ယူနိုက္တက္နဲ ့ပြဲမွာလူစားလဲခဲ့တာေၾကာင့္အခ်င္းမ်ားခဲ့ၾကတဲ့ဟန္ဒါဆင္နဲ ့ကေလာ့
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဓာတ္ပံုျမင္ကြင္းေတြအရ ယာဂင္ကေလာ့ပ္ နဲ႔ ဟန္ဒါဆန္တို႔ၾကားမွာ တစ္စံုတစ္ရာ အျငင္းပြားမႈေတြ ျဖစ္ပြားခဲ့ျပီး ဟန္ဒါဆန္က ကေလာ့ပ္အေပၚ မေက်မနပ္ျဖစ္ေနခဲ့ပံု ေပၚခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ လူစားလဲလွယ္ခံရျပီးေနာက္ နည္းျပ ယာဂင္ကေလာ့ပ္နဲ႔ လက္ဆြဲႏႈတ္ဆက္ဖို႔ကို ျငင္းဆန္သြားခဲ့ပါတယ္။ ပြဲခ်ိန္ (၇၂)မိနစ္မွာ ဟန္ဒါဆန္ကို ရွာကြီရီနဲ႔ လူစားလဲလွယ္ဖို႔ ကေလာ့ပ္က ျပင္ဆင္ခဲ့တာ ျဖစ္ျပီး အႏိုင္ဂိုးရဖို႔ တိုက္စစ္ကို ျမွင့္တင္ခဲ့တာလည္း ျဖစ္ပါတယ္။
အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူကစားေနခဲ့တဲ့ ဟန္ဒါဆန္ဟာ ဂ်ိမ္းစ္မီလ္နာကို အသင္းေခါင္းေဆာင္လက္ပတ္ လႊဲေျပာင္းေပးခဲ့ျပီးေနာက္ လူစားလဲလွယ္ဖို႔ ကြင္းအျပင္ကို ထြက္ခြာလာခဲ့ျပီး ပရိသတ္ေတြဘက္ကိုလွည့္ကာ လက္ခုပ္တီးအားေပးသြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ကေလာ့ပ္က ဟန္ဆန္ဒါကို လက္ဆြဲႏႈတ္ဆက္ဖို႔ ၾကိဳးစားခဲ့မႈကို ဟန္ဒါဆန္က ေရွာင္လြႊဲခဲ့တာျဖစ္ပါတယ္။
ဟန္ဒါဆန္က အရန္ကစားသမားထိုင္ခံုကိုပဲ သြားေရာက္ထုိင္ေနခဲ့ျပီးေနာက္မွာ ကေလာ့ပ္က ဟန္ဒါဆန္ကို နည္းစနစ္ညႊန္ၾကားေရးဧရိယာအတြင္း ျပန္လည္ေခၚယူခဲ့ျပီးေတာ့ သူ႔ကို လက္ဆြဲႏႈတ္ဆက္မႈမျပဳခဲ့တဲ့ အေပၚမွာ ေျဖရွင္းခ်က္ေပးဖို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီေနာက္မွာ သူတို႔ႏွစ္ဦးဟာ အျပန္အလွန္ စကားေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကျပီးေနာက္ လက္ဆြဲႏႈတ္ဆက္ခဲ့ၾကကာ ဟန္ဒါဆန္က အရံခံုတန္းကို ျပန္လည္သြားေရာက္ခဲ့ပါတယ္။
ဓာတ္ပံုျမင္ကြင္းမ်ားအရ ဟန္ဒါဆန္ နဲ႔ ယာဂင္ကေလာ့ပ္တို႔ၾကားမွာ အျငင္းပြားမႈေတြ ျဖစ္ေပၚခဲ့တယ္လို႔ ယူဆရပါတယ္။ အျပန္အလွန္ေအာ္ဟစ္ေျပာဆိုမႈတခ်ိဳ႕လည္း ရွိခဲ့ျပီးေတာ့ ဟန္ဒါဆန္အေနနဲ႔ သူ႔ကို လူစားလဲလွယ္ခဲ့တဲ့အေပၚမွာ နည္းျပကေလာ့ပ္ကို စိတ္မေက်မနပ္ျဖစ္ေနခဲ့ပံု ရပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ေျပလည္မႈရရွိသြားခဲ့ျပီး ကေလာ့ပ္က ဟန္ဒါဆန္ကို လူစားလဲလွယ္ခ့ဲတဲ့ အေၾကာင္းရင္းကို ရွင္းျပေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အိမ္ကြင္းမွာ အဓိကကစားသမားေတြ ဒဏ္ရာရရွိခဲ့လို႔ ဒုတိယပိုင္းမွာ ရုန္းကန္ခဲ့ရေပမယ့္လည္း ဒီအခြင့္အေရးကို အရယူဖို႔ လီဗာပူးလ္အသင္းက မၾကိဳးစားႏိုင္ခဲ့ပါဘူး။ ဒီအခ်ိန္မွာ တိုက္စစ္အရွိန္ကို ျမွင့္တင္ဖို႔ ကေလာ့ပ္က ဆံုးျဖတ္ခဲ့ျပီး ဟန္ဒါဆန္ကို ရွာကြီရီနဲ႔ လူစားလဲလွယ္ခဲ့ တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္ဟာ သြင္းဂိုးရရွိဖို႔အတြက္ ခက္ခဲေနခဲ့ျပီး ဂိုးမရွိသေရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။
(Credit)
(Unicode)
ယူနိုက်တက်နဲ့ပွဲမှာလူစားလဲခဲ့တာကြောင့်အချင်းများခဲ့ကြတဲ့ဟန်ဒါဆင်နဲ့ကလော့
ဓာတ်ပုံမြင်ကွင်းတွေအရ ယာဂင်ကလော့ပ် နဲ့ ဟန်ဒါဆန်တို့ကြားမှာ တစ်စုံတစ်ရာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီး ဟန်ဒါဆန်က ကလော့ပ်အပေါ် မကျေမနပ်ဖြစ်နေခဲ့ပုံ ပေါ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ လူစားလဲလှယ်ခံရပြီးနောက် နည်းပြ ယာဂင်ကလော့ပ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ကို ငြင်းဆန်သွားခဲ့ပါတယ်။ ပွဲချိန် (၇၂)မိနစ်မှာ ဟန်ဒါဆန်ကို ရှာကွီရီနဲ့ လူစားလဲလှယ်ဖို့ ကလော့ပ်က ပြင်ဆင်ခဲ့တာ ဖြစ်ပြီး အနိုင်ဂိုးရဖို့ တိုက်စစ်ကို မြှင့်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားနေခဲ့တဲ့ ဟန်ဒါဆန်ဟာ ဂျိမ်းစ်မီလ်နာကို အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းပေးခဲ့ပြီးနောက် လူစားလဲလှယ်ဖို့ ကွင်းအပြင်ကို ထွက်ခွာလာခဲ့ပြီး ပရိသတ်တွေဘက်ကိုလှည့်ကာ လက်ခုပ်တီးအားပေးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကလော့ပ်က ဟန်ဆန်ဒါကို လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့မှုကို ဟန်ဒါဆန်က ရှောင်လွှဲခဲ့တာဖြစ်ပါတယ်။
ဟန်ဒါဆန်က အရန်ကစားသမားထိုင်ခုံကိုပဲ သွားရောက်ထိုင်နေခဲ့ပြီးနောက်မှာ ကလော့ပ်က ဟန်ဒါဆန်ကို နည်းစနစ်ညွှန်ကြားရေးဧရိယာအတွင်း ပြန်လည်ခေါ်ယူခဲ့ပြီးတော့ သူ့ကို လက်ဆွဲနှုတ်ဆက်မှုမပြုခဲ့တဲ့ အပေါ်မှာ ဖြေရှင်းချက်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့နှစ်ဦးဟာ အပြန်အလှန် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် လက်ဆွဲနှုတ်ဆက်ခဲ့ကြကာ ဟန်ဒါဆန်က အရံခုံတန်းကို ပြန်လည်သွားရောက်ခဲ့ပါတယ်။
ဓာတ်ပုံမြင်ကွင်းများအရ ဟန်ဒါဆန် နဲ့ ယာဂင်ကလော့ပ်တို့ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ်။ အပြန်အလှန်အော်ဟစ်ပြောဆိုမှုတချို့လည်း ရှိခဲ့ပြီးတော့ ဟန်ဒါဆန်အနေနဲ့ သူ့ကို လူစားလဲလှယ်ခဲ့တဲ့အပေါ်မှာ နည်းပြကလော့ပ်ကို စိတ်မကျေမနပ်ဖြစ်နေခဲ့ပုံ ရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပြေလည်မှုရရှိသွားခဲ့ပြီး ကလော့ပ်က ဟန်ဒါဆန်ကို လူစားလဲလှယ်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြနေခဲ့တာကိုလည်း တွေ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ အဓိကကစားသမားတွေ ဒဏ်ရာရရှိခဲ့လို့ ဒုတိယပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒီအခွင့်အရေးကို အရယူဖို့ လီဗာပူးလ်အသင်းက မကြိုးစားနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ တိုက်စစ်အရှိန်ကို မြှင့်တင်ဖို့ ကလော့ပ်က ဆုံးဖြတ်ခဲ့ပြီး ဟန်ဒါဆန်ကို ရှာကွီရီနဲ့ လူစားလဲလှယ်ခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ဟာ သွင်းဂိုးရရှိဖို့အတွက် ခက်ခဲနေခဲ့ပြီး ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
(Credit)
Post a Comment