Header Ads


ရိုနယ္ဒိုနဲ ့မက္ဆီဘယ္သူပိုေကာင္းလည္းေမးခြန္းကိုအေကာင္းဆံုးအေျဖေပးခဲ့တဲ့ဂၽြန္တယ္ရီ





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးအသင္းရဲ ့ဂႏၱ၀င္ေနာက္ခံလူဂၽြန္တယ္ရီၾကီးကေတာ့ ေဘာလံုးေလာကရဲ ့ေမးခြန္းေဟာင္းၾကီးကိုေျဖၾကားခဲ့ပါတယ္။

ရိုနယ္ဒိုနဲ ့မက္ဆီဘယ္သူပိုေကာင္းသလဲ?”

ခ်ဲလ္ဆီးဂႏၱ၀င္ၾကီးဟာ သူ ့ရဲ ့ကစားသမားဘ၀တစ္ေလ ွ်ာက္ မက္ဆီနဲ ့ခရစ္စတီယာနိုရိုနယ္ဒိုတို ့ထိပ္တိုက္ရင္ဆိုင္ကစားခဲ့ဖူးပါတယ္။

ခ်န္ပီယံလိပ္ၿပိဳင္ပြဲကေနေတြ ့ဆံုလာခဲ့တာ နိုင္ငံတကာပြဲစဥ္ေတြအထိေပါ့။

သူဟာ အခုခ်ိန္မွာေတာ့ ရိုနယ္ဒို-မက္ဆီ ဘယ္သူပိုေကာင္းသလဲဆိုတဲ့အေမးအေပၚ ပါးနပ္တဲ့အေျဖကိုေျဖၾကားခဲ့ပါတယ္။

ကၽြန္ေတာ္အျမဲတမ္းေျပာပါတ္။မက္ဆီက တကယ့္သဘာ၀ ပါရမီရွင္တစ္ေယာက္ပါ။ဒါပင္မယ့္ လူငယ္ေဘာလံုးသမားေလးေတြအေနနဲ ့ေတာ့ ရိုနယ္ဒိုၾကိဳးစားရုန္ကန္တဲ့လမ္းစဥ္ေနာက္ကိုလိုက္ဖို ့လိုပါတယ္။ရိုနယ္ဒိုဆိုတာ အဲ့လို ၾကိဳးစာခဲ့ရင္းကေန အခြင့္အေရးေတြရရိွခဲ့တာပါ။အေျခအေန၂ခုကမတူပါဘူး။လို ့လူမႈကြန္ယက္ေပၚမွာဆိုခဲ့တာပဲျဖစ္ပါတယ္။

တယ္ရီရဲ ့အသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ အက္ရွ္ေလကိုးတစ္ေယာက္ကေတာ့ ဒီေဘာလံုးဂရု၂ေယာက္အေၾကာင္းကိုေတာ့ အေျဖတစ္မ်ိဳးေပးခဲ့ပါတယ္။ဘယ္ေနာက္ခံလူအျဖစ္ထင္ရွားခဲ့တဲ့ အက္ရွ္ေလကိုးကို Monday Night Football အစီအစဥ္မွာအထူးဧည့္သည္အျဖစ္ဖိတ္ၾကားခဲ့ၿပီး ဘယ္ကစားသမားဟာ သူ ့အတြက္အခက္အခဲဆံုးၿပိဳင္ဘက္လဲဆိုတာ ေရြးခ်ယ္ခိုင္းခဲ့ပါတယ္။

ကိုးလ္ကေတာ့ အားနာမႈမရိွပဲမက္ဆီကိုေရြးခ်ယ္ခဲ့ပါတယ္။မက္ဆီပဲျဖစ္ပါလိမ့္မယ္။လူေတြဟာရိုနယ္ဒိုအေၾကာင္းပိုေျပာၾကပါတယ္။ကၽြန္ေတာ္သူနဲ ့ေတာ္ေတာ္မ်ားမ်ားရင္ဆိုင္ကစားခဲ့ဖူးပါတယ္။ဒါပင္မယ့္မက္ဆီကေတာ့ သူေန ့ရက္ေတြမွာ အေကာင္းဆံုးပါပဲ။ကၽြန္ေတာ့္အတြက္အရမ္းကိုေကာင္းလြန္းေနတာပါ။ဒါပင္မယ့္ထပ္ေျပာရရင္ သူကၽြန္ေတာ္နဲ ့ရင္ဆိုင္တိုင္းဂိုးလံုး၀မသြင္းဖူးပါဘူး။လို ့ရယ္သြမ္းလ်က္ေျဖၾကားခဲ့ပါတယ္။

ရိုနယ္ဒိုနဲ ့မက္ဆီတို ့ဟာေဘာလံုးေလာကအေပၚနွစ္အေတာ္ၾကာလႊမ္းမိုးလာခဲ့တာျဖစ္ပါတယ္။ေပၚတူဂီစတားက ေတာ့ ဒီႏွစ္ေႏြရာသီစပိန္ေဘာလံုးေလာကနဲ ့လမ္းခြဲခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းဆီေျပာင္းေရႊ ့သြားခဲ့တာပဲျဖစ္ပါတယ္။လိပ္အသစ္မွာလည္း အရင္ရိုနယ္ဒိုျဖစ္ေနဆဲပါ။သူဟာ စီးရီေအရဲ ့ဂိုးသြင္းဇယားထိပ္ဆံုးမွာ သြင္းဂိုး၁၇ဂိုးျဖင့္ဦးေဆာင္ရပ္တည္ေနပါတယ္။

ထို ့အတူ မက္ဆီဟာလည္း ဒီရာသီလာလီဂါမွာ သြင္းဂိုး၂၁ နဲ ့အေကာင္းဆံုးစံခ်ိန္ေတြရယူထားတာပဲျဖစ္ပါတယ္။


ရိုနယ္ဒိုေရာ မက္ဆီကိုပါ ရပ္တန္ ့လို ့မရေသးပါဘူး။

(Unicode)


ရိုနယ်ဒိုနဲ့မက်ဆီဘယ်သူပိုကောင်းလည်းမေးခွန်းကိုအကောင်းဆုံးအဖြေပေးခဲ့တဲ့ဂျွန်တယ်ရီ

ချဲလ်ဆီးအသင်းရဲ့ဂန္တဝင်နောက်ခံလူဂျွန်တယ်ရီကြီးကတော့ ဘောလုံးလောကရဲ့မေးခွန်းဟောင်းကြီးကိုဖြေကြားခဲ့ပါတယ်။

” ရိုနယ်ဒိုနဲ့မက်ဆီဘယ်သူပိုကောင်းသလဲ?”

ချဲလ်ဆီးဂန္တဝင်ကြီးဟာ သူ့ရဲ့ကစားသမားဘဝတစ်လေ ျှာက် မက်ဆီနဲ့ခရစ်စတီယာနိုရိုနယ်ဒိုတို့ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။

ချန်ပီယံလိပ်ပြိုင်ပွဲကနေတွေ့ဆုံလာခဲ့တာ နိုင်ငံတကာပွဲစဉ်တွေအထိပေါ့။

သူဟာ အခုချိန်မှာတော့ ရိုနယ်ဒို-မက်ဆီ ဘယ်သူပိုကောင်းသလဲဆိုတဲ့အမေးအပေါ် ပါးနပ်တဲ့အဖြေကိုဖြေကြားခဲ့ပါတယ်။

” ကျွန်တော်အမြဲတမ်းပြောပါတ်။မက်ဆီက တကယ့်သဘာ၀ ပါရမီရှင်တစ်ယောက်ပါ။ဒါပင်မယ့် လူငယ်ဘောလုံးသမားလေးတွေအနေနဲ့တော့ ရိုနယ်ဒိုကြိုးစားရုန်ကန်တဲ့လမ်းစဉ်နောက်ကိုလိုက်ဖို့လိုပါတယ်။ရိုနယ်ဒိုဆိုတာ အဲ့လို ကြိုးစာခဲ့ရင်းကနေ အခွင့်အရေးတွေရရှိခဲ့တာပါ။အခြေအနေ၂ခုကမတူပါဘူး။”လို့လူမှုကွန်ယက်ပေါ်မှာဆိုခဲ့တာပဲဖြစ်ပါတယ်။

တယ်ရီရဲ့အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ အက်ရှ်လေကိုးတစ်ယောက်ကတော့ ဒီဘောလုံးဂရု၂ယောက်အကြောင်းကိုတော့ အဖြေတစ်မျိုးပေးခဲ့ပါတယ်။ဘယ်နောက်ခံလူအဖြစ်ထင်ရှားခဲ့တဲ့ အက်ရှ်လေကိုးကို Monday Night Football အစီအစဉ်မှာအထူးဧည့်သည်အဖြစ်ဖိတ်ကြားခဲ့ပြီး ဘယ်ကစားသမားဟာ သူ့အတွက်အခက်အခဲဆုံးပြိုင်ဘက်လဲဆိုတာ ရွေးချယ်ခိုင်းခဲ့ပါတယ်။

ကိုးလ်ကတော့ အားနာမှုမရှိပဲမက်ဆီကိုရွေးချယ်ခဲ့ပါတယ်။” မက်ဆီပဲဖြစ်ပါလိမ့်မယ်။လူတွေဟာရိုနယ်ဒိုအကြောင်းပိုပြောကြပါတယ်။ကျွန်တော်သူနဲ့တော်တော်များများရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ဒါပင်မယ့်မက်ဆီကတော့ သူနေ့ရက်တွေမှာ အကောင်းဆုံးပါပဲ။ကျွန်တော့်အတွက်အရမ်းကိုကောင်းလွန်းနေတာပါ။ဒါပင်မယ့်ထပ်ပြောရရင် သူကျွန်တော်နဲ့ရင်ဆိုင်တိုင်းဂိုးလုံးဝမသွင်းဖူးပါဘူး။” လို့ရယ်သွမ်းလျက်ဖြေကြားခဲ့ပါတယ်။

ရိုနယ်ဒိုနဲ့မက်ဆီတို့ဟာဘောလုံးလောကအပေါ်နှစ်အတော်ကြာလွှမ်းမိုးလာခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီစတားက တော့ ဒီနှစ်နွေရာသီစပိန်ဘောလုံးလောကနဲ့လမ်းခွဲခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဆီပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။လိပ်အသစ်မှာလည်း အရင်ရိုနယ်ဒိုဖြစ်နေဆဲပါ။သူဟာ စီးရီအေရဲ့ဂိုးသွင်းဇယားထိပ်ဆုံးမှာ သွင်းဂိုး၁၇ဂိုးဖြင့်ဦးဆောင်ရပ်တည်နေပါတယ်။

ထို့အတူ မက်ဆီဟာလည်း ဒီရာသီလာလီဂါမှာ သွင်းဂိုး၂၁ နဲ့အကောင်းဆုံးစံချိန်တွေရယူထားတာပဲဖြစ်ပါတယ်။

ရိုနယ်ဒိုရော မက်ဆီကိုပါ ရပ်တန့်လို့မရသေးပါဘူး။

No comments

Powered by Blogger.