အမွတ္ဇယားထိပ္ကိုျပန္လည္ဦးေဆာင္ခြင့္ရလာခဲ့တဲ့ခ်န္ပီယံမန္စီးတီး/အဲဗာတန္၀-၂မန္စီးတီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္စီးတီး ဟာ ဒီပြဲမွာေတာ့ ဒီဘရိုင္း ၊ စတာလင္ ၊ မာရက္ကို တို႔ကို အနားေပးထားျပီး ၊ တိုက္စစ္မွာ အေဂြးရိုး ၊ စတာလင္ ၊ ဘာနာဒို ေဆးဗား တို႔နဲ႔ ပြဲထြက္ လာခဲ့ ပါတယ္။ ကြင္းလယ္မွာေတာ့ ဖာနန္ဒင္ဟို ၊ ဂြန္ဒိုဂန္ ၊ ေဆးဗား တို႔ကို အထိုင္ခ်ခဲ့ျပီး ေနာက္တန္းမွာ လာေပၚေတး ၊ ေအာ္တာမန္ဒီ ၊ ေ၀ၚကာ ၊ ဂြ်န္စတုန္း တို႔နဲ႔ ျပင္ဆင္လာခဲ့ ပါတယ္။ ဂိုးသမားကေတာ့ အီဒါဆင္ကိုပဲ တာ၀န္ေပးခဲ့တာပါ။
ရလာဒ္ဆိုးေတြ ကေန ရုန္းထြက္ဖို႔ လိုအပ္ေနတဲ့ အဲဗာတန္ ကေတာ့ ဂိုးသမား ပစ္ဖို႔ ၊ ေနာက္တန္းမွာ ကင္နီ ၊ မိုက္ကယ္ကိန္း ၊ ဇူးမား ၊ ဒစ္ေနးတို႔ကုိ အသံုးျပဳခဲ့ကာ ၊ ကြင္းလယ္မွာ ဂါနာ ၊ ဂိုးမက္ ၊ ေဒးဗီး တို႔ကို ပြဲထုတ္ခဲ့ပါတယ္။ တိုက္စစ္မွာေတာ့ ကယ္ဗက္လီ၀န္ ၊ ဘာနက္ နဲ႔ ေ၀ါေကာ့တို႔ကို တာ၀န္ ေပးထားခဲ့တာပါ။
ပြဲစတာနဲ႔ မန္စီးတီးကပဲ တိုက္စစ္ ဆင္ကစားလာခဲ့ျပီး ၊ ဆာေနးရဲ႕ ဧရိိယာထိပ္က အေ၀းကန္ခ်က္နဲ႔ အဲဗာတန္ ဂိုးေပါက္ကို စတင္ ခ်ိန္းေျခာက္ လာခဲ့ပါတယ္။ အဲဒီေနာက္ ေထာင့္ကန္ ေဘာကေန ရရွိလာတဲ့ အခြင့္အေရးကို လာေပၚေတးက အပိုင္ တိုက္ခြင့္ ရခဲ့ေပမယ့္ ၊ ဂိုးေပါက္နဲ႔ လြဲေခ်ာ္ခဲ့ ရျပန္ပါတယ္။
ပထမပိုင္းမွာ မန္စီးတီးဟာ ဆာေနး ဘက္ကို အဓိက ထားျပီး ထိုးေဖာက္လာမွာကို အဲဗာတန္ ကစားသမားေတြက သိေနတာေၾကာင့္ ၊ အဲဒီဘက္ အျခမ္း ခံစစ္ကစားပံုကို ေတာ္ေတာ္ေလး အာရံုစိုက္ထားခဲ့တာမို႔ ဒီပြဲမွာ ဆာေနးဟာ ဘယ္လိုမွကို ရုန္းထြက္ႏိုုင္ျခင္း မရွိခဲ့ ပါဘူး။
ကြင္းလယ္ က ခင္းေပးတဲ့ ေဘာလံုးေတြကို ေသေသသပ္သပ္ ကိုင္တြယ္ႏိုင္ျခင္း မရွိသလို ၊ သူရဲ႕ ေနရာယူမႈကလဲ မၾကာခဏ လူကြ်ံေနခဲ့တာ ေတြ႔ရပါတယ္။ အဲဗာတန္ ကေတာ့ တန္ျပန္ တိုက္စစ္ကေန တဆင့္ တစ္ခ်က္ တစ္ခ်က္ ထိထိေရာက္ေရာက္ တုိက္စစ္ပုံေဖာ္ လာတာမ်ိဳးေတြ ေတြ႔ရေပမယ့္ ၊ မန္စီးတီး ဂိုးေပါက္ကို ျခိမ္းေျခာက္ လာႏိုင္တဲ့ အဆင့္မ်ိဳးအထိ မရွိခဲ့ ပါဘူး။
ပြဲခ်ိန္ 19 မီးနစ္မွာ ဂြန္ဒိုဂန္ ရဲ႕ အနီးကပ္ ပိတ္သြင္းခ်က္ ဂိုးဘားတန္း ထိတာက လြဲရင္ မန္စီးတီး ရဲ႕ တိုက္စစ္ ကစားပံုကလဲ အဲဗာတန္ ခံစစ္ကို ျဖိဳးခြင္းႏိုင္ျခင္း မရွိခဲ့တာ ေတြ႔ခဲ့ ရပါတယ္။ မန္စီးတီး အတြက္ ဦးေဆာင္ဂိုးကိုေတာ့ ပထမပို္င္း ျပီးဖို႔ နာက်င္ အခ်ိန္ပိုမွာ ဖရီးကစ္ ကေန တဆင့္ ၊ ေဆးဗား မတင္ေပးလိုက္တဲ့ ေဘာလံုးကုိ လာေပၚေတးက ေခါင္းတိုက္ သြားခဲ့တာပါ။ ထံုးစံအတုိင္း အဲဗာတန္ ကေတာ့ တည္ကန္ေဘာလံုးေတြကေနပဲ သြင္းဂိုးတစ္ဂိုး ခြင့္ျပဳလိုက္ရျပန္ျပီ ျဖစ္ပါတယ္။
Second Half
ဒုတိယပိုင္း ျပန္လည္ စတင္ခ်ိန္မွာေတာ့ အဲဗာတန္ဟာ တိုက္စစ္ကို ပိုမို အားျပဳ ကစားလာခဲ့တာေၾကာင့္ ၊ ေနာက္တန္းမွာ ေနရာလြတ္ေတြ ျဖစ္ေပၚေနခဲ့ ပါတယ္။ ပက္ဂြာဒီယုိလာ ကေတာ့ အဲဒီ အခြင့္အေရးကို ရယူႏိုင္ဖို႔ အတြက္ ေျခစြမ္း မျပႏုိင္ပဲ ျဖစ္ေနတဲ့့ ဆာေနးကို ထုတ္ျပီး ၊စတာလင္ နဲ႔ လူစားလဲ လိုက္ပါတယ္။
အဲဗာတန္ ကလဲ ဆီဂတ္ဆန္ ၊ ရစ္ခ်ာလီဆြန္ တို႔ကို ထည့္သြင္းကာ အေျပာင္းအလဲေတြ စတင္လာခဲ့ ပါတယ္။ မီးနစ္ 70 ၀န္းက်င္မွာေတာ့ စတာလင္ နဲ႔ ေဒးဗစ္ ေဆးဗားတို႔ဟာ အဲဗာတန္ 18 ကိုက္ အတြင္းကေန ဂိုးကန္သြင္းခြင့္ေတြ ရရွိခဲ့ေပမယ့္ ၊ ပိုင္ပုိင္ႏိုင္ႏို္င္ေတာ့ အသံုးခ်ႏိုင္ခဲ့ျခင္း မရွိ ခဲ့ပါဘူး။
လက္က်န္ အခ်ိန္ေတြမွာေတာ့ မန္စီးတီးဟာ ရရွိထားတဲ့ ဦးေဆာင္ဂိုးကို ထိန္း ကစားသြားျပီး ၊ ေနာက္ဆံုး ဦးေဆာင္ဂိုးကိုလဲ ပြဲျပီးဖို႔ စကၠန္႔လံုးအလိုမွာ ေဂ်ဇုက ထပ္မံ သြင္းယူ သြားခဲ့တာ ျဖစ္ပါတယ္။ မန္စီးတီးဟာ ပထမပိုင္းမွာေရာ ၊ ဒုတိယ ပိုင္းမွာပါ ပြဲျပီးခါနီး အခ်ိန္ေတြမွာေတြ အႏုိင္ဂိုးေတြ ရယူသြားခဲ့တာပါ။
လီဗာပူးဟာ အမွတ္ေပးဇယားထိပ္ ေနရာကေန ဆင္းေပးလုိက္ရျပီ ျဖစ္ပါတယ္။ မန္စီးတီး ကေတာ့ တစ္ပြဲပို ကစား ၊ ဂိုးကြာျခားတဲ့ အသာနဲ႔ ခ်န္ပီယံ အိပ္မက္ေတြကို ပိုမို ပီျပင္ေစခဲ့ ပါတယ္။
Credit to SM
(Unicode)
အမှတ်ဇယားထိပ်ကိုပြန်လည်ဦးဆောင်ခွင့်ရလာခဲ့တဲ့ချန်ပီယံမန်စီးတီး/အဲဗာတန်ဝ-၂မန်စီးတီး
မန်စီးတီး ဟာ ဒီပွဲမှာတော့ ဒီဘရိုင်း ၊ စတာလင် ၊ မာရက်ကို တို့ကို အနားပေးထားပြီး ၊ တိုက်စစ်မှာ အဂွေးရိုး ၊ စတာလင် ၊ ဘာနာဒို ဆေးဗား တို့နဲ့ ပွဲထွက် လာခဲ့ ပါတယ်။ ကွင်းလယ်မှာတော့ ဖာနန်ဒင်ဟို ၊ ဂွန်ဒိုဂန် ၊ ဆေးဗား တို့ကို အထိုင်ချခဲ့ပြီး နောက်တန်းမှာ လာပေါ်တေး ၊ အော်တာမန်ဒီ ၊ ဝေါ်ကာ ၊ ဂျွန်စတုန်း တို့နဲ့ ပြင်ဆင်လာခဲ့ ပါတယ်။ ဂိုးသမားကတော့ အီဒါဆင်ကိုပဲ တာဝန်ပေးခဲ့တာပါ။
ရလာဒ်ဆိုးတွေ ကနေ ရုန်းထွက်ဖို့ လိုအပ်နေတဲ့ အဲဗာတန် ကတော့ ဂိုးသမား ပစ်ဖို့ ၊ နောက်တန်းမှာ ကင်နီ ၊ မိုက်ကယ်ကိန်း ၊ ဇူးမား ၊ ဒစ်နေးတို့ကို အသုံးပြုခဲ့ကာ ၊ ကွင်းလယ်မှာ ဂါနာ ၊ ဂိုးမက် ၊ ဒေးဗီး တို့ကို ပွဲထုတ်ခဲ့ပါတယ်။ တိုက်စစ်မှာတော့ ကယ်ဗက်လီဝန် ၊ ဘာနက် နဲ့ ဝေါကော့တို့ကို တာဝန် ပေးထားခဲ့တာပါ။
ပွဲစတာနဲ့ မန်စီးတီးကပဲ တိုက်စစ် ဆင်ကစားလာခဲ့ပြီး ၊ ဆာနေးရဲ့ ဧရိယာထိပ်က အဝေးကန်ချက်နဲ့ အဲဗာတန် ဂိုးပေါက်ကို စတင် ချိန်းခြောက် လာခဲ့ပါတယ်။ အဲဒီနောက် ထောင့်ကန် ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို လာပေါ်တေးက အပိုင် တိုက်ခွင့် ရခဲ့ပေမယ့် ၊ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ ရပြန်ပါတယ်။
ပထမပိုင်းမှာ မန်စီးတီးဟာ ဆာနေး ဘက်ကို အဓိက ထားပြီး ထိုးဖောက်လာမှာကို အဲဗာတန် ကစားသမားတွေက သိနေတာကြောင့် ၊ အဲဒီဘက် အခြမ်း ခံစစ်ကစားပုံကို တော်တော်လေး အာရုံစိုက်ထားခဲ့တာမို့ ဒီပွဲမှာ ဆာနေးဟာ ဘယ်လိုမှကို ရုန်းထွက်နိုင်ခြင်း မရှိခဲ့ ပါဘူး။
ကွင်းလယ် က ခင်းပေးတဲ့ ဘောလုံးတွေကို သေသေသပ်သပ် ကိုင်တွယ်နိုင်ခြင်း မရှိသလို ၊ သူရဲ့ နေရာယူမှုကလဲ မကြာခဏ လူကျွံနေခဲ့တာ တွေ့ရပါတယ်။ အဲဗာတန် ကတော့ တန်ပြန် တိုက်စစ်ကနေ တဆင့် တစ်ချက် တစ်ချက် ထိထိရောက်ရောက် တိုက်စစ်ပုံဖော် လာတာမျိုးတွေ တွေ့ရပေမယ့် ၊ မန်စီးတီး ဂိုးပေါက်ကို ခြိမ်းခြောက် လာနိုင်တဲ့ အဆင့်မျိုးအထိ မရှိခဲ့ ပါဘူး။
ပွဲချိန် 19 မီးနစ်မှာ ဂွန်ဒိုဂန် ရဲ့ အနီးကပ် ပိတ်သွင်းချက် ဂိုးဘားတန်း ထိတာက လွဲရင် မန်စီးတီး ရဲ့ တိုက်စစ် ကစားပုံကလဲ အဲဗာတန် ခံစစ်ကို ဖြိုးခွင်းနိုင်ခြင်း မရှိခဲ့တာ တွေ့ခဲ့ ရပါတယ်။ မန်စီးတီး အတွက် ဦးဆောင်ဂိုးကိုတော့ ပထမပိုင်း ပြီးဖို့ နာကျင် အချိန်ပိုမှာ ဖရီးကစ် ကနေ တဆင့် ၊ ဆေးဗား မတင်ပေးလိုက်တဲ့ ဘောလုံးကို လာပေါ်တေးက ခေါင်းတိုက် သွားခဲ့တာပါ။ ထုံးစံအတိုင်း အဲဗာတန် ကတော့ တည်ကန်ဘောလုံးတွေကနေပဲ သွင်းဂိုးတစ်ဂိုး ခွင့်ပြုလိုက်ရပြန်ပြီ ဖြစ်ပါတယ်။
Second Half
ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ အဲဗာတန်ဟာ တိုက်စစ်ကို ပိုမို အားပြု ကစားလာခဲ့တာကြောင့် ၊ နောက်တန်းမှာ နေရာလွတ်တွေ ဖြစ်ပေါ်နေခဲ့ ပါတယ်။ ပက်ဂွာဒီယိုလာ ကတော့ အဲဒီ အခွင့်အရေးကို ရယူနိုင်ဖို့ အတွက် ခြေစွမ်း မပြနိုင်ပဲ ဖြစ်နေတဲ့ ဆာနေးကို ထုတ်ပြီး ၊စတာလင် နဲ့ လူစားလဲ လိုက်ပါတယ်။
အဲဗာတန် ကလဲ ဆီဂတ်ဆန် ၊ ရစ်ချာလီဆွန် တို့ကို ထည့်သွင်းကာ အပြောင်းအလဲတွေ စတင်လာခဲ့ ပါတယ်။ မီးနစ် 70 ဝန်းကျင်မှာတော့ စတာလင် နဲ့ ဒေးဗစ် ဆေးဗားတို့ဟာ အဲဗာတန် 18 ကိုက် အတွင်းကနေ ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ၊ ပိုင်ပိုင်နိုင်နိုင်တော့ အသုံးချနိုင်ခဲ့ခြင်း မရှိ ခဲ့ပါဘူး။
လက်ကျန် အချိန်တွေမှာတော့ မန်စီးတီးဟာ ရရှိထားတဲ့ ဦးဆောင်ဂိုးကို ထိန်း ကစားသွားပြီး ၊ နောက်ဆုံး ဦးဆောင်ဂိုးကိုလဲ ပွဲပြီးဖို့ စက္ကန့်လုံးအလိုမှာ ဂျေဇုက ထပ်မံ သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပထမပိုင်းမှာရော ၊ ဒုတိယ ပိုင်းမှာပါ ပွဲပြီးခါနီး အချိန်တွေမှာတွေ အနိုင်ဂိုးတွေ ရယူသွားခဲ့တာပါ။
လီဗာပူးဟာ အမှတ်ပေးဇယားထိပ် နေရာကနေ ဆင်းပေးလိုက်ရပြီ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ တစ်ပွဲပို ကစား ၊ ဂိုးကွာခြားတဲ့ အသာနဲ့ ချန်ပီယံ အိပ်မက်တွေကို ပိုမို ပီပြင်စေခဲ့ ပါတယ်။
Credit to SM
Post a Comment