Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရိုးမားရဲ့နည်းစနစ်ဒါရိုက်တာမွန်ချီကိုခေါ်ယူဖို့အတော်လေးနီးစပ်သွားတဲ့အာဆင်နယ်အသင်း
ရိုးမားရဲ့အပြောင်းအရွှေ့ဂရုတစ်ပါးဖြစ်ပြီး ဆီဗီလားမှာ အူနိုင်းအမ်မရီနဲ့လက်တွဲအလုပ်လုပ်ဖူးခဲ့တဲ့ မွန်ချီဟာ အီမရတ်ကလပ်ဆီချီတက်လာနေပြီလို့သိရပါတယ်။
အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့လစ်လပ်နေတဲ့ နည်းစနစ်ဒါရိုက်တာနေရာကိုအစားထိုးဖို့ရိုးမားရဲ့မွန်ချီကိုကမ်းလှမ်းခဲ့ပါတယ်။Daily Mirror ရဲ့အဆိုအရတော့ အသက်၅၀အရွယ် စပိန်သားကို လာမယ့်နှစ်မှာစာချုပ်ကုန်တော့မယ့်မွန်ချီရဲ့လက်ရှိစာချုပ်ပါ အပြီးသတ်ဝယ်ယူခွင့်တန်ဖိုး ပေါင်၁သန်းနဲ့အာဆင်နယ်တို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။
မွန်ချီဟာ ဂန်နားဘော့စ်အူနိုင်းအမ်မရီနဲ့ဆီဗီးလားအသင်းမှာ လက်တွဲအတူလုပ်ခဲ့ဖူးပြီး လက်ရှိမှာကလပ်အသင်းရဲ့ဇာတ်စင်နောက်ကွယ်က အပြင်အဆင်ကိုပြန်လည်မွမ်းမံလိုတာကြောင့် အာဆင်နယ်အသင်းရဲ့ပထမဦးစားပေးလူဖြစ်နေတာပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ယခင်အပြောင်းအရွှေ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဂျာမန်လူမျိုး ဆဲဗန်မစ်လင်တတ်ဟာ ကစားအသစ်တွေဖြစ်တဲ့ လူကပ်စ်တော်ရဲရား၊ဂွမ်ဒိုဇီတို့ကို ခေါ်ယူပေးခဲ့သော်လည်း ပြီးခဲ့တဲ့နွေရာသီပြီးဆုံးကတည်းက အသင်းကနေထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။
မွန်ချီဟာ ဆီဗီလားအသင်းမှာ အလုပ်လုပ်ခဲ့စဉ် ဒန်နီအဲလ်ဗက်စ်၊ရာကီတစ်စတဲ့ကစားသမားတွေအပါအဝင် ပါရမီရှင်အမြောက်အမြားကို အလစ်သုတ်အချိုအချောင်ခေါ်ယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ဗဟုသုတနဲ့ အရည်အသွေးကြောင့် နာမည်ကြီးနေတဲ့ အပြောင်းအရွှေ့ဂရုတစ်ပါးဖြစ်နေတာပဲဖြစ်ပါတယ်။
သူဟာ မန်ယူနိုက်တက်နဲ့ PSG အသင်းတို့ရဲ့ပစ်မှတ်ဖြစ်သော်လည်း အာဆင်နယ်အသင်းကတော့ လက်ဦးပြီးခေါ်နိုင်တယ်လို့သိရပါတယ်။အာဆင်နယ်အသင်းဟာ အသင်းရဲ့ငွေကြေးအခက်အခဲကြောင့် အသပြာအနည်းငယ်နဲ့ကစားသမားတွေခေါ်ယူရဖို့ရှိနေတာပဲဖြစ်ပါတယ်။ဒါ့ကြောင့်သူတို့ရဲ့ရည်မှန်းချက်ကို ပြည့်နိုင်ဖို့ မွန်ချီတစ်ယောက်သာစွမ်းဆောင်ပေးနိုင်မယ်ဆိုတာသဘောပေါက်ထားပြီး အသင်းရဲ့အရေးတကြီးလိုအပ်နေတဲ့အချိန် ချိန်သားကိုက်စွာ သူ့ကိုစာချုပ်ချုပ်သွားဖို့ရှိနေပါတယ်။
ဒါပင်မယ့်လည်း ဂန်းနားတို့ဟာနောက်ထပ်ကစာသမားဟောင်းဖြစ်တဲ့ အေးဂျက်စ်ဒါရိုက်တာ မာ့စ်အိုဗာမားစ်ကို ပစ်မှတ်ထားနေပြီး ဖရန်ကီဒီဂျောင်ကိုခေါ်ယူနိုင်ခဲ့တဲ့အရည်အသွေးကိုသဘောကျနေတာပဲဖြစ်ပါတယ်။
သို့သော်လည်း မွန်ချီဟာ သူတို့ရဲ့ဦးစားပေးဒါရိုက်တာအဖြစ်သတ်မှတ်ထားဆဲဖြစ်ပြီးရိုးမားအသင်းကတော့ မွန်ချီကို ဆက်ထိန်းဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။
Post a Comment