ယူနိုက္တက္vsလီဗာပူးလ္တို ့ရဲ ့ပြဲၾကီးပြဲေကာင္းမတိုင္ခင္သင္သိထားသင့္တဲ့အခ်က္မ်ား
ေဖဖဝါရီလ ၂၄ ရက္ေန႔ ည ၈ နာရီခြဲမွာ ယူႏိုက္တက္ရဲ့ အိုးထရက္ဖို႔ဒ္ကြင္းမွာ လီဗာပူးကို ဧည့္ခံကစားရဖို႔ရွိပါတယ္။ လက္ရွိအခ်ိန္မွာ လီဗာပူးဟာ ရမွတ္ ၆၅ မွတ္နဲ႔ မန္စီးတီးအသင္းနဲ႔ တစ္ပြဲေလ်ာ့ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ဒုတိယေနရာမွာရွိေနပါတယ္။ ယူႏိုက္တက္အသင္းကေတာ့ ၅၁ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာရွိေနတာပါ။
ယူႏိုက္တက္အသင္းဟာ ေပါ့ဘာ၊ ဟာရဲရားတို႔ရဲ့ ေကာင္းမြန္တဲ့ကြင္းလယ္၊ ဒီဂီယာရဲ့ လက္စြမ္းျပမွုေတြနဲ႔အတူ အေကာင္းဆံုးရလဒ္ေတြ ပိုင္ဆုိင္ထားပါတယ္။ ဒီလိုပဲ လီဗာပူးဟာလညး္ မုိဟာမက္ ဆာလာရဲ့ ေျခစြမ္းျပမွု၊ ေနာက္ခံလူ ဗန္ဒိုက္ရဲ့ မာေက်ာမွုေတြနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ရယူဖို႔ ေရပန္းစားေနတာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ရယ္လို႔ နာမည္ေျပာင္းျပီးေနာက္ပိုင္း လီဗာပူးအျမင့္ဆံုးရခဲ့တဲ့အဆင့္က အဆင့္ ၂ ပဲ ျဖစ္ပါတယ္။ အခုလက္ရွိ ပရီးမီးယားလိဂ္ ဇယားမွာ လီဗာပူးက ၂ ဆင့္ျမင့္ေနေပမယ့္ ပရီးမီးယားလိဂ္ဖလား ရယူႏုိင္တဲ့ေနရာမွာေတာ့ ယူနိုက္တက္ထက္ ၂ ခု ေလ်ာ့နည္းေနပါတယ္။ လီဗာပူးအသင္းဟာ အမွတ္ေပးဖလား မရခဲ့တာ ၂၉ ႏွစ္ၾကာခဲ့ပါျပီ။ ဒီ ၂၉ ႏွစ္အတြင္းမွာေတာ့ ယူႏိုက္တက္က အမွတ္ေပးဖလား ၁၃ ၾကိမ္ ရယူထားပါတယ္။
သူတို႔ ေနာက္ဆံုး ရဖူးတဲ့ အမွတ္ေပးဖလားက စေရတြက္ရင္ လီဗာပူးဟာ ယူနို္က္တက္အသင္းအထက္မွာ ေရာက္ရွိျပီး ရာသီျပီးဆံုးသြားတာ ၄ ၾကိမ္ပဲရွိပါတယ္။ ျပီးခဲ့တဲ့ ဒီဇင္ဘာမွ အန္ဖီးမွာ လီဗာပူးက ယူနိုက္တက္ကို ၃-၁ နဲ႔ ႏိုင္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ၉ ႏွစ္အတြင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ႏုိင္ဖူးတာပါ။ ဒီပြဲအျပီး ၂ ရက္အၾကာမွာ ေမာ္ရင္ညိဳဟာ ထုတ္ပယ္ခံခဲ့ရပါတယ္။
တိုက္စစ္ပုိင္းမွာေတာ့ ဆာလာဟာ ပရီးမီးယားလိဂ္သမုိင္းမွာ ကလပ္အသင္းတစ္သင္းတည္းအတြက္ ပထမဆံုး ဂိုး ၅၀ အျမန္ဆံုး သြင္းဖူးသူအျဖစ္ စံခ်ိန္တင္ထားပါတယ္။ ဒီစံခ်ိန္ကို ၆၃ ပြဲပဲ ကစားျပီး ရယူထားတာဟာ အံ့ၾသစရာရလဒ္ပါ။
အလန္ရွိီးယားကေတာ့ ဂိုး ၅၀ ကို ၆၆ ပြဲ နဲ႔ ဘလက္ဘန္းအသင္းအတြက္ သြင္းယူေပးထားႏိုင္ခဲ့တာပါ။ ဖာနန္ဒိုေတာရက္ကေတာ့ ဂိုး ၅၀ ကို ၇၂ ပြဲ ကစားျပီးမွ သြင္းယူေပးႏုိင္ခဲ့တာပါ။
ေပါ့ဘာ နဲ႔ ရက္ရွ္ဖို႔ဒ္ တိုက္စစ္အတြဲကေတာ့ အတူကစားရတဲ့ပြဲေတြမွာ ေမာ္ရင္ညိဳ လက္ေအာက္ ၁၁ ဂိုး သြင္းယူေပးထားျပီး ဆိုးရွားေအာက္မွာေတာ့ ၈ ဂိုးသြင္းယူေပးထားပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ဂိုးဖန္တီးျပီး ဂိုးသြင္းယူေပးထားႏိုင္မွုမွာေတာ့ ေမာ္ရင္ညိဳလက္ထက္မွာ ၂ ဂိုးနဲ႔ ဆုိးရွားလက္ထက္မွာ ၁၂ ဂိုးေတာင္ရွိပါတယ္။ ဆိုးရွားလက္ထက္မွာ သူတို႔ ၂ ဦးပိုျပီး အတြဲမိလာတယ္လို႔ မွတ္ခ်က္ျပဳရမွာပါ။
လီဗာပူးဘက္မွာေတာ့ ဖာမင္ဟို၊ မာေနးနဲ႔ ဆာလာတို႔ တိုက္စစ္အတြဲဟာ က်န္တဲ့အသင္းေတြကို ဂိုးအမ်ားၾကီး သြင္းယူႏိုင္ေပမယ့္ ယူနို္က္တက္အသင္းဘက္ကုိေတာ့ ၆၉၉ မိနစ္ကစားထာတာမွ ၁ ဂိုးပဲ သြင္းယူႏိုင္ပါေသးတယ္။
မည္သို႔ပင္ျဖစ္ေစကာမူ ယူႏိုက္တက္ နဲ႔ လီဗာပူးလ္ပြဲဟာ ၂ သင္းလံုးအတြက္ အေရးၾကီးပါတယ္။ အမွန္ေျပာရရင္ လီဗာပူးအတြက္က ပိုအေရးၾကီးျပီး ပိုျပီး ဖိအားေတြ ရွိပါတယ္။ ဒီပြဲမွာ ရံွုးနိမ့္ခဲ့ရင္ အဆင့္ ၁ ေနရာကို မန္စီးတီးကို လက္လႊဲေပးရျပီး ပရီးမီးယားလိဂ္ဖလားကိုပါ လက္လႊတ္ရဖြယ္ရွိေနတာပါ။ ဆယ္စုႏွစ္မ်ားစြာ ပရီးမီးယားလိဂ္ ေအာင္ျမင္မွုနဲ႔ ေ၀းကြာေနတဲ့အသင္းအေနနဲ႔ ဒီဖိအားဟာ အလြန္ၾကီးမားပါတယ္။
ယူႏိုက္တက္အသင္းသားေဟာင္း ဂယ္ရီနဗီး ကေတာ့ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံမျဖစ္ဖူးတဲ့အသင္းဟာ ခ်န္ပီယံဆုဖလားရဖုိ႔ အလြန္ခက္ခဲတယ္လုိ႔ သာသာနဲ႔ နာနာ ထုိးႏွက္ထားၾကပါတယ္။ ဂယ္ရီနဗီးက သူ႔ဘ၀မွာ အမုန္းဆံုးအသင္းက လီဗာပူးအသင္းလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ဒီအေၾကာင္းကို ေရးထားတာရွိပါတယ္။
Credit
(Unicode)
ယူနိုက်တက်vsလီဗာပူးလ်တို့ရဲ့ပွဲကြီးပွဲကောင်းမတိုင်ခင်သိထားသင့်တဲ့အချက်များ
ဖေဖဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီခွဲမှာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးကို ဧည့်ခံကစားရဖို့ရှိပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးဟာ ရမှတ် ၆၅ မှတ်နဲ့ မန်စီးတီးအသင်းနဲ့ တစ်ပွဲလျော့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ ယူနိုက်တက်အသင်းကတော့ ၅၁ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ပေါ့ဘာ၊ ဟာရဲရားတို့ရဲ့ ကောင်းမွန်တဲ့ကွင်းလယ်၊ ဒီဂီယာရဲ့ လက်စွမ်းပြမှုတွေနဲ့အတူ အကောင်းဆုံးရလဒ်တွေ ပိုင်ဆိုင်ထားပါတယ်။ ဒီလိုပဲ လီဗာပူးဟာလည်း မိုဟာမက် ဆာလာရဲ့ ခြေစွမ်းပြမှု၊ နောက်ခံလူ ဗန်ဒိုက်ရဲ့ မာကျောမှုတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရယ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်း လီဗာပူးအမြင့်ဆုံးရခဲ့တဲ့အဆင့်က အဆင့် ၂ ပဲ ဖြစ်ပါတယ်။ အခုလက်ရှိ ပရီးမီးယားလိဂ် ဇယားမှာ လီဗာပူးက ၂ ဆင့်မြင့်နေပေမယ့် ပရီးမီးယားလိဂ်ဖလား ရယူနိုင်တဲ့နေရာမှာတော့ ယူနိုက်တက်ထက် ၂ ခု လျော့နည်းနေပါတယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးဖလား မရခဲ့တာ ၂၉ နှစ်ကြာခဲ့ပါပြီ။ ဒီ ၂၉ နှစ်အတွင်းမှာတော့ ယူနိုက်တက်က အမှတ်ပေးဖလား ၁၃ ကြိမ် ရယူထားပါတယ်။
သူတို့ နောက်ဆုံး ရဖူးတဲ့ အမှတ်ပေးဖလားက စရေတွက်ရင် လီဗာပူးဟာ ယူနိုက်တက်အသင်းအထက်မှာ ရောက်ရှိပြီး ရာသီပြီးဆုံးသွားတာ ၄ ကြိမ်ပဲရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှ အန်ဖီးမှာ လီဗာပူးက ယူနိုက်တက်ကို ၃-၁ နဲ့ နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ဖူးတာပါ။ ဒီပွဲအပြီး ၂ ရက်အကြာမှာ မော်ရင်ညိုဟာ ထုတ်ပယ်ခံခဲ့ရပါတယ်။
တိုက်စစ်ပိုင်းမှာတော့ ဆာလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် ပထမဆုံး ဂိုး ၅၀ အမြန်ဆုံး သွင်းဖူးသူအဖြစ် စံချိန်တင်ထားပါတယ်။ ဒီစံချိန်ကို ၆၃ ပွဲပဲ ကစားပြီး ရယူထားတာဟာ အံ့သြစရာရလဒ်ပါ။
အလန်ရှီးယားကတော့ ဂိုး ၅၀ ကို ၆၆ ပွဲ နဲ့ ဘလက်ဘန်းအသင်းအတွက် သွင်းယူပေးထားနိုင်ခဲ့တာပါ။ ဖာနန်ဒိုတောရက်ကတော့ ဂိုး ၅၀ ကို ၇၂ ပွဲ ကစားပြီးမှ သွင်းယူပေးနိုင်ခဲ့တာပါ။
ပေါ့ဘာ နဲ့ ရက်ရှ်ဖို့ဒ် တိုက်စစ်အတွဲကတော့ အတူကစားရတဲ့ပွဲတွေမှာ မော်ရင်ညို လက်အောက် ၁၁ ဂိုး သွင်းယူပေးထားပြီး ဆိုးရှားအောက်မှာတော့ ၈ ဂိုးသွင်းယူပေးထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဂိုးဖန်တီးပြီး ဂိုးသွင်းယူပေးထားနိုင်မှုမှာတော့ မော်ရင်ညိုလက်ထက်မှာ ၂ ဂိုးနဲ့ ဆိုးရှားလက်ထက်မှာ ၁၂ ဂိုးတောင်ရှိပါတယ်။ ဆိုးရှားလက်ထက်မှာ သူတို့ ၂ ဦးပိုပြီး အတွဲမိလာတယ်လို့ မှတ်ချက်ပြုရမှာပါ။
လီဗာပူးဘက်မှာတော့ ဖာမင်ဟို၊ မာနေးနဲ့ ဆာလာတို့ တိုက်စစ်အတွဲဟာ ကျန်တဲ့အသင်းတွေကို ဂိုးအများကြီး သွင်းယူနိုင်ပေမယ့် ယူနိုက်တက်အသင်းဘက်ကိုတော့ ၆၉၉ မိနစ်ကစားထာတာမှ ၁ ဂိုးပဲ သွင်းယူနိုင်ပါသေးတယ်။
မည်သို့ပင်ဖြစ်စေကာမူ ယူနိုက်တက် နဲ့ လီဗာပူးလ်ပွဲဟာ ၂ သင်းလုံးအတွက် အရေးကြီးပါတယ်။ အမှန်ပြောရရင် လီဗာပူးအတွက်က ပိုအရေးကြီးပြီး ပိုပြီး ဖိအားတွေ ရှိပါတယ်။ ဒီပွဲမှာ ရံှုးနိမ့်ခဲ့ရင် အဆင့် ၁ နေရာကို မန်စီးတီးကို လက်လွှဲပေးရပြီး ပရီးမီးယားလိဂ်ဖလားကိုပါ လက်လွှတ်ရဖွယ်ရှိနေတာပါ။ ဆယ်စုနှစ်များစွာ ပရီးမီးယားလိဂ် အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့အသင်းအနေနဲ့ ဒီဖိအားဟာ အလွန်ကြီးမားပါတယ်။
ယူနိုက်တက်အသင်းသားဟောင်း ဂယ်ရီနဗီး ကတော့ ပရီးမီးယားလိဂ်မှာ ချန်ပီယံမဖြစ်ဖူးတဲ့အသင်းဟာ ချန်ပီယံဆုဖလားရဖို့ အလွန်ခက်ခဲတယ်လို့ သာသာနဲ့ နာနာ ထိုးနှက်ထားကြပါတယ်။ ဂယ်ရီနဗီးက သူ့ဘဝမှာ အမုန်းဆုံးအသင်းက လီဗာပူးအသင်းလို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒီအကြောင်းကို ရေးထားတာရှိပါတယ်။
Post a Comment