Header Ads


ဘိုင္ယန္နဲ ့ပြဲအတြင္ဗန္ဒိုက္နဲ ့ေလာဗရန္တို ့ေနရာမွာပါ၀င္ကစားမယ့္သူေတြကိုေရြးခ်ယ္လိုက္ၿပီျဖစ္တဲ့နည္းျပကေလာ့




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လီဗာပူးလ္အသင္းနည္းျပဂ်ာဂန္ကေလာ့ဟာ ဘိုင္ယန္ျမဴးနစ္ အသင္းႏွင့္ယွဥ္ၿပိဳင္ရင္ဆိုင္ကစားမည္ခ်န္ပီယံလိဂ္႐ွံုးထြက္ပြဲစဥ္မွာ အသင္းရဲ႕အဓိကအားထားရတဲ့ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဗန္ဒိုက္ႏွင့္ေလာဗရန္တို့က ဒဏ္ရာျပသနာေတြနွင့္ ပြဲပယ္ျပစ္ဒဏ္ေတြေျကာင့္သူတို့္ရဲ့ေနရာကို ဖာဘင္ဟို ႏွင့္ မာတစ္ပ္တို႔ကို ထည့္သြင္းကစားမည့္လို႔ဆံုးျဖတ္လိုက္ပါတယ္။



လီဗာပူးလ္အသင္းနည္းျပဂ်ာမန္သားႀကီးက ခ်န္ပီယံလိဂ္ ၁၆အသင္းအဆင့္ ႐ွံုးထြက္ ပြဲစဥ္ ပထမဦးဆံုးပြဲအျဖစ္ ဂ်ာမန္ကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းႏွင့္လာမည့္ (ျမန္မာစံေတာ္ခ်ိန္အဂၤါည ဗုဒၶဟူးေန႔ နံနက္) ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ကေလာ့ကေတာ့အဆိုပါပြဲစဥ္အတြက္ ကစားသမားစာရင္းကိုအျမန္စီစဥ္ခဲ့ၿပီး အဆင္ေျပေျပျဖစ္မလားဆိုတာေစာင့္ၾကည့္ရပါမယ္။ဖာဘင္ဟိုက လီဗာပူးလ္အသင္းအတြက္အက်ိဳးျပဳႏိုင္ၿပီး ဗန္ဒိုက္ေနရာကိုအေကာင္းဆံုးအစားထိုးႏိုင္မယ္လို႔ဂ်ာဂန္ကေလာ့ကယံုၾကည္ေနပါတယ္။

ဗန္ဒိုက္က လီဗာပူးလ္အသင္းရဲ႕အုပ္စုေနာက္ဆံုးပြဲစဥ္မွာ အနီကဒ္ထိခဲ့တာေၾကာင့္ လြဲွေခ်ာ္ရမွာျဖစ္ၿပီး ေလာဗရန္ကမူ လံုေလာက္တဲ့ၾကံ့ခိုင္ေရးအျပည့္အဝမ႐ွိေသးတာေၾကာင့္အဆိုပါပြဲႀကီးပြဲေကာင္းကိုလႊဲေခ်ာ္မွာျဖစ္တယ္လို႔နည္းျပ ဂ်ာဂန္ကေလာ့က အတည္ျပဳေျပာၾကားလိုက္ပါတယ္။


ဗန္ဒိုက္ရဲ႕ကစားေဖာ္တစ္ဦးျဖစ္တဲ့ ဂ်ိဳးဂိုးမက္စ္ကလည္း ဒီဇင္ဘာလကရ႐ွိခဲ့တဲ့ေျခေထာက္ဒဏ္ရာေၾကာင့္ ဧၿပီလဆန္းေလာက္မွာအသင္းႏွင့္အတူျပန္လည္ပါဝင္ကစားႏိုင္မွာျဖစ္ၿပီး ဖာဘင္ဟိုကေတာ့ဒဏ္ရာကေနျပန္လည္သက္သာလာတာေၾကာင့္နည္းျပကေလာ့က အဂၤါေန႔ညပြဲစဥ္အတြက္အသင္းရဲ႕ပြဲထြက္စာရင္းမွာထည့္သြင္းေပးခဲ့တယ္လို႔သိရပါတယ္။


ဘရာဇီးလ္အသင္းကြင္းလယ္ကစားသမား ဖာဘင္ဟိုက သူရဲ႕အသင္းေဖာ္ေနာက္ခံလူ မာတစ္ပ္ႏွငိ့ တြဲလံုးညီညီကစားႏိုင္တာေၾကာင့္ကေလာ့က အသင္းရဲ႕ကြင္းလယ္ကိုျဖည့္ကစားႏိုင္ဖို႔လူစာရင္းမွာထည့္သြားလိုက္ျခင္းျဖစ္ပါတယ္။

(Unicode)



ဘိုင်ယန်နဲ့ပွဲအတွင်ဗန်ဒိုက်နဲ့လောဗရန်တို့နေရာမှာပါဝင်ကစားမယ့်သူတွေကိုရွေးချယ်လိုက်ပြီဖြစ်တဲ့နည်းပြကလော့


လီဗာပူးလ်အသင်းနည်းပြဂျာဂန်ကလော့ဟာ ဘိုင်ယန်မြူးနစ် အသင်းနှင့်ယှဉ်ပြိုင်ရင်ဆိုင်ကစားမည်ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ အသင်းရဲ့အဓိကအားထားရတဲ့နောက်ခံလူတွေဖြစ်ကြတဲ့ ဗန်ဒိုက်နှင့်လောဗရန်တို့က ဒဏ်ရာပြသနာတွေနှင့် ပွဲပယ်ပြစ်ဒဏ်တွေကြောင့်သူတို့်ရဲ့နေရာကို ဖာဘင်ဟို နှင့် မာတစ်ပ်တို့ကို ထည့်သွင်းကစားမည့်လို့ဆုံးဖြတ်လိုက်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြဂျာမန်သားကြီးက ချန်ပီယံလိဂ် ၁၆အသင်းအဆင့် ရှုံးထွက် ပွဲစဉ် ပထမဦးဆုံးပွဲအဖြစ် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် အသင်းနှင့်လာမည့် (မြန်မာစံတော်ချိန်အင်္ဂါည ဗုဒ္ဓဟူးနေ့ နံနက်) ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ကလော့ကတော့အဆိုပါပွဲစဉ်အတွက် ကစားသမားစာရင်းကိုအမြန်စီစဉ်ခဲ့ပြီး အဆင်ပြေပြေဖြစ်မလားဆိုတာစောင့်ကြည့်ရပါမယ်။ဖာဘင်ဟိုက လီဗာပူးလ်အသင်းအတွက်အကျိုးပြုနိုင်ပြီး ဗန်ဒိုက်နေရာကိုအကောင်းဆုံးအစားထိုးနိုင်မယ်လို့ဂျာဂန်ကလော့ကယုံကြည်နေပါတယ်။

ဗန်ဒိုက်က လီဗာပူးလ်အသင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနီကဒ်ထိခဲ့တာကြောင့် လွဲှချော်ရမှာဖြစ်ပြီး လောဗရန်ကမူ လုံလောက်တဲ့ကြံ့ခိုင်ရေးအပြည့်အဝမရှိသေးတာကြောင့်အဆိုပါပွဲကြီးပွဲကောင်းကိုလွှဲချော်မှာဖြစ်တယ်လို့နည်းပြ ဂျာဂန်ကလော့က အတည်ပြုပြောကြားလိုက်ပါတယ်။

ဗန်ဒိုက်ရဲ့ကစားဖော်တစ်ဦးဖြစ်တဲ့ ဂျိုးဂိုးမက်စ်ကလည်း ဒီဇင်ဘာလကရရှိခဲ့တဲ့ခြေထောက်ဒဏ်ရာကြောင့် ဧပြီလဆန်းလောက်မှာအသင်းနှင့်အတူပြန်လည်ပါဝင်ကစားနိုင်မှာဖြစ်ပြီး ဖာဘင်ဟိုကတော့ဒဏ်ရာကနေပြန်လည်သက်သာလာတာကြောင့်နည်းပြကလော့က အင်္ဂါနေ့ညပွဲစဉ်အတွက်အသင်းရဲ့ပွဲထွက်စာရင်းမှာထည့်သွင်းပေးခဲ့တယ်လို့သိရပါတယ်။

ဘရာဇီးလ်အသင်းကွင်းလယ်ကစားသမား ဖာဘင်ဟိုက သူရဲ့အသင်းဖော်နောက်ခံလူ မာတစ်ပ်နှငိ့ တွဲလုံးညီညီကစားနိုင်တာကြောင့်ကလော့က အသင်းရဲ့ကွင်းလယ်ကိုဖြည့်ကစားနိုင်ဖို့လူစာရင်းမှာထည့်သွားလိုက်ခြင်းဖြစ်ပါတယ်။

No comments

Powered by Blogger.