Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လာမယ့် မန်ချက်စတာယူနိုက်တက် vs လီဗာပူးလ်ပွဲဟာ ပရီးမီးယားလိပ်သမိုင်းတစ်လျှောက်ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ဘက်တွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပြီး ၂သင်းတွေ့ ဆုံတဲ့အချိန်ပွဲဟာအရမ်းကိုကြည့်ကောင်းတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက တော့ လီဗာပူးလ်အသင်းဟာ သူတို့ အသင်းရဲ့ မဟာပြိုင်ဘက်အပေါ် အန်ဖီးလ်ကွင်းမှာ - ဖြင့်အမှုန့် ချေခဲ့ပြီးနောက် ပရီးမီးယားလိပ်ဇယားထိပ်မှာ အရှိန်ဟုန်မြင့်မြင့်နဲ့ ပြေးနိုင်ခဲ့သလို ယူနိုက်တက်နည်းပြ ဂျို့ စ်မော်ရင်ဟိုလည်း အထုတ်ခံခဲ့ရပါတယ်။
(Unicode)
ဆိုးလ်ရှားလက်ထက်တိုးတက်ကောင်းမွန်လာတဲ့ယူနိုက်တက်ကစားသမား၂ဦးနာမည်ကိုထုတ်ဖော်ပြောကြားခဲ့တဲ့ကလော့
လာမယ့်တနင်္ဂနွေနေ့မှာယူနိုက်တက်အသင်းနဲ့လီဗာပူးလ်တို့ဟာ ပရီးမီးယားလိပ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်တာပဲဖြစ်ပါတယ်။နည်းပြဂျာဂန်ကလော့က တော့ အိုလေဂန်နာဆိုးလ်ရှားလက်ထက်တိုးတက်လာတဲ့ကစားသမား၂ယောက်ကြောင့် စိုးရိမ်မှုတစ်ချို့ရှိနေတယ်လို့ဆိုခဲ့ပါတယ်။
လာမယ့် မန်ချက်စတာယူနိုက်တက် vs လီဗာပူးလ်ပွဲဟာ ပရီးမီးယားလိပ်သမိုင်းတစ်လေ ျှာက်ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ဘက်တွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပြီး ၂သင်းတွေ့ဆုံတဲ့အချိန်ပွဲဟာအရမ်းကိုကြည့်ကောင်းတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက တော့ လီဗာပူးလ်အသင်းဟာ သူတို့အသင်းရဲ့မဟာပြိုင်ဘက်အပေါ် အန်ဖီးလ်ကွင်းမှာ ၃-၁ ဖြင့်အမှုန့်ချေခဲ့ပြီးနောက် ပရီးမီးယားလိပ်ဇယားထိပ်မှာ အရှိန်ဟုန်မြင့်မြင့်နဲ့ပြေးနိုင်ခဲ့သလို ယူနိုက်တက်နည်းပြ ဂျိူ့စ်မော်ရင်ဟိုလည်း အထုတ်ခံခဲ့ရပါတယ်။
အဆိုပါပွဲအပြီး ၂လကြာပြီးနောက် အိုထရက်ဖို့ဒ်မှာ ပြန်လည်တွေ့ဆုံကြတာဖြစ်ပြီး ၂သင်းစလုံးအတွက် ဖြစ်ရပ်တွေဟာ ပြောင်းလဲသွားခဲ့ပါတယ်။လီဗာပူးလ်အသင်းကတော့ အနည်းငယ်အခိုက်အတန့်ပြောင်းလဲမှုတစ်ချို့ရှိခဲ့ပြီး မန်စီးတီးအသင်းကို ဇယားထိပ်မှာဦးဆောင်ခွင့်ပေးခဲ့ရပြီး အိုလေးဂန်နာဆိုးလ်ရှား ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းကတော့ ပုံစံကောင်းတွေအောက်ရလဒ်ကောင်းတွေရယူထားနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်တို့ဟာ ချန်ပီယံလိပ်မှာ PSG အသင်းတစ်သင်းကိုသာ ရှုံးနိမ့်ခဲ့ထားတာဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ချန်ပီယံအိပ်မက်ကိုကောင်းကောင်းချိန်းခြောက်နိုင်တဲ့အသင်းအဖြစ်ရှိနေပါတယ်။ဂျာဂန်ကလော့ကတော့ နည်းပြသစ်ဆိုးလ်ရှားရဲ့ယူနိုက်တက်တော်လှန်ရေးခေတ်မှာအကောင်းဆုံးတောက်ပနေတဲ့ကစားသမား၂ယောက်အကြောင်း Sky Sports နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
” အစကနေ ခင်ဗျားဘယ်တော့မှမသိပါဘူး။မန်နေဂျာအသစ်ဝင်လာတဲ့အချိန်မှာတော့ဘယ်လိုဖြစ်လာမလဲဆိုတာပါပဲ။အရာများစွာရှိပါတယ်။ကစားသမားတွေနဲ့တစ်ချို့ကစားသမားတွေအတွက် အသက်ရှုချောင်သွားတာပေါ့။ဘာလို့လဲဆိုတော့ မန်နေဂျာတစ်ယောက်ဟာ သူခရီးဆက်ရမယ့်အချိန်တိုင်း ကစားသမားတစ်ချို့ကတော့ သူတို့လုပ်သင့်တယ်လို့မခံစားကြတော့ပါဘူး။ဒါပင်မယ့်အခုချိန်မှာတော့ ၃လကြာပြီးတဲ့အချိန် အရမ်းကိုကောင်းလာပါတယ်။ဟာရဲရားဆို သူ့ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်ပဲလို့ထင်ပါတယ်။သူကစားနေတဲ့ပုံစံက မယုံနိုင်စရာပါပဲ။ပေါ့ဘာကတော့ ပေါ့ဘာပါပဲ။တိုက်စစ်မှူးတွေရဲ့လုပ်အားနှုန်းတွေကလည်းကြောက်စရာပါ။သူတို့ဟာမြန်နှုန်းမြင့်ပုံစံနဲ့ကစားနေပါတယ်။ဒါပင်မယ့် အခုချိန်ကတော့ သူတို့ဟာ မှန်ကန်တဲ့အရှိန်အဟုန်က အသုံးချနေပါတယ်။” 
ဆိုးလ်ရှားအသင်းရဲ့ရိုက်ခတ်မှုရှိနိုင်လားဆိုတဲ့အပေါ် ” ကျွန်တော်ဟာ မန်နေဂျာတစ်ယောက်ပါ။ကျွန်တော်တို့မျက်လှည့်ဆရာတွေမဟုတ်ပါဘူး။ဒီလိုပြောလို့မရပါဘူး။မင်းတို့ကတော့သိပ်မကောင်းပါဘူး။ဒါပင်မယ့်မင်းတို့ကိုကောင်းအောင်ငါလုပ်ပေးမယ်။ ပြောလို့မရပါဘူး။နို့ပင်မယ့် ကျွန်တော်တို့ရဲ့ဘေးမှာကစားသမားကောင်းတွေရှိနေတာကတော့ ကောင်းချီးမင်္ဂလာတစ်ခုပါပဲ။ဆိုးလ်ရှားဟာ ထူးချွန်တဲ့အလုပ်ကိုလုပ်နေတာပါ။ယာယီခဏတာသာမဟုတ်ပါဘူး။အရည်အသွေးလည်းတိုးတက်လျက်ရှိနေပါတယ်။ဒါ့ကြောင့်သူထင်ရှားအောင်လုပ်ပြနိုင်ခဲ့တာပေါ့။ဒါတွေကလည်းသူ့ကိုမန်နေဂျာတစ်ယောက်ဖြစ်စေခဲ့ပါတယ်။” 
ပကျော့ကရှုံးကြွေးကို ယူနိုက်တက်တို့လီဗာပူးလ်အသင်းကို ပြန်လည်လက်စားချေနိုင်မလား?
No comments
Powered by Blogger.