ယူနိုက္တက္ရဲ့ဒဏ္ရာျပႆနာေတြကလီဗာပူးလ္အသင္းရဲ ့စည္းခ်က္က်ေနမႈအေပၚရိုက္ခတ္ေစခဲ့ပါတယ္။#ဂ်ာဂန္ကေလာ့
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့ကေတာ ့မန္ခ်က္စတာယူနိုက္တက္ရဲ ့ဒဏ္ရာျပႆနာေတြဟာ သူ ့အသင္းသားေတြအေပၚ အနုတ္လကၡဏေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈကိုျဖစ္ေစခဲ့တယ္လို ့ဆိုလိုက္ပါတယ္။၂သင္းစလံုးဟာ အိုထရက္ဖို ့ဒ္မွာ ဂိုးမရိွသေရက်ခဲ့ၿပီး ကေလာ့ရဲ ့ကစားသမားေတြဟာ ေဘာလံုးပိုင္ဆိုင္မႈကိုလႊမ္းမိုးနိုင္ခဲ့ေသာ္လည္း သူတို ့ရဲ့ၿပိဳင္ဘက္ကို ဂိုးေပါက္ၿခိမ္းေျခာက္ဖို ့ေတာင္အေတာ္ေလးရုန္းကန္ခဲ့ရပါတယ္။
ရမွတ္၁မွတ္ရခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းဟာဇယားထိပ္မွာ ၁မွတ္အသာနဲ့ ရပ္တည္ေနၿပီးယူနိုက္တက္ကေတာ့ အဆိုပါပြဲပထမပိုင္းမွာ ကစားသမား ၃ေယာက္အထိ လူစားလဲခဲ့ရေသာ္လည္း အခြင့္ေရးေကာင္းတစ္ခ်ိဳ ့ရရိွခဲ့ပါတယ္။လီဗာပူးလ္အသင္းကေတာ့အသင္းရဲ့တိုက္စစ္မွဴး ေရာ္ဘတ္တိုဖာမီနိုရဲ ့ယခင္ဒူးဒဏ္ရာေဟာင္းျပႆနာေၾကာင့္ စတားရစ္ခ်္နဲ့လူစားလဲခဲ့ရၿပီး ယူနိုက္တက္အသင္းကေတာ့ ပထမပိုင္းပြဲကစားေနခ်ိန္အတြင္းမွာပင္အသင္းရဲ ့အဓိကကစားသမားေတြျဖစ္တဲ့လင္ဂတ္၊ဟာရဲရားနဲ့မာတာတို ့ဒဏ္ရာကိုယ္စီရရိွခဲ့တာပဲျဖစ္ပါတယ္။
သို ့ေသာ္လည္း အိုေလးဂန္နာဆိုးလ္ရွားရဲ ့ကစားသမားေတြဟာ ဒဏ္ရာျပႆနာေတြရိွခဲ့ေသာ္လည္း လီဗာပူးလ္အသင္းကို ရဲရဲရင့္ရင့္ရင္ဆိုင္သြားခဲ့ၿပီး ဒီဇင္ဘာလထဲက ပရီးမီးယားလိပ္ရံႈးပြဲမရိွစံခ်ိန္ကိုရယူထားဆဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း ကေလာ့က ယူနိုက္တက္ကစားသမားေတြရဲ ့ပြဲကစားေနခ်ိန္အတြင္း ဒဏ္ရာျပႆနာေတြဟာ သူ ့အသင္းရဲ ့စည္းခ်က္က်ေနမႈအေပၚ ပိုမိုဆိုးရြားေစခဲ့တယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။Talk Sport ကိုပြဲအၿပီးေျပာၾကားခဲ့ရာမွာေတာ့ ” ကၽြန္ေတာ္တို ့လိုခ်င္တဲ့အရာအတိုင္းတိက်စြာ စတင္နိုင္ခဲ့ပါတယ္။တကယ့္ကို တိုက္ရိုက္ပါပဲ။ေနာက္ကြယ္ကေန ကၽြန္ေတာ္တို ့သူတို ့ကို ဖိအားအျပည့္ေပးခဲ့ပါတယ္။ၿပီးတဲ့အခ်ိန္မွာေတာ့ ဒဏ္ရာျပႆနာေတြစတင္ေပၚေပါက္လာခဲ့ပါတယ္။သူတို ့အတြက္ေတာ့ ထူးဆန္းတဲ့ေန ့ပါပဲ။ကံမေကာင္းစြာပဲ ကၽြန္ေတာ္တို ့ရဲ ့စည္းကိုက္၀ါးကိုက္ျဖစ္ေနတဲ့အေပၚ ဆိုးသြားေစခဲ့ပါတယ္။အဆံုးအထိ ကၽြန္ေတာ္တို ့ရဲ ့ပံုစံေကာင္းကိုျပန္မရခဲ့ပါဘူး။”
သို ့ေသာ္လည္း လီဗာပူးလ္နည္းျပကေတာ့ ယူနိုက္တက္ဟာ တစ္ခုခုယူေဆာင္ဖို ့အတြက္ ရိွခဲ့တယ္လို ့ခံစားရေၾကာင္း၀န္ခံေျပာၾကားခဲ့ပါတယ္။ ” ကၽြန္ေတာ္အရမ္းမေပ်ာ္ရပါဘူး။ထူးဆန္းတဲ့ပြဲပဲဗ်ာ။သူတို ့ရဲ ့တန္ျပန္တိုက္စစ္ေတြနဲ ့တည္ကန္ေဘာေတြကို အေသဂရုစိုက္ခဲ့ရတယ္။သူတို ့အသင္းဟာ အရမ္းကိုအႏၱရာယ္ရိွတာပါ။အခု ရမွတ္တစ္မွတ္ပါ။ယူနိုက္တက္ကြင္းမွာ သေရတစ္မွတ္ဟာ တကယ္ေတာ ့အိုေကပါတယ္။ဒါပင္မယ့္ ဒီေန ့အတြက္တစ္ခုထဲေသာျပႆနာက ကၽြန္ေတာ္တို ့သူတို ့ကို အနိုင္မယူနိုင္ခဲ့တာလို ့ထင္ပါတယ္။ဒါပင္မယ့္လည္း ဒီလိုပံုစံမ်ိဳးနဲ ့လည္း ကၽြန္ေတာ္တို ့မလုပ္နိုင္ပါဘူး။၀က္ဖို ့ဒ္အသင္းနဲ ့လာမယ့္ပြဲမွာအေကာင္းဆံုးျဖစ္ေအာင္ၾကိဳးစားမွာပါ။ေဘာ္ဘီရဲ့ ဒဏ္ရာဟာ အရမ္းၾကီးမျပင္းထန္ဘူးလို ့ေမ ွ်ာ္လင့္ထားပါတယ္။အဆံုးမွာ ကၽြန္ေတာ္တို ့ေတြခ်န္ပီယံျဖစ္ခ်င္ပါတယ္။ကၽြန္ေတာ္တို ့ပံုမွန္ျဖစ္ဖို ့သေဘာေပါက္ရပါမယ္။ဒီေန ့ေတာ ့အေကာင္းဆံုးမလုပ္နိုင္ခဲ့ဘူး။ယူနိုက္တက္နဲ့ပြဲကရမွတ္၁မွတ္ဟာ တကယ္ေတာ့ အဆင္ေျပပါတယ္။”
” လူေတြက ကၽြန္ေတာ္တို ့အသင္းကို ရံႈးေစခ်င္ၾကပါတယ္။ဒါပင္မယ့္ ကၽြန္ေတာ္တို ့မျဖစ္ခဲ့ပါဘူး။အခုေတာ့ လက္က်န္ပြဲေတြအတြက္ ဆက္ကစားၾကတာေပါ့။”
(Unicode)
ယူနိုက်တက်ရဲ့ဒဏ်ရာပြဿနာတွေကလီဗာပူးလ်အသင်းရဲ့စည်းချက်ကျနေမှုအပေါ်ရိုက်ခတ်စေခဲ့ပါတယ်။#ဂျာဂန်ကလော့
လီဗာပူးလ်နည်းပြဂျာဂန်ကလော့ကတော့မန်ချက်စတာယူနိုက်တက်ရဲ့ဒဏ်ရာပြဿနာတွေဟာ သူ့အသင်းသားတွေအပေါ် အနုတ်လက္ခဏဆောင်တဲ့ အကျိုးသက်ရောက်မှုကိုဖြစ်စေခဲ့တယ်လို့ဆိုလိုက်ပါတယ်။၂သင်းစလုံးဟာ အိုထရက်ဖို့ဒ်မှာ ဂိုးမရှိသရေကျခဲ့ပြီး ကလော့ရဲ့ကစားသမားတွေဟာ ဘောလုံးပိုင်ဆိုင်မှုကိုလွှမ်းမိုးနိုင်ခဲ့သော်လည်း သူတို့ရဲ့ပြိုင်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်ဖို့တောင်အတော်လေးရုန်းကန်ခဲ့ရပါတယ်။
ရမှတ်၁မှတ်ရခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာဇယားထိပ်မှာ ၁မှတ်အသာနဲ့ ရပ်တည်နေပြီးယူနိုက်တက်ကတော့ အဆိုပါပွဲပထမပိုင်းမှာ ကစားသမား ၃ယောက်အထိ လူစားလဲခဲ့ရသော်လည်း အခွင့်ရေးကောင်းတစ်ချို့ရရှိခဲ့ပါတယ်။လီဗာပူးလ်အသင်းကတော့အသင်းရဲ့တိုက်စစ်မှူး ရော်ဘတ်တိုဖာမီနိုရဲ့ယခင်ဒူးဒဏ်ရာဟောင်းပြဿနာကြောင့် စတားရစ်ချ်နဲ့လူစားလဲခဲ့ရပြီး ယူနိုက်တက်အသင်းကတော့ ပထမပိုင်းပွဲကစားနေချိန်အတွင်းမှာပင်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့လင်ဂတ်၊ဟာရဲရားနဲ့မာတာတို့ဒဏ်ရာကိုယ်စီရရှိခဲ့တာပဲဖြစ်ပါတယ်။
သို့သော်လည်း အိုလေးဂန်နာဆိုးလ်ရှားရဲ့ကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေရှိခဲ့သော်လည်း လီဗာပူးလ်အသင်းကို ရဲရဲရင့်ရင့်ရင်ဆိုင်သွားခဲ့ပြီး ဒီဇင်ဘာလထဲက ပရီးမီးယားလိပ်ရှုံးပွဲမရှိစံချိန်ကိုရယူထားဆဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ကလော့က ယူနိုက်တက်ကစားသမားတွေရဲ့ပွဲကစားနေချိန်အတွင်း ဒဏ်ရာပြဿနာတွေဟာ သူ့အသင်းရဲ့စည်းချက်ကျနေမှုအပေါ် ပိုမိုဆိုးရွားစေခဲ့တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။Talk Sport ကိုပွဲအပြီးပြောကြားခဲ့ရာမှာတော့ ” ကျွန်တော်တို့လိုချင်တဲ့အရာအတိုင်းတိကျစွာ စတင်နိုင်ခဲ့ပါတယ်။တကယ့်ကို တိုက်ရိုက်ပါပဲ။နောက်ကွယ်ကနေ ကျွန်တော်တို့သူတို့ကို ဖိအားအပြည့်ပေးခဲ့ပါတယ်။ပြီးတဲ့အချိန်မှာတော့ ဒဏ်ရာပြဿနာတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။သူတို့အတွက်တော့ ထူးဆန်းတဲ့နေ့ပါပဲ။ကံမကောင်းစွာပဲ ကျွန်တော်တို့ရဲ့စည်းကိုက်ဝါးကိုက်ဖြစ်နေတဲ့အပေါ် ဆိုးသွားစေခဲ့ပါတယ်။အဆုံးအထိ ကျွန်တော်တို့ရဲ့ပုံစံကောင်းကိုပြန်မရခဲ့ပါဘူး။”
သို့သော်လည်း လီဗာပူးလ်နည်းပြကတော့ ယူနိုက်တက်ဟာ တစ်ခုခုယူဆောင်ဖို့အတွက် ရှိခဲ့တယ်လို့ခံစားရကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။ ” ကျွန်တော်အရမ်းမပျော်ရပါဘူး။ထူးဆန်းတဲ့ပွဲပဲဗျာ။သူတို့ရဲ့တန်ပြန်တိုက်စစ်တွေနဲ့တည်ကန်ဘောတွေကို အသေဂရုစိုက်ခဲ့ရတယ်။သူတို့အသင်းဟာ အရမ်းကိုအန္တရာယ်ရှိတာပါ။အခု ရမှတ်တစ်မှတ်ပါ။ယူနိုက်တက်ကွင်းမှာ သရေတစ်မှတ်ဟာ တကယ်တော့အိုကေပါတယ်။ဒါပင်မယ့် ဒီနေ့အတွက်တစ်ခုထဲသောပြဿနာက ကျွန်တော်တို့သူတို့ကို အနိုင်မယူနိုင်ခဲ့တာလို့ထင်ပါတယ်။ဒါပင်မယ့်လည်း ဒီလိုပုံစံမျိုးနဲ့လည်း ကျွန်တော်တို့မလုပ်နိုင်ပါဘူး။ဝက်ဖို့ဒ်အသင်းနဲ့လာမယ့်ပွဲမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ။ဘော်ဘီရဲ့ ဒဏ်ရာဟာ အရမ်းကြီးမပြင်းထန်ဘူးလို့မေ ျှာ်လင့်ထားပါတယ်။အဆုံးမှာ ကျွန်တော်တို့တွေချန်ပီယံဖြစ်ချင်ပါတယ်။ကျွန်တော်တို့ပုံမှန်ဖြစ်ဖို့သဘောပေါက်ရပါမယ်။ဒီနေ့တော့အကောင်းဆုံးမလုပ်နိုင်ခဲ့ဘူး။ယူနိုက်တက်နဲ့ပွဲကရမှတ်၁မှတ်ဟာ တကယ်တော့ အဆင်ပြေပါတယ်။”
” လူတွေက ကျွန်တော်တို့အသင်းကို ရှုံးစေချင်ကြပါတယ်။ဒါပင်မယ့် ကျွန်တော်တို့မဖြစ်ခဲ့ပါဘူး။အခုတော့ လက်ကျန်ပွဲတွေအတွက် ဆက်ကစားကြတာပေါ့။”
Post a Comment