Header Ads


ဒဏ္ရာျပႆနာေတြၾကားကအေ၀းကြင္းအဖိုးတန္နိုင္ပြဲ၃မွတ္ကိုရယူခဲ့တဲ့သရဲနီ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဆိုးလ္ရွားရဲ ့မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိပ္ပြဲစဥ္၂၈အျဖစ္ ယေန ့မနက္ ၂း၃၀ က ခရစ္စတယ္ပဲေလ့စ္အသင္းနဲ ့အေ၀းကြင္းမွာ သြားေရာက္ရင္ဆိုင္ကစားခဲ့ရပါတယ္။

ဒီပြဲမတိုင္ခင္ လက္စတာစီးတီးကို - ျဖင့္အနိုင္ယူခဲ့တဲ့ ခရစ္စတယ္ပဲေလ့စ္အသင္းဟာ ပြဲအစပိုင္းအခ်ိန္ပိုင္းေတြမွာေတာ့ စိတ္ဓာတ္ပိုင္းေရာ ေျခစြမ္းပိုင္းပါ ယူနိုက္တက္အသင္းထက္သာခဲ့ၿပီး တိုက္စစ္ပိုင္းက ေတာင္ဆန္၊ဇာဟာ၊ဘတ္ရူ၀ါရီတို ့ရဲ တြဲလံုးေတြနဲ ့ယူနိုက္တက္ခံစစ္ကိုဖိအားေပးကစားခဲ့ၿပီး ယူနိုက္တက္တို ့ကစားကြက္တည္မရျဖစ္ေနခဲ့ပါတယ္။




ဒါပင္မယ့္လည္း ပြဲကစားခ်ိန္ ၃၃ မိနစ္အေရာက္မွာေတာ့  ယူနိုက္တက္ဘယ္ေတာင္ပံတစ္ေလ ွ်ာက္ေျခစြမ္းျပကစားေနတဲ့လုခ္ေရွာက တစ္ကိုယ္ေတာ္ထိုးေဖာက္မႈကေန ေပးပို ့လိုက္တဲ့ေဘာလံုးကို ယူနိုက္တက္တိုက္စစ္မွဴးလူကာကူ ကဂိုးသမားကို အငိုက္ဖမ္းသြင္းယူသြားခဲ့တာပဲျဖစ္ပါတယ္။

ယူနိုက္တက္တို ့ဟာ ဦးေဆာင္ဂိုးရၿပီးေနာက္ ေဘာလံုးကိုင္ကစားခဲ့ၿပီး ပဲေလ့စ္အသင္းကလည္း တစ္ခါတစ္ရံ ေတာင္ပံတိုက္စစ္တြဲလံုးေတြနဲ ့ယူနိုက္တက္ခံစစ္ကိုခ်ိန္းေျခာက္ခဲ့ပါတယ္။



ဒုတိယပိုင္းအေရာက္မွာေတာ့ ယူနိုက္တက္အသင္းကပဲ တိုက္စစ္ဆင္ကစားခဲ့ၿပီး ပြဲကစားခ်ိန္ ၅၂ မိနစ္မွာ လူကာကူက စေမာလင္းေခါင္းတိုက္ခ်ေပးတဲ့ေဘာလံုးကို ပိတ္သြင္းယူသြားခဲ့ပါတယ္။

ဦးေဆာင္ဂိုး ၂ဂိုးရသြားတဲ့ယူနို္က္တက္တို ့ဟာ ကစားအားကိုေလ်ာ ့ခ်ခဲ့ၿပီးေနာက္ ပဲေလ့စ္အသင္းကတရပ္စပ္ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး ယူနိုက္တက္ခံစစ္ခက္ခက္ခဲခဲတားဆီးေနရၿ႔ပီး အမွားေတြမ်ားလာခဲ့ရာ ပြဲကစားခ်ိန္ ၆၆ မိနစ္မွာ ပဲေလ့စ္ေနာက္တန္းကစားသမား ၀က္ဒ္က ေခ်ပဂိုးသြင္းယူသြားခဲ့ပါတယ္။




ေခ်ပဂိုးရသြားတဲ့ပဲေလ့စ္အသင္းဟာ စိတ္ဓာတ္ပိုင္းအရ ပိုမိုတက္ၾကြလာခဲ့ၿပီး ကစားအားကို အတင္းတင္လာခဲ့ကာ ယူနိုက္တက္ခံစစ္ပိုင္းကို ထိုးေဖာက္ေနခဲ့တာပဲျဖစ္ပါတယ္။ယူနိုက္တက္အသင္းကေတာ့ ဆန္းခ်က္စ္ေနရာ ရပ္ဖို ့ဒ္နဲ ့လူစားလဲခဲ့ၿပီး တန္ျပန္တိုက္စစ္ကို ျပန္အသက္သြင္းဖို ့ၾကိဳးစာခဲ့ရာ ပြဲကစားခ်ိန္ ၈၃ မိနစ္ အေရာက္မွာေတာ့ ယူနိုက္တက္အသင္းအတြက္ အနိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို အက္ရွ္ေလယန္းကသြင္းယူေပးခဲ့ကာ နည္းျပဆိုးလ္ရွားတို ့အဖြဲ ့အိမ္အျပန္လွခဲ့တာပဲျဖစ္ပါတယ္။



ဒီပြဲမွာ ခ်ီးက်ဴးစရာအျဖစ္ ယူနိုက္တက္ေနာက္ခံလူလုခ္ေရွာရဲ ့ဘယ္အစြန္ေနာက္ခံလူေကာင္းတစ္ေယာက္မွာရိွသင့္ရွိထိုက္တဲ့ေျခစြမ္းေကာင္းကို ေတြ ့ျမင္ခ့ဲရၿပီး ပဲေလ့စ္တိုက္စစ္ကစားသမားျဖစ္တဲ့ေတာင္ဆန္နဲ ့ဇာဟာတို ့ဟာ ထိပ္တန္း Level တစ္ခုကိုေရာက္ေနတာကိုအံၾသသင့္ဖြယ္ေတြ ့ခဲ့ရပါတယ္။


မည္သို ့ပင္ဆိုေစကာမူ ရိွတာေလးနဲ ့လွေအာင္ဆင္ၿပီး နိုင္ပြဲရေအာင္ေဆာင္က်ဥ္းခဲ့တဲ့ နည္းျပဆိုးလ္ရွားရဲ ့နည္းဗ်ဴဟာကိုေတာ့ခ်ီးက်ဴးရမွာအမွန္ပါပဲ။

(Unicode)

ဒဏ်ရာပြဿနာတွေကြားကအဝေးကွင်းအဖိုးတန်နိုင်ပွဲ၃မှတ်ကိုရယူခဲ့တဲ့သရဲနီ

ဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိပ်ပွဲစဉ်၂၈အဖြစ် ယနေ့မနက် ၂း၃၀ က ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ကစားခဲ့ရပါတယ်။

ဒီပွဲမတိုင်ခင် လက်စတာစီးတီးကို ၄-၁ ဖြင့်အနိုင်ယူခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ပွဲအစပိုင်းအချိန်ပိုင်းတွေမှာတော့ စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းပါ ယူနိုက်တက်အသင်းထက်သာခဲ့ပြီး တိုက်စစ်ပိုင်းက တောင်ဆန်၊ဇာဟာ၊ဘတ်ရူဝါရီတို့ရဲ့ တွဲလုံးတွေနဲ့ယူနိုက်တက်ခံစစ်ကိုဖိအားပေးကစားခဲ့ပြီး ယူနိုက်တက်တို့ကစားကွက်တည်မရဖြစ်နေခဲ့ပါတယ်။

ဒါပင်မယ့်လည်း ပွဲကစားချိန် ၃၃ မိနစ်အရောက်မှာတော့  ယူနိုက်တက်ဘယ်တောင်ပံတစ်လေ ျှာက်ခြေစွမ်းပြကစားနေတဲ့လုခ်ရှောက တစ်ကိုယ်တော်ထိုးဖောက်မှုကနေ ပေးပို့လိုက်တဲ့ဘောလုံးကို ယူနိုက်တက်တိုက်စစ်မှူးလူကာကူ ကဂိုးသမားကို အငိုက်ဖမ်းသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ဦးဆောင်ဂိုးရပြီးနောက် ဘောလုံးကိုင်ကစားခဲ့ပြီး ပဲလေ့စ်အသင်းကလည်း တစ်ခါတစ်ရံ တောင်ပံတိုက်စစ်တွဲလုံးတွေနဲ့ယူနိုက်တက်ခံစစ်ကိုချိန်းခြောက်ခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ ယူနိုက်တက်အသင်းကပဲ တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်မှာ လူကာကူက စမောလင်းခေါင်းတိုက်ချပေးတဲ့ဘောလုံးကို ပိတ်သွင်းယူသွားခဲ့ပါတယ်။

ဦးဆောင်ဂိုး ၂ဂိုးရသွားတဲ့ယူနိုက်တက်တို့ဟာ ကစားအားကိုလျော့ချခဲ့ပြီးနောက် ပဲလေ့စ်အသင်းကတရပ်စပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ယူနိုက်တက်ခံစစ်ခက်ခက်ခဲခဲတားဆီးနေရြ့ပီး အမှားတွေများလာခဲ့ရာ ပွဲကစားချိန် ၆၆ မိနစ်မှာ ပဲလေ့စ်နောက်တန်းကစားသမား ဝက်ဒ်က ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။

ချေပဂိုးရသွားတဲ့ပဲလေ့စ်အသင်းဟာ စိတ်ဓာတ်ပိုင်းအရ ပိုမိုတက်ကြွလာခဲ့ပြီး ကစားအားကို အတင်းတင်လာခဲ့ကာ ယူနိုက်တက်ခံစစ်ပိုင်းကို ထိုးဖောက်နေခဲ့တာပဲဖြစ်ပါတယ်။ယူနိုက်တက်အသင်းကတော့ ဆန်းချက်စ်နေရာ ရပ်ဖို့ဒ်နဲ့လူစားလဲခဲ့ပြီး တန်ပြန်တိုက်စစ်ကို ပြန်အသက်သွင်းဖို့ကြိုးစာခဲ့ရာ ပွဲကစားချိန် ၈၃ မိနစ် အရောက်မှာတော့ ယူနိုက်တက်အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို အက်ရှ်လေယန်းကသွင်းယူပေးခဲ့ကာ နည်းပြဆိုးလ်ရှားတို့အဖွဲ့အိမ်အပြန်လှခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲမှာ ချီးကျူးစရာအဖြစ် ယူနိုက်တက်နောက်ခံလူလုခ်ရှောရဲ့ဘယ်အစွန်နောက်ခံလူကောင်းတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ခြေစွမ်းကောင်းကို တွေ့မြင်ခဲ့ရပြီး ပဲလေ့စ်တိုက်စစ်ကစားသမားဖြစ်တဲ့တောင်ဆန်နဲ့ဇာဟာတို့ဟာ ထိပ်တန်း Level တစ်ခုကိုရောက်နေတာကိုအံသြသင့်ဖွယ်တွေ့ခဲ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ ရှိတာလေးနဲ့လှအောင်ဆင်ပြီး နိုင်ပွဲရအောင်ဆောင်ကျဉ်းခဲ့တဲ့ နည်းပြဆိုးလ်ရှားရဲ့နည်းဗျူဟာကိုတော့ချီးကျူးရမှာအမှန်ပါပဲ။

No comments

Powered by Blogger.