အသက္၂၁နွစ္အရြယ္တုန္းကစီေရာ္နယ္ဒိုထက္ဂိုးပိုမိုသြင္းထားတဲ့ ရပ္ဖို႔ဒ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မားကပ္ရပ္ဖိုဒ့္နဲ႔စီေရာ္နယ္ဒိုတို႔မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ၁၄၉ပြဲကစားျပီးခ်ိန္ကိုနိႈင္းယွဥ္ျကိဳက္ေတာ့ ရပ္ဖိုဒ့္ကေတာင္ သြင္းဂိုးပိုမ်ားေနတာေတြ႔ရပါတယ္။
၁၄၉ပြဲအျပီးမွာ စီေရာ္နယ္ဒိုက ၃၁ဂိုးသာသြင္းထားေပမယ့္ ရပ္ဖို႔ဒ္ကေတာ့ ဂိုးေလးဆယ္အထိသြင္းနိုင္ခဲ့ပါတယ္။တကယ္ေတာ့ စီေရာ္နယ္ဒိုဟာ ကစားသမားဘဝမွာ ဂိုးသြင္းစံခ်ိန္ေပါင္းမ်ားစြာတင္ရွိထားသူပါ။ သူရဲ႕ခ်ိဳးဖ်က္ဖို႔ခက္တဲ့စံခ်ိန္ေတြဟာ ျပိဳင္ဘက္ေနာက္ခံလူေတြရွိန္ေလာက္ေအာင္ပါပဲ။ဒါေျကာင့္ ရပ္ဖိုဒ့္အတြက္ေတာ့ အခုလိုအသက္အရြယ္ခ်င္းအတူတူမွာ စီေရာ္နယ္ဒိုထက္ဂိုးပိုသြင္းနိုင္ခဲ့တာ ဂုဏ္ယူစရာပါပဲ။
ဆိုးလ္ရွားကေတာ့ မားကပ္ ဟာ ဝိန္းရြန္းနၤ,စီေရာ္နယ္ဒိုတို႔ လိုယူနိုက္တက္အတြက္ပထမပြဲ၁၅၀ကစားထားခ်ိန္နဲ႔ တူညီတဲ့ levelမွာရွိေနတယ္လို႔ေထာက္ခံသြားခဲ့ပါတယ္။ဆိုးလ္ရွားက''ဟုတ္တာေပါ့။ရပ္ဖို႔ဒ္ကထိပ္တန္းအဆင့္ကစားသမားဆိုတာအေသအခ်ာပါပဲ။သူ႔အသက္က ခုမွ၂၁နွစ္ပါ။ဒါေပမယ့္ သူ႔ရဲ႕လုပ္အားနႈန္းနဲ႔ ရင့္က်တ္မႈက အသက္အရြယ္ကိုေမ့သြားေစမွာပါ''ခ်ီးက်ဴးသြားခဲ့ပါတယ္။
You tube videoအရေတာ့ ရပ္ဖို႔ဒ္ရဲ႕ကစားပံုဟာ စီေရာ္နယ္ဒိုငယ္စဥ္ကေျခစြမ္းကိုမမွီပါဘူး။အသက္၂၁နွစ္အရြယ္ကေရာ္နယ္ဒိုနဲ႔လက္ရွိရပ္ဖို႔တို႔ရဲ႕videoကိုသံုးသပ္႐ရင္ ရပ္ဖိုဒ့္ကတကယ္ေတာ္ပါတယ္။ဒါေပမယ့္ေရာ္နယ္ဒိုက ျပိဳင္ဘက္ေတြအတြက္ရပ္တန္႔မရသူပါပဲ။၂၁အရြယ္စီေရာ္နယ္ဒိုရဲ႕ လွည့္ဖ်ားမႈေတြ တစ္ကိုယ္ေတာ္ေက်ာ္ျဖတ္မႈေတြက လက္ဖ်ားခါစရာပါပဲ။တခါတရံကြင္းထဲမွာကို ေမွာ္ဆန္တဲ့အခိုက္အတန္႔ေတြလုပ္ျပျပီး ပရိတ္သတ္ကို အံ့အားသင့္ေစသူပါ။
ရပ္ဖို႕ဒ္ကဆိုးရွားလက္ထက္၇ပြဲမွာ၅ဂိုးသြင္းျပီး ပိုေကာင္းလာတာမွန္ေပမယ့္စီေရာ္နယ္ဒိုလို လုပ္နိုင္ေနျပီလို႔ေျပာဖို႔ခက္ပါတယ္။ေရာ္နယ္ဒိုကတကယ့္လူသားစက္ရုပ္တစ္ေယာက္လို႔ဆိုရမွာပါ။ ရီးရဲလ္အတြက္ဂိုးေပါင္း၄၅၀ေက်ာ္သြင္းေပးခဲ့ရာမွာ သူ႔ဂိုးသြင္းနႈန္းက တစ္ပြဲတစ္ဂိုးမကပါဘူး။ဒါေျကာင့္ လူငယ္ကစားသမားရပ္ဖို႔ဒ္ကို စီေရာ္နယ္ဒိုနဲ႔နိႈင္းယွဥ္ေနတာမျဖစ္သင့္ပါဘူး။ဒါကသူ႔ကိုဖိအားတိုးေစမွာပါ။ရပ္ဖို႔ဒ္ဟာရပ္ဖိုဒ့္ပါပဲ။ အနာဂတ္မွာ အေကာင္းဆံုးဆုေတြဆြတ္ခူးဖို႔အလားအလာရွိသူတစ္ေယာက္အျဖစ္သတ္မွတ္ေပးရင္လံုေလာက္ပါျပီ။
(Unicode)
အသက်၂၁နှစ်အရွယ်တုန်းကစီရော်နယ်ဒိုထက်ဂိုးပိုမိုသွင်းထားတဲ့ ရပ်ဖို့ဒ်
မားကပ်ရပ်ဖိုဒ့်နဲ့စီရော်နယ်ဒိုတို့မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၄၉ပွဲကစားပြီးချိန်ကိုနှိုင်းယှဉ်ကြိုက်တော့ ရပ်ဖိုဒ့်ကတောင် သွင်းဂိုးပိုများနေတာတွေ့ရပါတယ်။
၁၄၉ပွဲအပြီးမှာ စီရော်နယ်ဒိုက ၃၁ဂိုးသာသွင်းထားပေမယ့် ရပ်ဖို့ဒ်ကတော့ ဂိုးလေးဆယ်အထိသွင်းနိုင်ခဲ့ပါတယ်။တကယ်တော့ စီရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ဂိုးသွင်းစံချိန်ပေါင်းများစွာတင်ရှိထားသူပါ။ သူရဲ့ချိုးဖျက်ဖို့ခက်တဲ့စံချိန်တွေဟာ ပြိုင်ဘက်နောက်ခံလူတွေရှိန်လောက်အောင်ပါပဲ။ဒါကြောင့် ရပ်ဖိုဒ့်အတွက်တော့ အခုလိုအသက်အရွယ်ချင်းအတူတူမှာ စီရော်နယ်ဒိုထက်ဂိုးပိုသွင်းနိုင်ခဲ့တာ ဂုဏ်ယူစရာပါပဲ။
ဆိုးလ်ရှားကတော့ မားကပ် ဟာ ဝိန်းရွန်းင်္န,စီရော်နယ်ဒိုတို့ လိုယူနိုက်တက်အတွက်ပထမပွဲ၁၅၀ကစားထားချိန်နဲ့ တူညီတဲ့ levelမှာရှိနေတယ်လို့ထောက်ခံသွားခဲ့ပါတယ်။ဆိုးလ်ရှားက''ဟုတ်တာပေါ့။ရပ်ဖို့ဒ်ကထိပ်တန်းအဆင့်ကစားသမားဆိုတာအသေအချာပါပဲ။သူ့အသက်က ခုမှ၂၁နှစ်ပါ။ဒါပေမယ့် သူ့ရဲ့လုပ်အားနှုန်းနဲ့ ရင့်ကျတ်မှုက အသက်အရွယ်ကိုမေ့သွားစေမှာပါ''ချီးကျူးသွားခဲ့ပါတယ်။
You tube videoအရတော့ ရပ်ဖို့ဒ်ရဲ့ကစားပုံဟာ စီရော်နယ်ဒိုငယ်စဉ်ကခြေစွမ်းကိုမမှီပါဘူး။အသက်၂၁နှစ်အရွယ်ကရော်နယ်ဒိုနဲ့လက်ရှိရပ်ဖို့တို့ရဲ့videoကိုသုံးသပ်ရရင် ရပ်ဖိုဒ့်ကတကယ်တော်ပါတယ်။ဒါပေမယ့်ရော်နယ်ဒိုက ပြိုင်ဘက်တွေအတွက်ရပ်တန့်မရသူပါပဲ။၂၁အရွယ်စီရော်နယ်ဒိုရဲ့ လှည့်ဖျားမှုတွေ တစ်ကိုယ်တော်ကျော်ဖြတ်မှုတွေက လက်ဖျားခါစရာပါပဲ။တခါတရံကွင်းထဲမှာကို မှော်ဆန်တဲ့အခိုက်အတန့်တွေလုပ်ပြပြီး ပရိတ်သတ်ကို အံ့အားသင့်စေသူပါ။
ရပ်ဖို့ဒ်ကဆိုးရှားလက်ထက်၇ပွဲမှာ၅ဂိုးသွင်းပြီး ပိုကောင်းလာတာမှန်ပေမယ့်စီရော်နယ်ဒိုလို လုပ်နိုင်နေပြီလို့ပြောဖို့ခက်ပါတယ်။ရော်နယ်ဒိုကတကယ့်လူသားစက်ရုပ်တစ်ယောက်လို့ဆိုရမှာပါ။ ရီးရဲလ်အတွက်ဂိုးပေါင်း၄၅၀ကျော်သွင်းပေးခဲ့ရာမှာ သူ့ဂိုးသွင်းနှုန်းက တစ်ပွဲတစ်ဂိုးမကပါဘူး။ဒါကြောင့် လူငယ်ကစားသမားရပ်ဖို့ဒ်ကို စီရော်နယ်ဒိုနဲ့နှိုင်းယှဉ်နေတာမဖြစ်သင့်ပါဘူး။ဒါကသူ့ကိုဖိအားတိုးစေမှာပါ။ရပ်ဖို့ဒ်ဟာရပ်ဖိုဒ့်ပါပဲ။ အနာဂတ်မှာ အကောင်းဆုံးဆုတွေဆွတ်ခူးဖို့အလားအလာရှိသူတစ်ယောက်အဖြစ်သတ်မှတ်ပေးရင်လုံလောက်ပါပြီ။
Post a Comment