တဲ့ လီဗာပူးလ်တို့ အမှတ်ပေး ချန်ပီယံ ရနိုင်ပါ့မလား?
No comments
Powered by Blogger.