ေအးဂ်က္စ္နဲ့ပြဲကအျပဳအမူအတြက္ေပးဆပ္ရေတာ့မယ့္လူၾကမ္းၾကီးရာမို ့စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရီးရဲမက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမုိ႔စ္ရဲ႕ ေအဂ်က္အသင္းနဲ႔ ပြဲစဥ္က အဝါကတ္ျပားျပသခံရမႈကို ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္က စည္းမ်ဥ္းစည္းကမ္းထိန္းသိမ္းေရးဆုိင္ရာ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ပြဲပယ္ျပစ္ဒဏ္က်ခံရမယ့္အေရးနဲ႔ ရင္ဆုိင္ေနရၿပီျဖစ္တယ္လုိ႔ သိရပါတယ္။
ဆာဂ်ီယိုရာမို႔စ္ကို ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္က ရည္ရြယ္ခ်က္ရွိရွိ အဝါကတ္ျပား ျပသခံရေအာင္ ျပဳလုပ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း ေတြ႕ရွိခဲ့မယ္ဆုိရင္ ရာမို႔စ္အေနနဲ႔ ၂ ပြဲပယ္ျပစ္ဒဏ္အထိ က်ခံရဖြယ္ရွိေနၿပီး ကြာတားဖုိင္နယ္အဆင့္ကိုပါ လြဲေခ်ာ္ဖြယ္ရွိေနတာျဖစ္ပါတယ္။
ရာမုိ႔စ္ဟာ ေအဂ်က္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပဲြစဥ္ ဒုတိယပိုင္း ၈၉ မိနစ္မွာ အဝါကတ္ျပားျပသခံခဲ့ရၿပီး ယင္းအဝါကတ္ျပားေၾကာင့္ ဒုတိယအေက်ာ့ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။
ရာမို႔စ္က ေအဂ်က္နဲ႔ပြဲအၿပီးမွာ ကြာတားဖုိင္နယ္အဆင့္မွာ အဝါကတ္ျပသခံရၿပီး ပြဲပယ္ခံရမယ့္အေရးကေန ေရွာင္လႊဲႏုိင္ေအာင္ အဝါကတ္ျပား ျပသခံရေအာင္ ႀကိဳတင္ႀကံစည္ၿပီး ျပဳလုပ္ခဲ့ေၾကာင္း အရိပ္အျမြက္ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္ဟာ ရာမို႔စ္ကို အဝါကတ္ျပား ျပသခံရေအာင္ ရည္ရြယ္ခ်က္ရွိရွိ ျပဳလုပ္မႈနဲ႔ စြဲခ်က္တင္ဖုိ႔ ေရြးခ်ယ္ခဲ့ၿပီး ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ က်င့္ဝတ္နဲ႔ စည္းမ်ဥ္းစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕အစည္းက ၾကာသပေတးေန႔မွာ ယင္းကိစၥကို ၾကားနာစစ္ေဆးသြားမွာျဖစ္ပါတယ္။
(Unicode)
ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ရဲ့ အေဂျက်အသင်းနဲ့ ပွဲစဉ်က အဝါကတ်ပြားပြသခံရမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ သိရပါတယ်။
ဆာဂျီယိုရာမို့စ်ကို ဥရောပဘောလုံးအဖွဲ့ချုပ်က ရည်ရွယ်ချက်ရှိရှိ အဝါကတ်ပြား ပြသခံရအောင် ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ရာမို့စ်အနေနဲ့ ၂ ပွဲပယ်ပြစ်ဒဏ်အထိ ကျခံရဖွယ်ရှိနေပြီး ကွာတားဖိုင်နယ်အဆင့်ကိုပါ လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။
ရာမို့စ်ဟာ အေဂျက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် ဒုတိယပိုင်း ၈၉ မိနစ်မှာ အဝါကတ်ပြားပြသခံခဲ့ရပြီး ယင်းအဝါကတ်ပြားကြောင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။
ရာမို့စ်က အေဂျက်နဲ့ပွဲအပြီးမှာ ကွာတားဖိုင်နယ်အဆင့်မှာ အဝါကတ်ပြသခံရပြီး ပွဲပယ်ခံရမယ့်အရေးကနေ ရှောင်လွှဲနိုင်အောင် အဝါကတ်ပြား ပြသခံရအောင် ကြိုတင်ကြံစည်ပြီး ပြုလုပ်ခဲ့ကြောင်း အရိပ်အမြွက်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ရာမို့စ်ကို အဝါကတ်ပြား ပြသခံရအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်မှုနဲ့ စွဲချက်တင်ဖို့ ရွေးချယ်ခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းက ကြာသပတေးနေ့မှာ ယင်းကိစ္စကို ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။
Post a Comment