မန္စီးတီးကိုအဘက္ဘက္မယွဥ္နိုင္ခဲ့တဲ့အာဆင္နယ္/ မန္စီးတီး ၃-၁ အာဆင္နယ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္(၂၅)ရဲ႕ ပဲြႀကီးပဲြေကာင္းျဖစ္တဲ့ မန္စီးတီး-အာဆင္နယ္ပဲြမွာေတာ့ မန္စီးတီးအသင္းက တိုက္စစ္မွဴး အဂဲြ႐ုိးရဲ႕ ဟက္ထရစ္နဲ႔အတူ (၃-၁)ဂုိးနဲ႔ အႏုိင္ယူခဲ့ပါတယ္။
အာဆင္နယ္အသင္းမွာ ဒဏ္ရာရကစားသမားမ်ားေနတဲ့အျပင္ နည္းျပအမ္မရီ ကလည္း ကြင္းလယ္မွာ အဓိက ကစားသမားေတြျဖစ္တဲ့ ရမ္ေဆး Ramsey ၊ အုိေဇးလ္ တို႔ကုိ မသုံးခဲ့တာက ျပႆနာပါ။ ရမ္ေဆးကုိ ဒုတိယပုိင္းမွ အသုံးျပဳခဲ့ၿပီး အုိေဇးလ္ကုိေတာ့ တစ္ပဲြလုံး မသုံးခဲ့ပါဘူး။
မန္စီးတီးကေတာ့ ဒီပဲြမွာ ႏုိင္ပဲြျပန္ရွာဖုိ႔ လုိအပ္ေနတာေၾကာင့္ အင္ျပည့္အားျပည့္ကစားခဲ့ၿပီး အာဆင္နယ္ကုိ တစ္ပဲြလုံး အသာစီးက ကစားခဲ့တယ္။ ပဲြစစခ်င္းမွာပဲ မန္စီးတီးဂုိးရခဲ့ၿပီး လာေပါ့တ္ရဲ႕ ျဖတ္တင္ေဘာကုိ အဂြဲ႐ုိးက ေခါင္းတိုက္သြင္းခဲ့တာပါ။ (၁၁)မိနစ္မွာ အာဆင္နယ္ ေခ်ပဂုိး ျပန္ရခဲ့ၿပီး မြန္နယ္ရယ္ရဲ႕ ေခါင္းတိုက္ေပးပုိ႔မႈကေန ကုိစီယဲလ္နီ က ထပ္ဆင့္ေခါင္းတိုက္ သြင္းခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္း ကြင္းလယ္က မန္စီးတီးအသင္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကုိ ေရာက္ေနလုိ႔ ဘယ္လုိမွ အလုပ္မျဖစ္ခဲ့ဘူး။
(၄၄)မိနစ္မွာ စတာလင္ ရဲ႕ ေပးပုိ႔မႈကေန အဂြဲ႐ုိး ပိတ္သြင္းခဲ့လုိ႔ မန္စီးတီး ျပန္ဦးေဆာင္ခဲ့ပါတယ္။ ဒုတိယပုိငး္ကေတာ့ မန္စီးတီးပဲြျဖစ္ခဲ့ၿပီး ဂုိးေပါက္ကန္သြင္းမႈ(၁၄)ႀကိမ္ ျပဳလုပ္ခဲ့ၿပီး အာဆင္နယ္ကေတာ့ တစ္ႀကိမ္မွကုိ မရွိခဲ့ဘူး။
(၆၁)မိနစ္မွာ အဂြဲ႐ုိးက ဟက္ထရစ္ျဖစ္မယ့္ ဂုိးကုိ သြင္းယူခဲ့ၿပီး ဒါဟာ သူ႔အတြက္ မန္စီးတီးကစားသမားဘ၀ (၁၀)ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္သလုိ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္မွာလည္း အလန္ရွီးယား (၁၁ႀကိမ္)ၿပီးရင္ ဒုတိယေျမာက္ အမ်ားဆုံးျဖစ္ပါတယ္။ မန္စီးတီးအသင္းရဲ႕ ဂုိးေပါက္ကန္သြင္းမႈေတြကုိ အာဆင္နယ္ဂုိးသမား ေလႏုိ သာ မကာကြယ္ႏုိင္ခဲ့ရင္ ဒီထက္ဂုိးျပတ္မယ့္အေနအထားပါပဲ။
မန္စီးတီးအသင္းဟာ အာဆင္နယ္နဲ႔ ဆုံးေတြ႕ခဲ့တဲ့ ပရီးမီးယားလိဂ္ (၄)ပဲြဆက္ အႏုိင္ရခဲ့ၿပီး ဒါဟာ ၁၉၃၇ ဧၿပီလေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ခဲ့ပါတယ္။
(Unicode)
မန်စီးတီးကိုအဘက်ဘက်မယှဉ်နိုင်ခဲ့တဲ့အာဆင်နယ်/ မန်စီးတီး ၃-၁ အာဆင်နယ်
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ မန်စီးတီး-အာဆင်နယ်ပွဲမှာတော့ မန်စီးတီးအသင်းက တိုက်စစ်မှူး အဂွဲရိုးရဲ့ ဟက်ထရစ်နဲ့အတူ (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ ဒဏ်ရာရကစားသမားများနေတဲ့အပြင် နည်းပြအမ်မရီ ကလည်း ကွင်းလယ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ရမ်ဆေး Ramsey ၊ အိုဇေးလ် တို့ကို မသုံးခဲ့တာက ပြဿနာပါ။ ရမ်ဆေးကို ဒုတိယပိုင်းမှ အသုံးပြုခဲ့ပြီး အိုဇေးလ်ကိုတော့ တစ်ပွဲလုံး မသုံးခဲ့ပါဘူး။
မန်စီးတီးကတော့ ဒီပွဲမှာ နိုင်ပွဲပြန်ရှာဖို့ လိုအပ်နေတာကြောင့် အင်ပြည့်အားပြည့်ကစားခဲ့ပြီး အာဆင်နယ်ကို တစ်ပွဲလုံး အသာစီးက ကစားခဲ့တယ်။ ပွဲစစချင်းမှာပဲ မန်စီးတီးဂိုးရခဲ့ပြီး လာပေါ့တ်ရဲ့ ဖြတ်တင်ဘောကို အဂွဲရိုးက ခေါင်းတိုက်သွင်းခဲ့တာပါ။ (၁၁)မိနစ်မှာ အာဆင်နယ် ချေပဂိုး ပြန်ရခဲ့ပြီး မွန်နယ်ရယ်ရဲ့ ခေါင်းတိုက်ပေးပို့မှုကနေ ကိုစီယဲလ်နီ က ထပ်ဆင့်ခေါင်းတိုက် သွင်းခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်း ကွင်းလယ်က မန်စီးတီးအသင်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေလို့ ဘယ်လိုမှ အလုပ်မဖြစ်ခဲ့ဘူး။
(၄၄)မိနစ်မှာ စတာလင် ရဲ့ ပေးပို့မှုကနေ အဂွဲရိုး ပိတ်သွင်းခဲ့လို့ မန်စီးတီး ပြန်ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းကတော့ မန်စီးတီးပွဲဖြစ်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု(၁၄)ကြိမ် ပြုလုပ်ခဲ့ပြီး အာဆင်နယ်ကတော့ တစ်ကြိမ်မှကို မရှိခဲ့ဘူး။
(၆၁)မိနစ်မှာ အဂွဲရိုးက ဟက်ထရစ်ဖြစ်မယ့် ဂိုးကို သွင်းယူခဲ့ပြီး ဒါဟာ သူ့အတွက် မန်စီးတီးကစားသမားဘ၀ (၁၀)ကြိမ်မြောက် ဟက်ထရစ်ဖြစ်သလို ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာလည်း အလန်ရှီးယား (၁၁ကြိမ်)ပြီးရင် ဒုတိယမြောက် အများဆုံးဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဂိုးပေါက်ကန်သွင်းမှုတွေကို အာဆင်နယ်ဂိုးသမား လေနို သာ မကာကွယ်နိုင်ခဲ့ရင် ဒီထက်ဂိုးပြတ်မယ့်အနေအထားပါပဲ။
မန်စီးတီးအသင်းဟာ အာဆင်နယ်နဲ့ ဆုံးတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက် အနိုင်ရခဲ့ပြီး ဒါဟာ ၁၉၃၇ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။
Post a Comment