(Unicode)
အာဆင်နယ်၊ယူနိုက်တက်တို့အပါအဝင်အပြောင်းအရွှေ့သတင်းအတိုအထွာများ
လက်စတာစီးတီးအသင်းဟာ ထုတ်ပယ်ခဲ့တဲ့ အသင်းနည်းပြ ပူရယ်ရဲ့နေရာကို ဘာဒန်ရော့ဂျာနဲ့အစားထိုးဖို့ပြင်ဆင်နေပြီးအဆိုပါဆဲလ်တစ်နည်းပြကိုခေါ်ယူဖို့စာချုပ်ဖျက်သိမ်းကြေးပေါင်၆သန်းပေးလျော်ရမှာပဲဖြစ်ပါတယ်။ (The Sun)
အဲဗာတန်အသင်းနဲ့မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဒေးဗစ်မိုယက်စ်ဟာ နည်းပြအလုပ်သစ်အတွက် လက်ခံဖို့ရှိနေပြီး လက်စတာနည်းပြဖြစ်လာဖို့ရှိသလို ဆဲလ်တစ်နည်းပြရော်ဂျာသာ လက်စတာစီးတီးနည်းပြဖြစ်လာမည်ဆိုပါက မိုယက်စ်ကို ဆဲလ်တစ်နည်းပြအဖြစ်ပြန်လည်မြင်တွေ့နိုင်တယ်လို့လည်းဆိုထားပါတယ်။(Daily Mail)
အာဆင်နယ်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့အသက်၂၁အရွယ်ညာနောက်ခံလူ အာရွန်ဘီဆာကာကို ပေါင်သန်း၄၀ဖြင့်ခေါ်ယူဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။( The Sun)
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက်၂၄နှစ်အရွယ် စပို့စ်တင်းအသင်းနဲ့ပေါ်တူဂီကွင်းလယ်လူ ဘာနိုဖာနန်ဒက်ဇ်ကို နွေရာသီမှာခေါ်ယူဖို့ချိတ်ဆက်နေကြောင်းသိရပါတယ်။( A Bola)
ဘယ်လ်ဂျီယံတောင်ပံတိုက်စစ်မှူးဟာဇက်သာ ချဲလ်ဆီးအသင်းကနေထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ပါကအောင်မြင်မှုရမယ်လို့ပြောကြားလိုက်ပါတယ်။( London Evening Standard)
ချဲလ်ဆီးအသင်းနဲ့မန်ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုဟာ လာမယ့်နွေရာသီမှာနည်းပြအလုပ်ကိုပြန်လည်ဝင်ရောက်တော့မယ်လို့သိရပါတယ်။(ESPN)
အသက်၃၁နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းဂျိုးလ်ဟတ်ဟာ ဘန်လေအသင်းမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတာကြောင့် မေဂျာလိပ်ဆီပြောင်းဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။
မာစ်အိုဗာမားစ်ဟာ အာဆင်နယ်အသင်းဆီ ဘောလုံးဒါရိုက်တာအဖြစ်ပြန်လာမှာမဟုတ်ကြောင်းသိရပါတယ်။ဘာကြောင့်လဲဆိုတော့ အေးဂျက်စ်အသင်းက သူ့ကိုဘယ်ဈေးနဲ့မှလက်လွတ်ခံမှာမဟုတ်ဘူးလို့သိရပါတယ်။(The Sun)
PSG ဥက္ကဌ နာဆာအလ်ခီလိုင်ဖီက အသင်းရဲ့စတား၂ယောက်ဖြစ်တဲ့ နေမာနဲ့အမ်ဘာပေးတို့ကို ဒီနှစ်မှာလုံးဝရောင်းချသွားမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။( Marca)
Post a Comment