ျမန္မာေဘာလံုအသင္းတို့အတုယူသင့္တဲ့အာရွခ်န္ပီယံကာတာအသင္းရဲ ့လူေျပာမ်ားစရာအေၾကာင္းမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
2019 AFC Asian Cup Final မွာ ကာတာက ဂ်ပန္ကို 3-1 နဲ႕ႏုိင္ၿပီး ပထမဆံုး ခ်န္ပီယံဆု ကို သူတို႕ေဘာလံုးသမုိင္းမွာ ဗိုလ္စြဲဖူးၿပီး မွတ္တုိင္အသစ္ စိုက္ထူခဲ့ပါၿပီ။
အထူးခ်ီးက်ဴးျဖစ္တာ က ကာတာနည္းျပခ်ဳပ္ျဖစ္တဲ့ စပိန္သား Félix Sánchez Bas ကိုပါပဲ။ ကာတာကို အခ်ိန္တစ္ခု အတြင္းမွာ သူ႕လူငယ္ေလးေတြနဲ႕ ႏိုင္ႏုိင္နင္းနင္း အာရွေဘာလံုးဇာတ္ခံုေပၚမွာ ကျပအသံုးေတာ္ ခံသြားႏိုင္တယ္ဆိုတာပါပဲ။ ဒီေနရာမွာ ေျပာခ်င္တာက 2019 AFC Asian Cup ခ်န္ပီယံကာတာကုိၾကည့္ၿပီး အာရွေဘာလံုးအသင္းေတြသာ မက အေရွ႕ေတာင္ အာရွေဘာလံုးအသင္းေတြ အေနနဲ႕ပါ အတုရမယ့္အရာေတြ အမ်ားႀကီးရွိေနပါ လိမ့္မယ္။
အထူးသျဖင့္အေရွ႕ကိုသြားဖို႕ျပင္ဆင္ေနတဲ့ ကၽြန္ေတာ္တို႕ ျမန္မာေဘာလံုးအသင္း ပါပဲ။ ကိုယ္ေတြ အတြက္ အတုယူစရာေတြမ်ားတဲ့ကာတာကေတာ့ 2019 AFC Asian Cup ၿပိဳင္ပဲြတစ္ေလွ်ာက္မွာ ပဲြတုိင္းလိုလိုကို စနစ္တက်နဲ႕ လိုခ်င္တဲ့ အေျဖကို ရယူသြားတာ သေဘာက်စရာပါ။ ပဲြတစ္ပဲြမွာ ၿပိဳင္ဘက္ကို ေလ့လာခ်ည္းကပ္ပံု၊ ပိတ္ဆို႕တားဆီး ဖ်က္ေတာက္ပုံေတြက အစ၊ ၿပိဳင္ဘက္ကစားသမား ဘယ္လုိကစားတတ္သလဲဆိုတာက အဆံုးကစားသမားနဲ႕နည္းျပၾကားမွာရွိေနတဲ့ နားလည္မႈက အျခားအသင္းေတြထက္ပိုခဲ့တယ္။ဟုတ္ပါတယ္။ (ဂ်ပန္ရဲ႕ ေထာင့္ကန္ေဘာ စုစုေပါင္း ၁၄ ႀကိမ္ေလာက္ကို ေသခ်ာ စနစ္က်စြာ ျဖတ္ေတာက္ၿပီးေတာ့ ဂိုးမေပးရေအာင္တားဆီးႏုိင္ခဲ့တဲ့ အေနအထားကေတာ့ အားရေက်နပ္ ပါ၊ ၿပီးေတာ့ ဂ်ပန္တုိက္စစ္မွဴးေတြထြက္ တတ္တဲ့အေပါက္မွန္သမွ် ေသခ်ာလိုက္ပိတ္သြားတာ ကလည္း လူေျပာမ်ားခဲ့တယ္။ )
အသင္းဖြဲ႕စည္းပံုကအစ ကစားသမားေတြရဲ႕ နည္းစနစ္ေတြနဲ႕ စည္းကမ္းေတြက အဆံုးအထိ ကၽြန္ေတာ္တို႕ေတြ အတြက္ အားက်အတုယူစရာအျပည့္ရွိေနတာကိုေတြ႕ရမယ္။ ကၽြန္ေတာ္ကေတာ့ ကာတာကို အရင္တုန္းက အထင္မႀကီး မိရိုးအမွန္ပါ၊ သူတို႕ေတြ တိတ္တဆိတ္လႈပ္ရွားေနတာလည္း ေမ့ၿပီးေက်ာ္သြားတာလည္းျဖစ္ ေကာင္းျဖစ္ပါလိမ့္မယ္။ အခုမွကာတာရဲ႕ အေနအထားကို ျပန္ၾကည့္မိၿပီး ျပင္ဆင္ထားကိုေတြ႕ ရေတာ့ သူတို႕ေတြသြားေနတဲ့ ဖြဲ႕စည္းထားတဲ့ဟန္ပန္က ရည္ရြယ္ခ်က္ႀကီးႀကီးမားမားနဲ႕မျဖစ္ ျဖစ္ေအာင္လုိ႕ လုပ္ေနတယ္ဆိုတာေတြ႕မယ္။ အဲ့ဒါကို အခ်ိန္သပ္သပ္ကိုေပးထားၿပီးေတာ့ ပန္းတုိင္အထိေရာက္ေအာင္ အကြက္ခ်လုပ္ေဆာင္ေနခဲ့တာျဖစ္တယ္လုိ႕ျမင္တယ္။
အထူးသျဖင့္ ေဘာလံုးပါ၊ လံုး၀ အားကစားသီးသန္႕ ေနာ္၊ ေဘာလံုးနဲ႕ပတ္သက္ရင္ သူတို႕ေတြလည္း သူတုိ႕ေတြ အ၀န္းအ၀ိုင္းမွာ နာမည္ရဖို႕ စိုက္လိုက္မတ္တပ္ လုပ္ေဆာင္လာခဲ့တာ 2022 ကမာၻ႕ဖလားက်င္းပခြင့္ရဖို႕အထိပဲဆိုပါ ေတာ့ ၊ ေအာင္ျမင္သလားဆိုေတာ့ အာရွေဘာလံုးေလာကမွာ ကာတာရဲ႕ေအာင္ျမင္မႈက ေျပာပေလာက္တဲ့အထိ မရွိေသးဘူး။ ဒါေပမယ့္ ကလပ္အသင္းေတြအေနနဲ႕ကေတာ့ ေငြသံုးစြဲ မႈၾကမ္းၾကမ္းတမ္းတမ္းနဲ႕ ျပင္ဆင္မႈေတြ ႏွစ္တုိင္းလုပ္ထားႏိုင္တာေတာင္ တစ္ကယ္တမ္းျပန္ ၾကည့္ရင္ အမ်ားႀကီးေအာင္ျမင္တယ္ဆိုတာမ်ိဳးက သိပ္ရွိခဲ့တာမွမဟုတ္တာပါ၊ ကလပ္သမိုင္းမွာေရာ၊ ႏိုင္ငံအသင္းသမုိင္းမွာပါ၊ ေအာင္ျမင္မႈေတြက ထင္သေလာက္ႀကီးႀကီးမားမားမရွိဘူး၊ ႏုိင္ငံအသင္းဆိုရင္ ျမန္မာလိုပဲ ကမာၻ႕ဖလား ေျခစစ္ပြဲတစ္ႀကိမ္မွ စီနီယာအသင္းႀကီးအျဖစ္ ေအာင္ျမင္တယ္ဆိုတာ မရွိေသးဘူး။ Olympic Games နဲ႕ Asian Games မွာေတာင္ ဗုိလ္မစြဲဖူးသလုိ၊ 2015 AFC Asian Cup အထိ သူတို႕ေတြဟာ ဘာမွကုိ မရေသးတာပါ၊ အခုႏွစ္ဖိုင္နယ္တတ္သြား ၿပီး ဂ်န္ပန္ကို ဂိုးျပတ္ႏုိင္လိုက္ကာ ခ်န္ပီယံဆု ပထမဆံုး ဆြတ္ခူးသြားလို႕ အာရပ္ေဘာလံုးေလာကမွာ ဂုဏ္ျမင့္တက္သြားသလို သူတို႕ေတြရဲ႕ ေဘာလံုးအသင္းသမုိင္းမွာ စံခ်ိန္သစ္တစ္ခုေရးထုိးႏိုင္ လုိက္ပါၿပီ။
အခုေတာ့ 2022 အတြက္လားေတာ့မသိ ၊ ႏိုင္ငံအသင္းအတြက္ အားထားရမယ့္ကစားသမားေတြကို ေမြးထားလိုက္တာဟာ မ်ိဳးဆက္တစ္ခုလိုမ်ိဳး ႏွစ္ရွည္လမ်ားစြာၾကာခဲ့တယ္။ အခ်ိန္တစ္ခုတည္းေအာက္မွာပဲအရြယ္တူ ကစားသမားေလးေတြအမ်ားစုနဲ႕ တစ္တန္းစားတည္းကို ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ား လက္ေရြးစင္အဆင့္မွာ တစ္ညီတစ္ညာ တည္းသြားေနတာပါ။ ခၽြင္းခ်က္အေနနဲ႕လိုအပ္ေနတဲ့ ေနရာမွန္သမွ်မွာလည္း ေမြးစားသားေဘာလံုးသမားအနည္းစုကို ျပန္၀န္းရံထားပါေသးတယ္။ အသင္းမွာ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ အလီအယ္လ္မိုဇ္က ဆူဒန္သား၊ ေနာက္တန္းကစားတဲ့ Pedro ဆိုရင္လည္း ေပၚတူဂီသား ကာတာေမြးစားသားေတြပါ။
ဘာပဲျဖစ္ျဖစ္ အားလံုး အဆင္သင့္ျဖစ္ေအာင္လို႕ လိုအပ္ေနတဲ့ေနရာမွာ ႏုိင္ငံသားေတြအေကာင္းဆံုးမကစားႏိုင္ရင္ ေမြးစားသားေတြ၀င္ျဖည့္ဖို႕ ေနရာေပးႏုိင္တဲ့ ကာတာေဘာလံုးအဖြဲ႕ခ်ဳပ္နဲ႕ သူတို႕ေတြရဲ႕ အစိုးရကို သေဘာက်မိတယ္။ ဒါပဲေလ၊ ေအာင္ျမင္ခ်င္တယ္မဟုတ္လား ျဖစ္ေအာင္ေအာင္လုပ္ရမယ္၊ အတားအဆီးေတြရွိရင္ လြယ္လြယ္နဲ႕ျဖတ္ေက်ာ္ႏုိင္ရမွာေပါ့၊ ဒီလုိမွမဟုတ္ရင္ေတာ့ ဘာမွကိုျဖစ္လာဖို႕ေမွ်ာ္လင့္လုိ႕ရမွာမဟုတ္ဘူး ဆိုတာ ကာတာက သက္ေသျပေနျပန္တယ္။ ဟုတ္ပါတယ္။ အဲ့ဒါက လိုေလေသးမရွိေအာင္လုိ႕ ျပင္ဆင္ထားတဲ့သေဘာကို သက္ေရာက္ေနေစတယ္။ 2022 ကမာၻ႕ဖလားအထိသြားဖို႕လည္း ပါတယ္။ သူတို႕ေတြက အိမ္ရွင္ပါ။
အထူးသျဖင့္ ကာတာအကယ္ဒမီနည္းျပ ကေနၿပီး စီနီယာအသင္းနည္းျပခ်ဳပ္ျဖစ္လာသူ စပိန္သားျဖစ္တဲ့ Félix Sánchez Bas ပါ၊ သူကို ကာတာေဘာလံုးအဖြဲ႕ခ်ဳပ္က လြန္ခဲ့ 2006 မွာတည္းကေခၚထားတယ္။ ကာတာ အားကစားေလာက တိုး တက္ေအာင္ျမင္ဖို႕အတြက္ ရည္မွန္းခ်က္ထားၿပီးေတာ့ စီမံကိန္းထားဖြင့္လွစ္ထားတဲ့ Aspire Academy မွာ လူငယ္နည္းျပအျဖစ္ ေဘာလံုးအတြက္ေခၚခဲ့တာပါ၊ သူရဲ႕အေျခခံေတြက သိပ္ ေကာင္းတယ္။ ဘာစီလုိနာ လူငယ္နည္းျပလုပ္ခဲ့သူပီပီ ေဘာလံုးအေျခခံနည္းစနစ္ေတြသြန္သင္ရာမွာ ကစားသမားေတြကို ေအာက္သက္ေက်ေစတဲ့သူေပါ့။
အထူးသျဖင့္ ကာတာေဘာလံုးေလာကဟာ စပိန္ဟန္ပန္ေတြကို အေျခခံခ်င္ၾကတယ္။ သူတို႕ေတြ အတုယူၿပီး ျဖစ္ေအာင္ လုပ္ဖို႕ႏိုင္သေလာက္သြားေနတယ္။ ဒါေၾကာင့္ စပိန္နည္းျပနဲ႕ကစားသမားေတြေရာက္တာမ်ားတယ္ဆိုတာ ကၽြန္ေတာ္ အရင္ေဆာင္းပါးေတြ မွာတည္းကေျပာဖူးခဲ့ပါတယ္။ အခုလည္း အဲ့ဒီ Félix Sánchez Bas လိုအငယ္ေတြကို ကိုင္တြယ္နည္းျပရာမွာ ထိေရာက္မႈရွိၿပီး ကစားသမားေတြကိုေမြးထုတ္ႏုိင္ သလို၊ ေအာင္ျမင္မႈ ရွာေဖြႏိုင္တဲ့အျပင္ သူနဲ႕အတူ သက္တမ္းတစ္ေလွ်ာက္ လက္တြဲလာတဲ့ ကာတာ ကစားသမားေတြဟာ လက္ရွိစီနီယာအသင္းမွာ အကုန္လံုးနီးပါးျပန္ ပါေနတယ္။ ေျပာရမယ္ဆုိရင္ျမန္မာအိမ္ရွင္လုပ္ခဲ့ၿပီး က်င္းပခဲ့တဲ့ 2014 AFC U-19 Championship မွာ ကာတာဗုိလ္စြဲခဲ့တယ္၊ အဲ့ဒီအသင္းသားေတြထဲမွာရွိတဲ့ Félix Sánchez တပည့္ေတြျပန္ပါလာ တာမ်ားတယ္။ ( ႀကံဳလို႕ေျပာဦးမယ္။ အဲ့ဒီတုန္းက ကာတာဟာ အခုကာတာနဲ႕မကြာဘူး၊ ျမန္မာ ေတြ အိမ္ရွင္ျဖစ္ၿပီး ဆီမီးမွာေတြ႕ေတာ့ ကိုယ္ေတြက မိနစ္ ၉၀ မွာ 1-1 ကန္ၿပီး အခ်ိန္ပိုမွ ကပ္ရံႈးခဲ့တာပါ၊ အဲ့ဒီတုန္းက ျမန္မာကို ဂိုးသြင္းခဲ့တဲ့ သူေတြႏွစ္ေယာက္စလံုး ဂ်ပန္ကို ဖို္င္နယ္ မွာ ဂိုးသြင္းသြားၾကတဲ့ အလီနဲ႕ အဖစ္တို႕ပါပဲ။)
Aspire Academy ကေနၿပီးေတာ့ ကာတာယူ-၁၉၊ ယူ-၂၀၊ ယူ-၂၃ ၿပီးေတာ့ အဲ့ဒီကလူေတြကိုပဲ အေျပာင္းအလဲေတြ အမ်ားႀကီး လုပ္ၿပီး 2022 ကမာၻ႕ဖလားအတြက္ပါ ရည္ရြယ္ၿပီး အငယ္တန္းကလူေတြအားနဲ႕ ရုန္းလာ လုိက္တာ စီနီယာအသင္းေရာက္ေတာ့ စည္းလံုးမႈအေျခခံခ်က္ေတြက အျခားအသင္းေတြ ထက္ပိုသြားေတာ့တာပါပဲ၊ ႏွစ္ကာလမ်ားစြာအတူလက္တဲြလာတဲ့သူေတြျဖစ္သလို စုစည္းခ်ိန္ လည္းပိုတယ္၊ နည္းစနစ္အျပင္ တစ္ဦးနဲ႕တစ္ဦးၾကားက ကစားသမားအခ်င္းခ်င္းနားလည္မႈ ေတြအျပင္ ဗ်ဴဟာအခင္းအက်င္းနဲ႕ပတ္သက္လာရင္လည္း အားလံုးက အထားအသိုမွန္ေန ေတာ့ Félix Sánchez Bas ကာတာနည္းျပခ်ဳပ္ျဖစ္လာခ်ိန္မွာ အထုိင္အက်နဆံုးအသင္း အျဖစ္ ကာတာေရွ႕ေရာက္လာေတာ့တာပါပဲ။
အာရွဖလားၿပိဳင္ပဲြတစ္ေလွ်ာက္မွာ ကာတာလုပ္ျပခဲ့ တာေတြက သေဘာက်စရာပါ၊ ဗိုလ္လုပဲြေရာက္တဲ့အထိ၊ ခ်န္ပီယံဖလားယူသြားတဲ့အထိကို သူတို႕ေတြသြားေနတဲ့ဟန္ပန္ ေတြ က အတုယူခ်င္စရာေကာင္းတယ္။ အားလံုးမဟုတ္တာေတာင္ လုိအပ္တဲ့အစိတ္အပိုင္း ေတြကို ဆဲြထုတ္ၿပီး ယူသင့္ယူထိုက္တာမ်ိဳးကို ကိုးကားသင့္တယ္။ ကာတာကေတာ့ လုိရာ ေရာက္ဖို႕ အခ်ိန္ေတြ အမ်ားႀကီးရင္းႏီွးေပးဆပ္ထားတယ္။ ကၽြန္ေတာ္တို႕ေတြရဲ႕ ျမန္မာေဘာ လံုးကေရာ ဘယ္လုိလည္းဆိုတာေမးစရာရွိလာပါတယ္။
အခု ေလးႏွစ္တာ စီမံကိန္း လာပါၿပီ၊ အငယ္တန္းကေနၿပီး အႀကီးတန္းအထိ ဒီဟန္နဲ႕ ဒီပံုစံ ေဘာင္တစ္ခုတည္းနဲ႕သြားမယ္။ အစုအဖဲြ႕လိုက္ ၊ သက္တမ္းအလုိက္ ကစားသမားေတြ အသုတ္လိုက္သုတ္လုိက္ တက္လာတုိင္းမွာ ဒီမူနဲ႕ဒီေဘာင္ထဲကေနၿပီးပဲ သြားၾကမယ္။ ကာတာလို မဟုတ္တာေတာင္ နည္းစနစ္ဒါရိုက္တာႀကီးရဲ႕ ခ်မွတ္ေပးထားတဲ့မူေအာက္မွာ ေတာ့ ခရီးဆက္ၾကလိမ့္မယ္။ အခုျမန္မာအသင္းက အစဆိုေတာ့ အသင္းေတြအားလံုး အေျခ ျပန္ခုိင္ဖို႕ ဒီအခ်ိန္မွာ ယိုင္တာ ေတြ၊ နဲ႕တာေတြရွိေနလိမ့္မယ္။အရံႈးကိုလက္ခံႏုိင္ရဦးမယ္။ ေအာင္ျမင္တဲ့အသင္းတုိင္းရံႈးခဲ့တာမွန္ေပမယ့္ ကၽြန္ေတာ္တို႕ ေအာင္ျမင္မႈရဖို႕ အရံႈးကိုရပ္တန္႕ ႏုိင္ဖို႕ေန႕ရက္ေတြလုိပါလိမ့္မယ္။ လက္ေညာင္းလို႕ တက္ေျပာင္းေလွာ္တာ အေရးမႀကီးဘူး၊ ဒါေပမယ့္ ပရိသတ္က ယံုစားမႈနည္းသြားရင္ ဘာမွမျဖစ္ဘူးဆိုတာ လက္ေတြ႕ ဥေရာပေဘာလံုးေလာကမွာ အနားဆြဲေခၚျပစရာအသင္းေတြရွိေနတယ္မဟုတ္ပါလား၊
တစ္ကယ္ ျဖစ္ခ်င္တစ္ကယ္လုပ္ အဟုတ္ျဖစ္ရမည္ဆိုတာ ေဆာင္ပုဒ္ သက္သက္မဟုတ္ပါ ဘူး။တစ္ကယ္ျဖစ္ေအာင္လုပ္ဖို႕ အားလံုးအတူပူးေပါင္းလုပ္ေဆာင္ဖို႕ပဲလိုတာပါ၊ အခ်ိန္က သက္ေသပါ၊ စကားေျပာလာမယ့္ ေန႕ရက္ေတြေရာက္ဖို႕ မလုိေတာ့ပါဘူး။ ဒီေတာ့ ကာတာ လုိမ်ိဳး အေျခခံက်နမႈေတြကို ခပ္ဆင္ဆင္ေလးေတြတူေနတဲ့ အေပၚမွာ ႏုိင္ငံတကာနဲ႕ရင္ေဘာင္ တန္းေျပးလႊားဖို႕ တာလႊတ္မယ့္ ေသနတ္ေဖာက္သံဟာ ျမန္မာအတြက္ေတာ့ ထြက္ေပၚလာပါၿပီ၊ ပန္းအ၀င္ နံပါတ္ ဘယ္ေလာက္ခ်ိတ္မလဲဆိုတာသာ ၾကည့္ဖို႕ ကၽြန္ေတာ္တို႕ ပရိသတ္ေတြျပင္ထားၾကေသးတာေပါ့။
– – – ထြန္းထြန္းဦး(လွိဳင္) – – –(Fox Sport Asia)
(Unicode)
မြန်မာဘောလုံအသင်းတို့အတုယူသင့်တဲ့အာရှချန်ပီယံကာတာအသင်းရဲ့လူပြောများစရာအကြောင်းများ
2019 AFC Asian Cup Final မှာ ကာတာက ဂျပန်ကို 3-1 နဲ့နိုင်ပြီး ပထမဆုံး ချန်ပီယံဆု ကို သူတို့ဘောလုံးသမိုင်းမှာ ဗိုလ်စွဲဖူးပြီး မှတ်တိုင်အသစ် စိုက်ထူခဲ့ပါပြီ။
အထူးချီးကျူးဖြစ်တာ က ကာတာနည်းပြချုပ်ဖြစ်တဲ့ စပိန်သား Félix Sánchez Bas ကိုပါပဲ။ ကာတာကို အချိန်တစ်ခု အတွင်းမှာ သူ့လူငယ်လေးတွေနဲ့ နိုင်နိုင်နင်းနင်း အာရှဘောလုံးဇာတ်ခုံပေါ်မှာ ကပြအသုံးတော် ခံသွားနိုင်တယ်ဆိုတာပါပဲ။ ဒီနေရာမှာ ပြောချင်တာက 2019 AFC Asian Cup ချန်ပီယံကာတာကိုကြည့်ပြီး အာရှဘောလုံးအသင်းတွေသာ မက အရှေ့တောင် အာရှဘောလုံးအသင်းတွေ အနေနဲ့ပါ အတုရမယ့်အရာတွေ အများကြီးရှိနေပါ လိမ့်မယ်။
အထူးသဖြင့်အရှေ့ကိုသွားဖို့ပြင်ဆင်နေတဲ့ ကျွန်တော်တို့ မြန်မာဘောလုံးအသင်း ပါပဲ။ ကိုယ်တွေ အတွက် အတုယူစရာတွေများတဲ့ကာတာကတော့ 2019 AFC Asian Cup ပြိုင်ပွဲတစ်လျှောက်မှာ ပွဲတိုင်းလိုလိုကို စနစ်တကျနဲ့ လိုချင်တဲ့ အဖြေကို ရယူသွားတာ သဘောကျစရာပါ။ ပွဲတစ်ပွဲမှာ ပြိုင်ဘက်ကို လေ့လာချည်းကပ်ပုံ၊ ပိတ်ဆို့တားဆီး ဖျက်တောက်ပုံတွေက အစ၊ ပြိုင်ဘက်ကစားသမား ဘယ်လိုကစားတတ်သလဲဆိုတာက အဆုံးကစားသမားနဲ့နည်းပြကြားမှာရှိနေတဲ့ နားလည်မှုက အခြားအသင်းတွေထက်ပိုခဲ့တယ်။ဟုတ်ပါတယ်။ (ဂျပန်ရဲ့ ထောင့်ကန်ဘော စုစုပေါင်း ၁၄ ကြိမ်လောက်ကို သေချာ စနစ်ကျစွာ ဖြတ်တောက်ပြီးတော့ ဂိုးမပေးရအောင်တားဆီးနိုင်ခဲ့တဲ့ အနေအထားကတော့ အားရကျေနပ် ပါ၊ ပြီးတော့ ဂျပန်တိုက်စစ်မှူးတွေထွက် တတ်တဲ့အပေါက်မှန်သမျှ သေချာလိုက်ပိတ်သွားတာ ကလည်း လူပြောများခဲ့တယ်။ )
အသင်းဖွဲ့စည်းပုံကအစ ကစားသမားတွေရဲ့ နည်းစနစ်တွေနဲ့ စည်းကမ်းတွေက အဆုံးအထိ ကျွန်တော်တို့တွေ အတွက် အားကျအတုယူစရာအပြည့်ရှိနေတာကိုတွေ့ရမယ်။ ကျွန်တော်ကတော့ ကာတာကို အရင်တုန်းက အထင်မကြီး မိရိုးအမှန်ပါ၊ သူတို့တွေ တိတ်တဆိတ်လှုပ်ရှားနေတာလည်း မေ့ပြီးကျော်သွားတာလည်းဖြစ် ကောင်းဖြစ်ပါလိမ့်မယ်။ အခုမှကာတာရဲ့ အနေအထားကို ပြန်ကြည့်မိပြီး ပြင်ဆင်ထားကိုတွေ့ ရတော့ သူတို့တွေသွားနေတဲ့ ဖွဲ့စည်းထားတဲ့ဟန်ပန်က ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့မဖြစ် ဖြစ်အောင်လို့ လုပ်နေတယ်ဆိုတာတွေ့မယ်။ အဲ့ဒါကို အချိန်သပ်သပ်ကိုပေးထားပြီးတော့ ပန်းတိုင်အထိရောက်အောင် အကွက်ချလုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့မြင်တယ်။
အထူးသဖြင့် ဘောလုံးပါ၊ လုံး၀ အားကစားသီးသန့် နော်၊ ဘောလုံးနဲ့ပတ်သက်ရင် သူတို့တွေလည်း သူတို့တွေ အဝန်းအဝိုင်းမှာ နာမည်ရဖို့ စိုက်လိုက်မတ်တပ် လုပ်ဆောင်လာခဲ့တာ 2022 ကမ္ဘာ့ဖလားကျင်းပခွင့်ရဖို့အထိပဲဆိုပါ တော့ ၊ အောင်မြင်သလားဆိုတော့ အာရှဘောလုံးလောကမှာ ကာတာရဲ့အောင်မြင်မှုက ပြောပလောက်တဲ့အထိ မရှိသေးဘူး။ ဒါပေမယ့် ကလပ်အသင်းတွေအနေနဲ့ကတော့ ငွေသုံးစွဲ မှုကြမ်းကြမ်းတမ်းတမ်းနဲ့ ပြင်ဆင်မှုတွေ နှစ်တိုင်းလုပ်ထားနိုင်တာတောင် တစ်ကယ်တမ်းပြန် ကြည့်ရင် အများကြီးအောင်မြင်တယ်ဆိုတာမျိုးက သိပ်ရှိခဲ့တာမှမဟုတ်တာပါ၊ ကလပ်သမိုင်းမှာရော၊ နိုင်ငံအသင်းသမိုင်းမှာပါ၊ အောင်မြင်မှုတွေက ထင်သလောက်ကြီးကြီးမားမားမရှိဘူး၊ နိုင်ငံအသင်းဆိုရင် မြန်မာလိုပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲတစ်ကြိမ်မှ စီနီယာအသင်းကြီးအဖြစ် အောင်မြင်တယ်ဆိုတာ မရှိသေးဘူး။ Olympic Games နဲ့ Asian Games မှာတောင် ဗိုလ်မစွဲဖူးသလို၊ 2015 AFC Asian Cup အထိ သူတို့တွေဟာ ဘာမှကို မရသေးတာပါ၊ အခုနှစ်ဖိုင်နယ်တတ်သွား ပြီး ဂျန်ပန်ကို ဂိုးပြတ်နိုင်လိုက်ကာ ချန်ပီယံဆု ပထမဆုံး ဆွတ်ခူးသွားလို့ အာရပ်ဘောလုံးလောကမှာ ဂုဏ်မြင့်တက်သွားသလို သူတို့တွေရဲ့ ဘောလုံးအသင်းသမိုင်းမှာ စံချိန်သစ်တစ်ခုရေးထိုးနိုင် လိုက်ပါပြီ။
အခုတော့ 2022 အတွက်လားတော့မသိ ၊ နိုင်ငံအသင်းအတွက် အားထားရမယ့်ကစားသမားတွေကို မွေးထားလိုက်တာဟာ မျိုးဆက်တစ်ခုလိုမျိုး နှစ်ရှည်လများစွာကြာခဲ့တယ်။ အချိန်တစ်ခုတည်းအောက်မှာပဲအရွယ်တူ ကစားသမားလေးတွေအများစုနဲ့ တစ်တန်းစားတည်းကို ကစားသမားတွေ တော်တော်များများ လက်ရွေးစင်အဆင့်မှာ တစ်ညီတစ်ညာ တည်းသွားနေတာပါ။ ချွင်းချက်အနေနဲ့လိုအပ်နေတဲ့ နေရာမှန်သမျှမှာလည်း မွေးစားသားဘောလုံးသမားအနည်းစုကို ပြန်ဝန်းရံထားပါသေးတယ်။ အသင်းမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အလီအယ်လ်မိုဇ်က ဆူဒန်သား၊ နောက်တန်းကစားတဲ့ Pedro ဆိုရင်လည်း ပေါ်တူဂီသား ကာတာမွေးစားသားတွေပါ။
ဘာပဲဖြစ်ဖြစ် အားလုံး အဆင်သင့်ဖြစ်အောင်လို့ လိုအပ်နေတဲ့နေရာမှာ နိုင်ငံသားတွေအကောင်းဆုံးမကစားနိုင်ရင် မွေးစားသားတွေဝင်ဖြည့်ဖို့ နေရာပေးနိုင်တဲ့ ကာတာဘောလုံးအဖွဲ့ချုပ်နဲ့ သူတို့တွေရဲ့ အစိုးရကို သဘောကျမိတယ်။ ဒါပဲလေ၊ အောင်မြင်ချင်တယ်မဟုတ်လား ဖြစ်အောင်အောင်လုပ်ရမယ်၊ အတားအဆီးတွေရှိရင် လွယ်လွယ်နဲ့ဖြတ်ကျော်နိုင်ရမှာပေါ့၊ ဒီလိုမှမဟုတ်ရင်တော့ ဘာမှကိုဖြစ်လာဖို့မျှော်လင့်လို့ရမှာမဟုတ်ဘူး ဆိုတာ ကာတာက သက်သေပြနေပြန်တယ်။ ဟုတ်ပါတယ်။ အဲ့ဒါက လိုလေသေးမရှိအောင်လို့ ပြင်ဆင်ထားတဲ့သဘောကို သက်ရောက်နေစေတယ်။ 2022 ကမ္ဘာ့ဖလားအထိသွားဖို့လည်း ပါတယ်။ သူတို့တွေက အိမ်ရှင်ပါ။
အထူးသဖြင့် ကာတာအကယ်ဒမီနည်းပြ ကနေပြီး စီနီယာအသင်းနည်းပြချုပ်ဖြစ်လာသူ စပိန်သားဖြစ်တဲ့ Félix Sánchez Bas ပါ၊ သူကို ကာတာဘောလုံးအဖွဲ့ချုပ်က လွန်ခဲ့ 2006 မှာတည်းကခေါ်ထားတယ်။ ကာတာ အားကစားလောက တိုး တက်အောင်မြင်ဖို့အတွက် ရည်မှန်းချက်ထားပြီးတော့ စီမံကိန်းထားဖွင့်လှစ်ထားတဲ့ Aspire Academy မှာ လူငယ်နည်းပြအဖြစ် ဘောလုံးအတွက်ခေါ်ခဲ့တာပါ၊ သူရဲ့အခြေခံတွေက သိပ် ကောင်းတယ်။ ဘာစီလိုနာ လူငယ်နည်းပြလုပ်ခဲ့သူပီပီ ဘောလုံးအခြေခံနည်းစနစ်တွေသွန်သင်ရာမှာ ကစားသမားတွေကို အောက်သက်ကျေစေတဲ့သူပေါ့။
အထူးသဖြင့် ကာတာဘောလုံးလောကဟာ စပိန်ဟန်ပန်တွေကို အခြေခံချင်ကြတယ်။ သူတို့တွေ အတုယူပြီး ဖြစ်အောင် လုပ်ဖို့နိုင်သလောက်သွားနေတယ်။ ဒါကြောင့် စပိန်နည်းပြနဲ့ကစားသမားတွေရောက်တာများတယ်ဆိုတာ ကျွန်တော် အရင်ဆောင်းပါးတွေ မှာတည်းကပြောဖူးခဲ့ပါတယ်။ အခုလည်း အဲ့ဒီ Félix Sánchez Bas လိုအငယ်တွေကို ကိုင်တွယ်နည်းပြရာမှာ ထိရောက်မှုရှိပြီး ကစားသမားတွေကိုမွေးထုတ်နိုင် သလို၊ အောင်မြင်မှု ရှာဖွေနိုင်တဲ့အပြင် သူနဲ့အတူ သက်တမ်းတစ်လျှောက် လက်တွဲလာတဲ့ ကာတာ ကစားသမားတွေဟာ လက်ရှိစီနီယာအသင်းမှာ အကုန်လုံးနီးပါးပြန် ပါနေတယ်။ ပြောရမယ်ဆိုရင်မြန်မာအိမ်ရှင်လုပ်ခဲ့ပြီး ကျင်းပခဲ့တဲ့ 2014 AFC U-19 Championship မှာ ကာတာဗိုလ်စွဲခဲ့တယ်၊ အဲ့ဒီအသင်းသားတွေထဲမှာရှိတဲ့ Félix Sánchez တပည့်တွေပြန်ပါလာ တာများတယ်။ ( ကြုံလို့ပြောဦးမယ်။ အဲ့ဒီတုန်းက ကာတာဟာ အခုကာတာနဲ့မကွာဘူး၊ မြန်မာ တွေ အိမ်ရှင်ဖြစ်ပြီး ဆီမီးမှာတွေ့တော့ ကိုယ်တွေက မိနစ် ၉၀ မှာ 1-1 ကန်ပြီး အချိန်ပိုမှ ကပ်ရှုံးခဲ့တာပါ၊ အဲ့ဒီတုန်းက မြန်မာကို ဂိုးသွင်းခဲ့တဲ့ သူတွေနှစ်ယောက်စလုံး ဂျပန်ကို ဖိုင်နယ် မှာ ဂိုးသွင်းသွားကြတဲ့ အလီနဲ့ အဖစ်တို့ပါပဲ။)
Aspire Academy ကနေပြီးတော့ ကာတာယူ-၁၉၊ ယူ-၂၀၊ ယူ-၂၃ ပြီးတော့ အဲ့ဒီကလူတွေကိုပဲ အပြောင်းအလဲတွေ အများကြီး လုပ်ပြီး 2022 ကမ္ဘာ့ဖလားအတွက်ပါ ရည်ရွယ်ပြီး အငယ်တန်းကလူတွေအားနဲ့ ရုန်းလာ လိုက်တာ စီနီယာအသင်းရောက်တော့ စည်းလုံးမှုအခြေခံချက်တွေက အခြားအသင်းတွေ ထက်ပိုသွားတော့တာပါပဲ၊ နှစ်ကာလများစွာအတူလက်တွဲလာတဲ့သူတွေဖြစ်သလို စုစည်းချိန် လည်းပိုတယ်၊ နည်းစနစ်အပြင် တစ်ဦးနဲ့တစ်ဦးကြားက ကစားသမားအချင်းချင်းနားလည်မှု တွေအပြင် ဗျူဟာအခင်းအကျင်းနဲ့ပတ်သက်လာရင်လည်း အားလုံးက အထားအသိုမှန်နေ တော့ Félix Sánchez Bas ကာတာနည်းပြချုပ်ဖြစ်လာချိန်မှာ အထိုင်အကျနဆုံးအသင်း အဖြစ် ကာတာရှေ့ရောက်လာတော့တာပါပဲ။
အာရှဖလားပြိုင်ပွဲတစ်လျှောက်မှာ ကာတာလုပ်ပြခဲ့ တာတွေက သဘောကျစရာပါ၊ ဗိုလ်လုပွဲရောက်တဲ့အထိ၊ ချန်ပီယံဖလားယူသွားတဲ့အထိကို သူတို့တွေသွားနေတဲ့ဟန်ပန် တွေ က အတုယူချင်စရာကောင်းတယ်။ အားလုံးမဟုတ်တာတောင် လိုအပ်တဲ့အစိတ်အပိုင်း တွေကို ဆွဲထုတ်ပြီး ယူသင့်ယူထိုက်တာမျိုးကို ကိုးကားသင့်တယ်။ ကာတာကတော့ လိုရာ ရောက်ဖို့ အချိန်တွေ အများကြီးရင်းနှီးပေးဆပ်ထားတယ်။ ကျွန်တော်တို့တွေရဲ့ မြန်မာဘော လုံးကရော ဘယ်လိုလည်းဆိုတာမေးစရာရှိလာပါတယ်။
အခု လေးနှစ်တာ စီမံကိန်း လာပါပြီ၊ အငယ်တန်းကနေပြီး အကြီးတန်းအထိ ဒီဟန်နဲ့ ဒီပုံစံ ဘောင်တစ်ခုတည်းနဲ့သွားမယ်။ အစုအဖွဲ့လိုက် ၊ သက်တမ်းအလိုက် ကစားသမားတွေ အသုတ်လိုက်သုတ်လိုက် တက်လာတိုင်းမှာ ဒီမူနဲ့ဒီဘောင်ထဲကနေပြီးပဲ သွားကြမယ်။ ကာတာလို မဟုတ်တာတောင် နည်းစနစ်ဒါရိုက်တာကြီးရဲ့ ချမှတ်ပေးထားတဲ့မူအောက်မှာ တော့ ခရီးဆက်ကြလိမ့်မယ်။ အခုမြန်မာအသင်းက အစဆိုတော့ အသင်းတွေအားလုံး အခြေ ပြန်ခိုင်ဖို့ ဒီအချိန်မှာ ယိုင်တာ တွေ၊ နဲ့တာတွေရှိနေလိမ့်မယ်။အရှုံးကိုလက်ခံနိုင်ရဦးမယ်။ အောင်မြင်တဲ့အသင်းတိုင်းရှုံးခဲ့တာမှန်ပေမယ့် ကျွန်တော်တို့ အောင်မြင်မှုရဖို့ အရှုံးကိုရပ်တန့် နိုင်ဖို့နေ့ရက်တွေလိုပါလိမ့်မယ်။ လက်ညောင်းလို့ တက်ပြောင်းလှော်တာ အရေးမကြီးဘူး၊ ဒါပေမယ့် ပရိသတ်က ယုံစားမှုနည်းသွားရင် ဘာမှမဖြစ်ဘူးဆိုတာ လက်တွေ့ ဥရောပဘောလုံးလောကမှာ အနားဆွဲခေါ်ပြစရာအသင်းတွေရှိနေတယ်မဟုတ်ပါလား၊
တစ်ကယ် ဖြစ်ချင်တစ်ကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုတာ ဆောင်ပုဒ် သက်သက်မဟုတ်ပါ ဘူး။တစ်ကယ်ဖြစ်အောင်လုပ်ဖို့ အားလုံးအတူပူးပေါင်းလုပ်ဆောင်ဖို့ပဲလိုတာပါ၊ အချိန်က သက်သေပါ၊ စကားပြောလာမယ့် နေ့ရက်တွေရောက်ဖို့ မလိုတော့ပါဘူး။ ဒီတော့ ကာတာ လိုမျိုး အခြေခံကျနမှုတွေကို ခပ်ဆင်ဆင်လေးတွေတူနေတဲ့ အပေါ်မှာ နိုင်ငံတကာနဲ့ရင်ဘောင် တန်းပြေးလွှားဖို့ တာလွှတ်မယ့် သေနတ်ဖောက်သံဟာ မြန်မာအတွက်တော့ ထွက်ပေါ်လာပါပြီ၊ ပန်းအဝင် နံပါတ် ဘယ်လောက်ချိတ်မလဲဆိုတာသာ ကြည့်ဖို့ ကျွန်တော်တို့ ပရိသတ်တွေပြင်ထားကြသေးတာပေါ့။
– – – ထွန်းထွန်းဦး(လှိုင်) – – –(Fox Sport Asia)
Post a Comment