Header Ads


ေ၀ဖန္မႈေတြအေပၚမၿဖံဳခဲ့ပဲရလဒ္အေပၚသာစိုးရိ္မ္ခဲ့တဲ့ခ်ဲလ္ဆီးနည္းျပဆာရီ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခ်ဲလ္ဆီးနည္းျပဆာရီတစ္ေယာက္ကေတာ့ မန္ခ်က္စတာယူနိုက္တက္ကို - ျဖင့္ရံႈးနိမ့္တဲ့ပြဲမွာ ခ်ဲလ္ဆီးပရိတ္သတ္ေတြရဲ ့ေလွာင္ေျပာင္ျခင္းကိုခံခဲ့ရေသာ္လည္း သူက ရလဒ္ေတြအေပၚသာစိုးရိမ္ခဲ့တယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။

 လက္ရိွFA ဖလားခ်န္ပီယံၾကီးဟာ အန္ဒါဟာရဲရားနဲ ့ေပါ့ဘာတို ့ရဲ ့ပထမပိုင္းေခါင္းတိုက္သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရၿပီးေနာက္ကြင္းအတြင္းမွာေတာ့ နည္းျပဆာရီနဲ ့ပတ္သတ္ၿပီးေလွာင္ေျပာင္ေအာ္ဟစ္သံေတြကိုၾကားခဲ့ရတာပဲျဖစ္ပါတယ္။ဒုတိယပိုင္းပြဲကစားခ်ိန္မွာေတာ့ နည္းျပဆာရီရဲ ့ေဘာလံုးကိုင္ကစားတဲ့ ဒႆနအေပၚ အျမင္မတူသူ ခ်ဲလ္ဆီးပရိတ္သတ္ေတြကတိုက္ခုိက္ေျပာဆိုေ၀ဖန္ခဲ့ၾကၿပီးေသာက္သံုးမက်တဲ့ဆာရီေဘာလို ့ေအာ္ဟစ္ေျပာဆိုခဲ့ၾကပါတယ္။ခ်ဲလ္ဆီးပရိတ္သတ္မ်ားဟာ ယူနိုက္တက္ပရိတ္သတ္ေတြသီဆိုခဲ့တဲ့သီခ်င္းျဖစ္တဲ့မနက္ဖန္မနက္မင္းအထုတ္ခံရေတာ့မယ္ဆိုတဲ့သီခ်င္းကိုေတာင္အတူတူ၀င္ဆိုခဲ့ၾကပါေသးတယ္။

အီတလီနည္းျပၾကီးကေတာ့ ေ၀ဖန္မႈေတြနဲ ့ပတ္သတ္ၿပီး ၿဖံဳတဲ့ပံုမေပၚပါဘူး။သူေျပာတာကေတာ့ကၽြန္ေတာ့္ကစားသမားေတြနဲ ့အလုပ္တူတူလုပ္ရတာပါ။ပရိတ္သတ္ေတြနဲ ့မဟုတ္ပါဘူး။ရလဒ္ေတြနဲ ့ပတ္သတ္ၿပီး ကၽြန္ေတာ့္မွာတာ၀န္ရိွပါတယ္။ပရိတ္သတ္ေတြကိုနားလည္ပါတယ္။ဘာလို ့လဲဆိုေတာ့ရလဒ္ကမေကာင္းလို ့ပါ။ဒါပင္မယ့္ကၽြန္ေတာ္ကရလဒ္တစ္ခုပဲစိုးရိမ္ခဲ့တာပါ။” 

ခ်ဲလ္ဆီးအသင္းကေတာ့ သူတို ့ရဲ ့ေနာက္ဆံုး၅ပြဲမွာ ၃ပြဲအထိရံႈးနိမ့္ထားတာပဲျဖစ္ပါတယ္။ဒါ့အျပင္ ဆာရီရဲ့ မေျပာင္းလဲေဘာလံုးဒႆနေတြၾကား အသင္းတိုက္စစ္ဟာၿပိဳင္ဘက္ကိုဂိုးသြင္းနိုင္ျခင္းမရိွခဲ့ပါဘူး။

သူတို ့ဟာပြဲကိုအေကာင္းဆံုးစတင္ကစားနိုင္ခဲ့ေသာ္လည္း ေနာက္တန္းရဲ ့လစ္ဟာမႈေတြက ပြဲျပတ္သြားေစခဲ့တာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္းဆာရီကေတာ့ သူ ့အသင္းရဲ ့စြမ္းေဆာင္ရည္နဲ ့ပတ္သတ္ၿပီးေက်နပ္ေနသလို သူ ့အသင္းဟာ ကံမေကာင္းခဲ့ဘူးလို ့ေျပာၾကားခဲ့ပါေသးတယ္။


ကၽြန္ေတာ္တို ့ကံမေကာင္းခဲ့ပါဘူး။ပထမပိုင္းမွာအေကာင္းဆံုးကစားခဲ့တယ္။ပထမပိုင္းလည္းၿပီးေရာ - ျဖစ္သြားတယ္။ကၽြန္ေတာ္ေပ်ာ္ပါတယ္။ဘာလို ့လဲဆိုေတာ့ တစ္ခါတစ္ေလ ကစားအားကိုေလ်ာ ့ခ်ရပ္တန္ ့ဖို ့လိုပါတယ္။ဒီပြဲမွာေတာ့ ကၽြန္ေတာ္တို ့မရပ္ခဲ့ပါဘူး။ဒါပင္မယ့္ ဒုတိယပိုင္းမွာေတာ့ ကၽြန္ေတာ္တို ့ဟာ ရႈပ္ေထြးတဲ့ ကစားဟန္ၾကားေရာက္သြားပါတယ္။ကၽြန္ေတာ္တို ့တိုင္ပတ္သြားခဲ့ပါတယ္။ကၽြန္ေတာ္တို ့အသင္းဟာ တိုက္စစ္ပိုင္းေရာခံစစ္ပိုင္းမွာ ပိုမိုတိက်တဲ့ဆံုးျဖတ္ခ်က္ေတြနဲ ့အတူ ဖိဖိစီးစီးလုပ္ဖုိ ့လိုအပ္ေနပါတယ္။ေဘာလံုးမပါပဲ ေရြ ့လ်ားမႈေတြေကာင္းေကာင္းလုပ္ဖို ့လုိေနပါတယ္။” 

(Unicode)

ဝေဖန်မှုတွေအပေါ်မဖြုံခဲ့ပဲရလဒ်အပေါ်သာစိုးရိမ်ခဲ့တဲ့ချဲလ်ဆီးနည်းပြဆာရီ

ချဲလ်ဆီးနည်းပြဆာရီတစ်ယောက်ကတော့ မန်ချက်စတာယူနိုက်တက်ကို ၂-၀ ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာ ချဲလ်ဆီးပရိတ်သတ်တွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရသော်လည်း သူက ရလဒ်တွေအပေါ်သာစိုးရိမ်ခဲ့တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

 လက်ရှိFA ဖလားချန်ပီယံကြီးဟာ အန်ဒါဟာရဲရားနဲ့ပေါ့ဘာတို့ရဲ့ပထမပိုင်းခေါင်းတိုက်သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက်ကွင်းအတွင်းမှာတော့ နည်းပြဆာရီနဲ့ပတ်သတ်ပြီးလှောင်ပြောင်အော်ဟစ်သံတွေကိုကြားခဲ့ရတာပဲဖြစ်ပါတယ်။ဒုတိယပိုင်းပွဲကစားချိန်မှာတော့ နည်းပြဆာရီရဲ့ဘောလုံးကိုင်ကစားတဲ့ ဒဿနအပေါ် အမြင်မတူသူ ချဲလ်ဆီးပရိတ်သတ်တွေကတိုက်ခိုက်ပြောဆိုဝေဖန်ခဲ့ကြပြီး ” သောက်သုံးမကျတဲ့ဆာရီဘော” လို့အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ချဲလ်ဆီးပရိတ်သတ်များဟာ ယူနိုက်တက်ပရိတ်သတ်တွေသီဆိုခဲ့တဲ့သီချင်းဖြစ်တဲ့ ” မနက်ဖန်မနက်မင်းအထုတ်ခံရတော့မယ်” ဆိုတဲ့သီချင်းကိုတောင်အတူတူဝင်ဆိုခဲ့ကြပါသေးတယ်။

အီတလီနည်းပြကြီးကတော့ ဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး ဖြုံတဲ့ပုံမပေါ်ပါဘူး။သူပြောတာကတော့ ” ကျွန်တော့်ကစားသမားတွေနဲ့အလုပ်တူတူလုပ်ရတာပါ။ပရိတ်သတ်တွေနဲ့မဟုတ်ပါဘူး။ရလဒ်တွေနဲ့ပတ်သတ်ပြီး ကျွန်တော့်မှာတာဝန်ရှိပါတယ်။ပရိတ်သတ်တွေကိုနားလည်ပါတယ်။ဘာလို့လဲဆိုတော့ရလဒ်ကမကောင်းလို့ပါ။ဒါပင်မယ့်ကျွန်တော်ကရလဒ်တစ်ခုပဲစိုးရိမ်ခဲ့တာပါ။” 

ချဲလ်ဆီးအသင်းကတော့ သူတို့ရဲ့နောက်ဆုံး၅ပွဲမှာ ၃ပွဲအထိရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်။ဒါ့အပြင် ဆာရီရဲ့ မပြောင်းလဲဘောလုံးဒဿနတွေကြား အသင်းတိုက်စစ်ဟာပြိုင်ဘက်ကိုဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။

သူတို့ဟာပွဲကိုအကောင်းဆုံးစတင်ကစားနိုင်ခဲ့သော်လည်း နောက်တန်းရဲ့လစ်ဟာမှုတွေက ပွဲပြတ်သွားစေခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းဆာရီကတော့ သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးကျေနပ်နေသလို သူ့အသင်းဟာ ကံမကောင်းခဲ့ဘူးလို့ပြောကြားခဲ့ပါသေးတယ်။

” ကျွန်တော်တို့ကံမကောင်းခဲ့ပါဘူး။ပထမပိုင်းမှာအကောင်းဆုံးကစားခဲ့တယ်။ပထမပိုင်းလည်းပြီးရော ၂-၀ ဖြစ်သွားတယ်။ကျွန်တော်ပျော်ပါတယ်။ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ ကစားအားကိုလျော့ချရပ်တန့်ဖို့လိုပါတယ်။ဒီပွဲမှာတော့ ကျွန်တော်တို့မရပ်ခဲ့ပါဘူး။ဒါပင်မယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ဟာ ရှုပ်ထွေးတဲ့ ကစားဟန်ကြားရောက်သွားပါတယ်။ကျွန်တော်တို့တိုင်ပတ်သွားခဲ့ပါတယ်။ကျွန်တော်တို့အသင်းဟာ တိုက်စစ်ပိုင်းရောခံစစ်ပိုင်းမှာ ပိုမိုတိကျတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူ ဖိဖိစီးစီးလုပ်ဖို့လိုအပ်နေပါတယ်။ဘောလုံးမပါပဲ ရွေ့လျားမှုတွေကောင်းကောင်းလုပ်ဖို့လိုနေပါတယ်။” 


No comments

Powered by Blogger.