Header Ads


ယူနိုက်တက်ပရိတ်သတ်တွေအတွက်သတင်းကောင်းပါးလိုက်တဲ့အိုလေးဂန်နားဆိုးလ်ရှား


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယူနိုက်တက် အသင်းရဲ့ယာယီနည်းပြ အိုလေဂန်းနားဆိုးရှားကပရိသတ်တွေဆီကောင်းတဲ့သတင်းစကားတစ်ခုချပြလိုက်ပါတယ်။အဲဒါကတော့အသင်းရဲ့အရေးပါအရာရောက်တဲ့ကစားသမားနှစ်ဦးဖြစ်တဲ့ လင်ဂတ်နှင့် မာရှယ် တို့နှစ်ဦးဟာလီဗာပူးလ်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်မှာယူနိုက်တက်အသင်း ရဲ့တောင်ပံတိုက်စစ်နေရာတွေကိုပြန်လည်ဝင်ရောက်လာနိုင်လိမ့်မည်လို့ ဆိုပါတယ်။အဆိုပါကစားသမားနှစ်ဦးဟာ PSGအသင်းနှင့်ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာကိုယ်စီရရှိခဲ့ပါတယ်။

သူတို့နှစ်ယောက်ကိုဒဏ်ရာကုသနေတဲ့ရလဒ်တွေကကောင်းမွန်တဲ့အခြေအနေတွေမှာရှိတာကြောင့် အိုးထရက်ဖို့ဒ်မှာယှဉ်ပြိုင်ကစားမည့်လီဗာပူးလ်အသင်းတို့ပွဲစဉ်အမှီ ကြံ့ခိုင်ရေးကောင်းကောင်းရရှိလာမယ်လို့မျှော်လင့်နေပါတယ်။လက်ရှိယူနိုက်တက်အသင်းအတွက် အဆိုပါ အင်္ဂလန်ဒါဘီ ပွဲစဉ်ဟာ အဆင့်လေးနေရာကိုခိုင်မာအောင်လုပ်နိုင်ဖို့အတွက်ကုတ်အားတစ်ခုလိုအရေးပါနေပါတယ်။ဒါကြောင့်ဒီပွဲစဉ်ကို ဆိုးရှားအနေနှင့် သေချာကိုပြင်ဆင်ထားပါတယ်။



"ကျွန်တော်အားလုံးအနေအထား မိုက်နေပါပြီ လင်ဂတ်လည်းအဆင်ပြေလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။မာရှယ်ကိုတော့ပိုပြီးမျှော်လင့်မိတယ် သူလည်းအဆင်ပြေပါစေဗျာ။ဒါပေမယ့် ကျွန်တော်တို့ ၂ရက်ပဲအချိန်ရတော့တာဆိုတော့ ကျွန်တော် တို့သေသေချာလုပ်နိုင်မှာပါ"လို့ ဆိုးရှားကဆိုပါတယ်။

"သူတို့အတွက်ဒီပွဲမှာသေချာပေါက်ပါမယ်ဆိုတဲ့အနေအထားတော့မရှိပေမယ့် သူတို့ဒဏ်ရာကိုကုသထားတာကြောင့်ပြောမရပါဘူး"

"မာရှယ်က တခြားကြွက်သားဒဏ်ရာရထားတာပါ။ကျွန်တော်တို့ကတော့မာရှယ်သေချာပေါက်အဆင်သင့်ဖြစ်မယ်လို့ထင်တယ်ပြီးတော့ လင်ဂတ်ရောပေါ့ဗျာ"

ဆိုးရှားကသူအနေနှင့်လီဗာပူးလ်အသင်းကိုဘယ်လိုယှဉ်ပြိုင်ကစားရမည့်ဆိုတာကောင်းကောင်းသိနေပြီး အဆိုပါပွဲအတွက်အဆင်သင့်ပါပဲလို့ဆိုပါတယ်။



"ကျွန်တော်ကိုယ်တိုင် လီဗာပူးလ်အသင်းနှင့်ကစားသမားတစ်ဦးအနေနှင့်ကစားခဲ့ဖူးတော့ ပရိသတ်တွေဘာကြိုက်တက်တယ်ဆိုတာသိနေပြီ။ပြီးတော့အားလုံးအတွက်အလုပ်လုပ်မှာပါ"လို့ ဆိုပါတယ်။

"ကျွန်တော်ဒီနေရာနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်ချကိတွေအများကြီးရထားတယ်ဗျ ဒီမှာကတော့တစ်ခုပဲ ခပ်ကြီးကြီးပဲ ကျွန်တော် အားလုံးရှေ့ကိုပဲအာရုံစိုက်တယ် ထိပ်ဆုံးနေရာကိုဆိုလိုတာပါ။"

"ကျွန်တော်တိုအလုပ်က အာရုံအပြည့်ထားလမ်းကြောင်းရှင်းပြီး အင်အားအပြည့်နဲ့ ခံစားမှုရသအပြည်ရရှိအောင်ပေးဆပ်မယ်။ ပွဲစထဲကအာရုံအပြည့်ထားပြီး သူတို့အသင်းကိုကောင်းကောင်းထိန်းချုပ်ပြမယ်"


ယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီမှာ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ ၃ဂိုး ၁ဂိုးနှင့်ရှုံးနိမ့်ထားခဲ့ပါတယ်။အဆိုပါပွဲစဉ်ဟာ နည်းပြဟောင်းမော်ရင်ဟိုရဲ့နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။


(Unicode)

ဖိအားတွေအပြည့်အထုတ်ကြီးတစ်ထုပ်ကိုသယ်ထားနေရတဲ့ချဲလ်ဆီးနည်းပြဆာရီ

ဒီလအတွင်း ဘုန်းမောက်,မန်စီးတီး,မန်ယူတို့ကိုဆက်တိုက်ဆိုသလိုရှုံးနိမ့်ခဲ့တာကြောင့် ဆာရီတစ်ယောက်ဖိအားတွေအောက်ရောက်နေပြီးမယ်မိုနဲ့ပွဲမှာ ကသိကအောင့်ဖြစ်နေတဲ့ မျက်နှာကို အရှင်းသားမြင်တွေ့ခဲ့ရပါတယ်။

ချယ်ဆီးရဲ့ရာသီအစရည်ရွယ်ချက်ကမန်စီးတီး,ချယ်ဆီးတို့နဲ့ အပြိုင် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့ပါ။နိုဝင်ဘာလထိရှုံးပွဲမရှိသေးတဲ့ဆာရီရဲ့ချယ်ဆီးကို အခုလိုအမှတ်ပေးဇယားအဆင့်ခြောက်နေရာမှာမြင်တွေ့ရလိမ့်မယ် အရင်ကဘယ်သူမှထင်ထားမှာမဟုတ်ပါဘူး။ဆာရီရဲ့ကြမ္မာဆိုးတွေထဲ နှစ်သစ်ကစပြီး အလုံးအရင်းရောက်လာတာပါ။အထူးသဖြင့်ဖေဖေါ်ဝါရီလထဲမှာ ဘုန်းမောက်ကို 4-0,မန်စီးတီးကို 6-0နဲ့အရှက်တကွဲရှုံးခဲ့ရုံမကမန်ယူကိုရှုံးပြီး FAဖလားပါလက်လွှတ်လိုက်ရချိန်မှာတော့ နည်းပြထိုင်ခုံနေရာလှုပ်ခတ်လာပါတော့တယ်။

ဆာရီကိုယ်တိုင်လည်းနည်းစနစ်ပိုင်းတသမတ်ထဲနိုင်လွန်းတာကြောင့်ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်နေရပါတယ်။ပိုဆိုးတာက လူစားလဲမှုတွေပါ ပွဲတိုင်းဒီအတိုင်းဖြစ်နေပြီး ပြိုင်ဘက်တွေခန့်မှန်းစရာမလိုလောက်အောင်ပါပဲ။ဆာရီဟာပွဲအလှည့်အပြောင်းလုပ်နိုင်စွမ်းအားနည်းပြီး ဟန်ဆန်အိုဒွိုင်းတို့လိုခြေစွမ်းခြေစရှိတဲ့လူငယ်တွေကို နေရာပေးသင့်သလောက်မပေးရဲဘူး။ 

စိတ်ပျက်စရာတွေပြည့်နေတဲ့ အပြာရောင်ဘက်ခြမ်းမှာ မနေ့ညက မယ်မိုအသင်းကို ဂိုးပြတ်နိုင်ခဲ့တာကတော့ကျေနပ်စရာပါပဲ။ချယ်ဆီးလိုအသင်းမျိုးအနေနဲ့ ယူရိုပါလိဂ်၃၂သင်းရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာ အောင်ပွဲခံစရာမဟုတ်ပဲအဓိက က ဒီနိုင်ပွဲကနေ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ပဲ။ဒီပွဲပထမပိုင်းမှာလည်း မယ်မိုကတောင်ဖိဖိစီးစီးနဲ့ဂိုးကန်သွင်းခွင့်ပိုရခဲ့ပါသေးတယ်။ဆာရီဖြစ်နေပုံကလည်း ကွင်းဘေးကအော်ဟစ်ညွှန်ကြားနေပေမယ့် အထုတ်ကြီးတစ်ထုပ်သယ်ထားရတဲ့အတိုင်း။ဒီအထုပ်ထဲမှာ ရှက်ပွဲရှုံးပွဲတွေ ,ဖိအားတွေပြည့်နေပြီး ဆာရီအနေနဲ့ ညဘက်တွေတောင်ကောင်းကောင်းအိပ်နိုင်ပါ့မလားပဲ။

ဒုတိယပိုင်းဂျီရော့အဖွင့်ဂိုးသွင်းလိုက်ချိန်မှသာ ချယ်ဆီးအသင်းစိတ်အေးလက်အေးဖြစ်သွားပုံနဲ့ တည်တည်ငြိမ်ငြိမ်ကစားလာနိုင်တာပါ။ဂိုးပြတ်နိုင်ပွဲကြောင့်အနည်းငယ်အသက်ရူရှောင်စရာရှိပေမယ့် တနင်္ဂနွေနေ့မှာစိန်ခေါ်မှုကြီးတစ်ရပ်နဲ့ရင်ဆိုင်ရအုံးမှာပါ။ကာရာဘောင်ဖလားဖိုင်နယ်မှာ မန်စီးတီးကိုရှုံးခဲ့ရင် ဆာရီအနာဂတ်ကစိုးရိမ်စရာပါပဲ။ဆာရီတစ်ယောက်လက်ရှိရင်ဆိုင်နေရာတဲ့ ငရဲခန်းကို ဖြတ်ကျော်ပြီး ချယ်ဆီးကို ရလဒ်ကောင်းတွေနဲ့နေရာမှန်ပြန်ပို့ပေးဖို့ အာမခံရမယ့်အချိန်ရောက်လာပါပြီ။လောင်းကြေးကတော့ နည်းပြရာထူးဖြစ်မှာပါ။

No comments

Powered by Blogger.