Header Ads


ခ်ဲလ္ဆီးကို ၆ဂိုးျပတ္ျဖင့္နိုင္ဖို ့မတမ္းတခဲ့ဖူးဘူးလို ့ဆိုလိုက္တဲ့မန္စီးတီးနည္းျပပတ္ဂြာဒီယိုလာ




မန္စီးတီး အသင္းနည္းျပ ပတ္ဂြာဒီယိုလာက သူအေနႏွင့္ ခ်ဲလ္ဆီးအသင္းကိုပရီးမီးယားလိဂ္ပြဲစဥ္တစ္ခုအျဖစ္ေတြဆံုယွဥ္ၿပိဳင္ကစားစဥ္က၆ ဂိုးျပတ္ႏွင့္အႏိုင္ရ႐ွိဖို႔အထိမေမွ်ာ္လင့္မတမ္းတခဲ့ဘူးလို႔ဆိုလိုက္ၿပီး သူတို႔ ရဲ႕ဂိုးျပတ္ႏိုင္ပြဲေၾကာင့္ကာရာေဘာင္ဖိုင္နယ္မွာ ခ်ဲလ္ဆီး အသင္းကိုဖလားကိုအရယူဖို႔ႏွင့္သိကၡာဆယ္ဖို႔အားေပးသလိုျဖစ္သြားတယ္လို႔ယံုၾကည္မိေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

ပက္ဂြာဒီယိုလာႏွင့္ဆာရီတို႔ ၾကားမွာၿပိဳင္ဆိုင္မႈအျပင္းအထန္ဆံုးအေနအထားမွာ႐ွိေနၿပီး ကာရာေဘာင္ဖလားလုပြဲကသူတို႔ကိုပိုၿပီးေတာက္ေလာင္ေစမွာေသခ်ာပါတယ္။ခ်ဲလ္ဆီးအသင္းဟာ ယခုႏွစ္ရာသီႏွင့္ ရာစုတစ္ခုအတြင္းဂိုးျပတ္႐ွံူးနိမ့္ျခင္းမွတ္တမ္းဆိုးႀကီးရ႐ွိေအာင္မန္စီးတီးအသင္းက ၆ဂိုးသြင္းကာေပးအပ္ခဲ့ပါတယ္။အဆိုပါ႐ွံုးပြဲေၾကာင့္ခ်ဲလ္ဆီးအသင္းနည္းျပဆာရီအေပၚဖိအားထုႀကီးက်ေရာက္ေနၿပီး အဆိုပါကာရာေဘာင္ဖလားလုပြဲမွာအႏိုင္ရ႐ွိမွသာနည္းနည္းေခ်ာင္လည္လာဖို႔႐ွိေနပါတယ္။



"ကြၽန္ေတာ္သူတို႔အသင္းကို၆ဂိုးျပတ္နဲ႔အႏိုင္ရ႐ွိခဲ့တဲ့အခိုက္အတန္႔ကအရမ္းကိုေပ်ာ္ရႊင္ဖို႔ေကာင္းတယ္ဗ်ဒါေပမယ့္အဲဒီအခ်ိန္ကို အသင္းက ၆ဂိုးမသြင္းလည္းထိုနည္းလည္းေကာင္းေပ်ာ္ရႊင္မွာေသခ်ာပါတယ္"လို႔ ဂြာဒီယိုလာကဆိုပါတယ္။

"ၿပီးေတာ့ ကြၽန္ေတာ္မႀကိဳက္တာတစ္ခု႐ွိတယ္ဗ် အဲဒါက ကိုယ့္အသင္းက အႏိုင္ပိုင္းအျပတ္ေဆာ္ထားတဲ့အသင္းနဲ႔ အခ်ိန္ကာလအနည္းငယ္အတြင္းေနာက္တစ္ႀကိမ္ထပ္ကစားရတာမႀကိဳက္ဘူးဗ် ။သူတို႔ဆီမွာတကယ္ကစားသမားေကာင္းေတြ႐ွိတယ္။ၿပီးေတာ့သူအသင္းကဂုဏ္ယူဖို႔ေကာင္းတယ္ဗ် သူတို႔ အတြက္ျပင္ဆင္စရာေတြလုပ္ထားလိမ့္မယ္ထင္တယ္။ၿပီးေတာ့ ကြၽန္ေတာ္ တို႔အသင္း စတန္းဖို႔ဘရစ္ခ်္မွာကစားတုန္းက ၂ဂိုးျပတ္နဲ႔႐ွံုးနိမ္ခဲ့တာကို ကသိကေအာင္ျဖစ္ၿပီး အ႐ွံုးကိုလက္ခံဖို႔ခကိခဲတယ္ဗ်"



"ဒါေပမယ့္အဲဒါကဘာလဲဗ် ကြၽနိေတာ္တို႔အေနႏွင့္စိတိပိုင္းဆိုင္ရာယံုၾကည့္မႈအျပည့္အဝ႐ွိေအာင္ျပင္ဆင္ၿပီးသြားမယ္ဆိုပိုေကာင္းမယ္ဗ် ဗိုလ္လုပြဲကစားရမယ္ဆိုေတာ့ ႀကိဳးစားရမယ္အေနအထားကလည္း ပြဲတိုင္းကို ဗိုလ္လုပြဲလိုသတိမွတ္ၿပီးအႏိုင္ကနိရမွာပါ။"

မန္စီးတီး အသင္းကဝင္ဘေလကြင္းမွာယွဥ္ၿပိဳင္ဖို႔ျပင္ဆငိေနခ်ိနိမွာ ခ်န္ပီယံဆုရဲ႕အနိးဆံုးရန္သူလီဗာပူးလ္အသင္းကေတာ့ယူႏိုကိတက္အသင္းႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္အိုးထရက္ဖိုဒ္မွာယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ဒါေပမယ့္သူတို႔အေနႏွင့္အဆိုပါပြဲစဥ္ကိုအာရံုစိုက္မည့္အေနအထားေတာ့မ႐ွိေလာက္ပါဘူး။


"ကြၽန္ေတာ္အထင္ေျပာရရင္အဲဒီအခ်ိန္မွာကြၽန္ေတာိတို႔ ေျခအိတ္ဝတ္ ဖိနပ္ဝတ္ အက်ႌ လဲ ေဘာင္းဘီဝတ္ ဝတ္ဆင္ျပင္ဆင္ေနေလာက္ပါၿပီ။အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနႏွင့္အဲဒီပြဲကိုၾကည့္ဖို႔အခ်ိန္မ႐ွိေလာက္ဘူးဗ်"လို႔ဂြာဒီယိုလာကဆိုပါတယ္။



(Unicode)

 ချဲလ်ဆီးကို ၆ဂိုးပြတ်ဖြင့်နိုင်ဖို့မတမ်းတခဲ့ဖူးဘူးလို့ဆိုလိုက်တဲ့မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာ


မန်စီးတီး အသင်းနည်းပြ ပတ်ဂွာဒီယိုလာက သူအနေနှင့် ချဲလ်ဆီးအသင်းကိုပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုအဖြစ်တွေဆုံယှဉ်ပြိုင်ကစားစဉ်က၆ ဂိုးပြတ်နှင့်အနိုင်ရရှိဖို့အထိမမျှော်လင့်မတမ်းတခဲ့ဘူးလို့ဆိုလိုက်ပြီး သူတို့ ရဲ့ဂိုးပြတ်နိုင်ပွဲကြောင့်ကာရာဘောင်ဖိုင်နယ်မှာ ချဲလ်ဆီး အသင်းကိုဖလားကိုအရယူဖို့နှင့်သိက္ခာဆယ်ဖို့အားပေးသလိုဖြစ်သွားတယ်လို့ယုံကြည်မိကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

ပက်ဂွာဒီယိုလာနှင့်ဆာရီတို့ ကြားမှာပြိုင်ဆိုင်မှုအပြင်းအထန်ဆုံးအနေအထားမှာရှိနေပြီး ကာရာဘောင်ဖလားလုပွဲကသူတို့ကိုပိုပြီးတောက်လောင်စေမှာသေချာပါတယ်။ချဲလ်ဆီးအသင်းဟာ ယခုနှစ်ရာသီနှင့် ရာစုတစ်ခုအတွင်းဂိုးပြတ်ရှူံးနိမ့်ခြင်းမှတ်တမ်းဆိုးကြီးရရှိအောင်မန်စီးတီးအသင်းက ၆ဂိုးသွင်းကာပေးအပ်ခဲ့ပါတယ်။အဆိုပါရှုံးပွဲကြောင့်ချဲလ်ဆီးအသင်းနည်းပြဆာရီအပေါ်ဖိအားထုကြီးကျရောက်နေပြီး အဆိုပါကာရာဘောင်ဖလားလုပွဲမှာအနိုင်ရရှိမှသာနည်းနည်းချောင်လည်လာဖို့ရှိနေပါတယ်။

"ကျွန်တော်သူတို့အသင်းကို၆ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့အခိုက်အတန့်ကအရမ်းကိုပျော်ရွှင်ဖို့ကောင်းတယ်ဗျဒါပေမယ့်အဲဒီအချိန်ကို အသင်းက ၆ဂိုးမသွင်းလည်းထိုနည်းလည်းကောင်းပျော်ရွှင်မှာသေချာပါတယ်"လို့ ဂွာဒီယိုလာကဆိုပါတယ်။

"ပြီးတော့ ကျွန်တော်မကြိုက်တာတစ်ခုရှိတယ်ဗျ အဲဒါက ကိုယ့်အသင်းက အနိုင်ပိုင်းအပြတ်ဆော်ထားတဲ့အသင်းနဲ့ အချိန်ကာလအနည်းငယ်အတွင်းနောက်တစ်ကြိမ်ထပ်ကစားရတာမကြိုက်ဘူးဗျ ။သူတို့ဆီမှာတကယ်ကစားသမားကောင်းတွေရှိတယ်။ပြီးတော့သူအသင်းကဂုဏ်ယူဖို့ကောင်းတယ်ဗျ သူတို့ အတွက်ပြင်ဆင်စရာတွေလုပ်ထားလိမ့်မယ်ထင်တယ်။ပြီးတော့ ကျွန်တော် တို့အသင်း စတန်းဖို့ဘရစ်ချ်မှာကစားတုန်းက ၂ဂိုးပြတ်နဲ့ရှုံးနိမ်ခဲ့တာကို ကသိကအောင်ဖြစ်ပြီး အရှုံးကိုလက်ခံဖို့ခကိခဲတယ်ဗျ"

"ဒါပေမယ့်အဲဒါကဘာလဲဗျ ကျွနိတော်တို့အနေနှင့်စိတိပိုင်းဆိုင်ရာယုံကြည့်မှုအပြည့်အဝရှိအောင်ပြင်ဆင်ပြီးသွားမယ်ဆိုပိုကောင်းမယ်ဗျ ဗိုလ်လုပွဲကစားရမယ်ဆိုတော့ ကြိုးစားရမယ်အနေအထားကလည်း ပွဲတိုင်းကို ဗိုလ်လုပွဲလိုသတိမှတ်ပြီးအနိုင်ကနိရမှာပါ။"

မန်စီးတီး အသင်းကဝင်ဘလေကွင်းမှာယှဉ်ပြိုင်ဖို့ပြင်ဆငိနေချိနိမှာ ချန်ပီယံဆုရဲ့အနိးဆုံးရန်သူလီဗာပူးလ်အသင်းကတော့ယူနိုကိတက်အသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်အိုးထရက်ဖိုဒ်မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒါပေမယ့်သူတို့အနေနှင့်အဆိုပါပွဲစဉ်ကိုအာရုံစိုက်မည့်အနေအထားတော့မရှိလောက်ပါဘူး။

"ကျွန်တော်အထင်ပြောရရင်အဲဒီအချိန်မှာကျွန်တောိတို့ ခြေအိတ်ဝတ် ဖိနပ်ဝတ် အင်္ကျီ လဲ ဘောင်းဘီဝတ် ဝတ်ဆင်ပြင်ဆင်နေလောက်ပါပြီ။အဲဒါကြောင့် ကျွန်တော်တို့အနေနှင့်အဲဒီပွဲကိုကြည့်ဖို့အချိန်မရှိလောက်ဘူးဗျ"လို့ဂွာဒီယိုလာကဆိုပါတယ်။

No comments

Powered by Blogger.