Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဝက်စ်ဟမ်းနဲ့ပွဲမှာဒိုင်လူကြီးကိုမှတ်ချက်ပေးခဲ့တာကြောင့်FAရဲ့ဒဏ်တပ်ခြင်းကိုခံလိုက်ရတဲ့ဂျာဂန်ကလော့
လီဗာပူးလ်နည်းပြဂျာဂန်ကလော့ဟာ ဒီလအစောပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြတဲ့လီဗာပူးလ်အသင်းနဲ့ဝက်စ်ဟမ်းအသင်းတို့ရဲ့ပရီးမီးယားလိပ်ပွဲအပြီးမှာ ကွင်းလယ်ဒိုင်လူကြီး ကီဗင်ဖရန့်ရဲ့ဆုံးဖြတ်ချက်တစ်ချို့အပေါ်မှတ်ချက်ပေးခဲ့တာကြောင့် FA ရဲ့ပေါင် ၄၅၀၀၀ ဒဏ်တပ်အရေးယူခြင်းကိုခံခဲ့ရပြီပဲဖြစ်ပါတယ်။ဆာဒီယိုမာနေးရဲ့ဂိုးဟာလူကျွံဘောဖြစ်နေသည့်တိုင် ကွင်းလယ်ဒိုင် ဖရန့်ကလက်ခံခဲ့ရပြီးနောက် တစ်ပွဲလုံးအဆုံးအဖြတ်တစ်ချို့ဟာ အိမ်ရှင်ဘက်ဆီရှိသွားခဲ့တယ်လို့ဆိုခဲ့ပြီးနောက် ဂျာမန်နည်းပြကြီးကတော့ အဆိုပါအရေးယူမှုကိုလက်ခံခဲ့ပါတယ်။
ကလော့က ဖရန့်ဟာ အဆိုပါအမှားအယွင်းကိုနားလည်ခဲ့တယ်လို့ဆိုခဲ့တာဖြစ်ပြီး အဆိုပါအမှားကိုပြင်ဆင်လိုတဲ့ရည်ရွယ်ချက်ဖြင့် လက်ကျန်မိနစ်တွေမှာ အိမ်ရှင်တွေဘက်ကိုအလေးသာတဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့တာပဲလို့ဆိုပါတယ်။ပွဲအပြီး Sky Sports နဲ့စကားပြောခဲ့ရမှာတော့ ” ကျွန်တော်တို့အကောင်းဆုံးအခိုက်အတန့်ရှိခဲ့ပါတယ်။သွင်းဂိုးသွင်းသွားတာက လူကျွံဘောပါ။ဒါပင်မယ့် ဒိုင်က ဒါကိုသိခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ပြီးတော့ ထူူးဆန်းတဲ့ဖြစ်ရပ်အမြားအပြားတွေ့ခဲ့ရပါတယ်။ပြတ်ပြတ်သားသားမရှိတော့ပါဘူး။အလှည့်ကျပုံစံတွေနဲ့ပါ။၅၀-၅၀၊ ၆၀-၄၀၊ တစ်ဖက်အသင်းအတွက်တော့ ဖရီးကစ်တွေပေါ့။” 
” ကျွန်တော်သာပထမပိုင်းမှာ ကြီးမားတဲ့အမှားလုပ်ခဲ့ရင်တောင်လူသားတစ်ယောက်အနေနဲ့ အဲ့လောက်ကြီးကွာနေအောင်မလုပ်ချင်ပါဘူး။” 
 FA ဟာ ဒိုင်လူကြီးရဲ့စွမ်းဆောင်ရည်အပေါ်မေးခွန်းထုတ်ခဲ့တဲ့ အဆိုပါမှတ်ချက်တွေကြောင့် ဂျာဂန်ကလော့ကိုစွဲချက်တင်ခဲ့တာပဲဖြစ်ပါတယ်။FA ရဲ့ဖော်ပြချက်မှာတော့ ” ဂျာဂန်ကလော့သည် 4ရက်နေ့ဖေဖေါ်ဝါရီလက ဒီရာသီဝက်စ်ဟမ်နှင့် လီဗာပူးလ်တို့ရဲ့လိပ်ပွဲမှာကွင်းလယ်ဒိုင်အပေါ် မှတ်ချက်ပေးဝေဖန်ခဲ့တာကြောင့်  ဒဏ်ငွေပေါင် ၄၅၀၀၀ ဒဏ်တပ်သည်။” လို့ဆိုထားပါတယ်။
” သူရဲ့ပွဲအပြီးမှတ်ချက်ဟာ FA ရဲ့စည်းမျဉ်း E3(1) ဖြစ်တဲ့ ကွင်းလယ်ဒိုင်ရဲ့စွမ်းဆောင်ရည်ကိုမေးခွန်းမထုတ်ရဆိုတဲ့စည်းမျဉ်းနဲ့ညှိ့နေခဲ့တာပဲဖြစ်ပါတယ်။” 
No comments
Powered by Blogger.