Header Ads
မူဆလင်မျောက်လို့ ဝက်စ်ဟမ်းပရိတ်သတ်ရဲ့ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့မိုဟာမက်ဆာလာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပြီးခဲ့တဲ့တနင်္လာနေ့ က၀က်စ်ဟမ်း - လီဗာပူးလ်တို့ ပွဲမှာ လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာကို ၀က်စ်ဟမ်းပရိတ်သတ်တစ်ယောက်ကမူစလင်မျောက်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး လူမျိုးရေးခွဲခြားတိုက်ခိုက်မှုကိုကျုးလွန်ခဲ့ကြောင်းသိရပါတယ်။
(Unicode)
မူဆလင်မျောက်လို့ဝက်စ်ဟမ်းပရိတ်သတ်တွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရတဲ့မိုဟာမက်ဆာလာ
ပြီးခဲ့တဲ့တနင်္လာနေ့ကဝက်စ်ဟမ်း ၁-၁ လီဗာပူးလ်တို့ပွဲမှာ လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာကို ဝက်စ်ဟမ်းပရိတ်သတ်တစ်ယောက်က ” မူစလင်မျောက်” လို့ခေါ်ဝေါ်သုံးစွဲခဲ့ပြီး လူမျိုးရေးခွဲခြားတိုက်ခိုက်မှုကိုကျုးလွန်ခဲ့ကြောင်းသိရပါတယ်။
လန်ဒန်ကွင်းရဲ့ပွဲကစားချိန်အတွင်းဆာလာဟာ ထောင့်ကန်ဘောကန်ဖို့လုပ်နေချိန်ပရိတ်သတ်တွေတစ်ယောက်က အော်ပြောနေခဲ့တာကို ဗီဒီယိုမှတ်တမ်းများအရတွေ့ခဲ့တာပဲဖြစ်ပါတယ်။
ဒီဆိုးဆိုးရွားရွားယုတ်မာတဲ့အသုံးအနှုန်းကို ပြတ်ပြတ်သားသားမကြားရသော်လည်း ပရိတ်သတ်တစ်ယောက်ကအောက်ပါအတိုင်းအဆိုပါပရိတ်သတ်ဟာ အော်ပြောခဲ့တယ်လို့ဆိုခဲ့ပါတယ်။
” ဆာလာ သောက်မူစလင်ကောင် ၊သောက်မူစလင်မျောက်ကောင်၊ -ီးပဲ” 
ဝက်စ်ဟမ်းအသင်းကတော့ စုံစမ်းမှုတွေစတင်ပြုလုပ်ခဲ့ပြီး အဆိုပါပရိတ်သတ်ကို ထာဝရပိတ်ပင်ပွဲပယ်တားဆီးသွားဖို့ရှိနေကြောင်းသိရပါတယ်။ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ ” ဝက်စ်ဟမ်းယူနိုက်တက်မှာ ဒီလို လူမျိုးရေးခွဲခြားတာနဲ့ပတ်သတ်ပြီး သည်းခံစိတ်က လုံး၀ ဇီးရိုးပါပဲ။” 
ကျွန်တော်တို့အသင်းဟာ အသက်အရွယ်၊လူမျိုး၊ဘာသာယုံကြည်မှု၊လက်ထပ်ခြင်း၊ကိုယ်ဝန်ဆောင်တာတွေနဲ့သားဖွားမိခင်တွေ၊လိင်ခွဲခြားတာတွေ၊မပါပဲ လူတိုင်းကိုလန်ဒန်ကွင်းကြီးကနေ နွေးထွေးစွာကြိုဆိုတဲ့အသင်းပါ။အကယ်လို့တစ်စုံတစ်ယောက်သာ အဲ့လိုကျုးလွန်ခဲ့ရင် ရဲဌာနမှာ အသေးစိတ်စစ်ဆေးခံရမှာဖြစ်ပြီးလန်ဒန်ကွင်းကနေတစ်သက်လုံးတားမြစ်ပိတ်ပင်ခြင်းပွဲပယ်ခြင်းခံရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကွင်းမှာ ဒီလိုအပြုအမူတွေအတွက်နေရာမရှိပါဘူး။”
ဒီတစ်ကြိမ်ဆာလာအပေါ်လူမျိုးရေးခွဲခြားမှုဟာအင်္ဂလန်ဘောလုံးလောကကိုရုပ်ဆိုးအကျဉ်းတန်စေမှာအမှန်ပါပဲ။ဒီရာသီအတွင်းမန်ချက်စတာစီးတီး ရဲ့ကစားသမား စတာလင်ဟာ စတန်းဖို့ဘရစ်ချ်ကွင်းမှာ ချဲလ်ဆီးပရိတ်သတ်တစ်ဦးရဲ့လူမျိုးရေးခွဲခြားမှုကိုခံခဲ့ရပြီး တော့တင်ဟမ်ပရိတ်သတ်တစ်ယောက်ဟာ လည်း အာဆင်နယ်တိုက်စစ်မှူးအူဘာမီးယန်းကို ငှက်ပျောသီးနဲ့ပစ်ပေါက်ခဲ့တာကြောင့်တစ်သက်တာပွဲပယ်ခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကတင် ရဲတစ်ဖွဲ့တွေဟာ အဲဗာတန်ပရိတ်သတ်တွေကို လူမျိုးရေးခွဲခြားခဲ့တဲ့ မီဝေါလ်အသင်းကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
No comments
Powered by Blogger.