Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဆာလာရဲ့လေယာဉ်ပျက်ကျမှုကိုစုံစမ်းစစ်ဆေးရာလေယာဉ်မှူးရဲ့လိုင်စင်ကမေးခွန်းထုတ်စရာဖြစ်နေ
ဘောလုံးသမားအမ်မီလီယန်နိုဆာလာသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုကိုစုံစမ်းစစ်ဆေးရာမှာ လေယာဉ်မှူးရဲ့လိုင်စင်ပေါ်က တရားဝင်အချက်အလက်နဲ့ပတ်သတ်ပြီးအာရုံစိုက်သွားဖွယ်ရှိနေရှိပါတယ်။လေကြောင်းမတော်တဆစုံစမ်းရေးအဖွဲ့(AAIB) ရဲ့အာဏာထိန်းသိမ်းမှုဆိုင်ရာလိုအပ်ချက်များလို့အမည်ပေးထားတဲ့ စုံစမ်းစစ်ဆေးမှုမှာ အပိုင်း၄ပိုင်းအထိရှိပြီး အဲ့အထဲက တစ်ပိုင်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
 AAIB ရဲ့ကြားဖြတ်အစီရင်ခံစာမှာတော့ လေယာဉ်မှူးကိုင်ဆောင်ထားတဲ့လိုင်စင်ဟာ EU နိုင်ငံအတွင်းကုန်ကျစရိတ်ကိုမ ျှတူရယူမယ့်ပေါ်မူတည်တဲ့ ခရီးသည်လေယာဉ်ကိုသာ ပျံသန်းခွင့်ရှိပြီး စီးပွားဖြစ်လေယာဉ်များကိုပျံသန်းခွင့်မရှိဘူးလို့သိရပါတယ်။AAIB ရဲ့အဆိုအရ သူ့လိုင်စင်နဲ့ဆိုလေယာဉ်မှူးတွေဟာ တကယ့်အစစ်ရည်ရွယ်ချက်ရှိရမယ်လို့ဆိုထားပါတယ်။အာဂျင်တိုင်းတိုက်စစ်မှူးဆာလာဟာ ကာဒစ်အသင်းဆီ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁၅သန်းဖြင့်ပြောင်းရွှေ့ခွင့်ရခဲ့တာဖြစ်ပြီး ကာဒစ်အသင်းဆီလာရောက်ပူးပေါင်းစဉ် ဇန်နဝါရီ၂၁ရက်အင်္ဂလန်ရေလက်ကြားထဲပျက်ကျခဲ့တာပဲဖြစ်ပါတယ်။
နန့်တက်စ် ကနေ Welsh မြို့ဆီ ပျံသန်းတဲ့ Piper Malibu လေယာဉ်ပေါ်မှာ ဆာလာတစ်ယောက်သာ ခရီးသည်တစ်ဦးအဖြစ်ရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ဖေဖေါ်ဝါရီ ၆ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး အသက်၅၉  နှစ်အရွယ်လေယာဉ်မှူး ဒေးဗစ်အစ်ဘော့စ်ဆွန်ကိုတော့ ရှာမတွေ့သေးပါဘူး။
ပျက်ကျခဲ့တဲ့လေယာဉ်ပျံဟာ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ရေအောက်ထဲမှာရှိနေသေးပြီးဆယ်ယူလို့မရသေးကြောင်းသိရပါတယ်။AAIB ရဲ့အစီရင်ခံစာမှာတော့ လေယာဉ်ပျံဟာ အပိုင်း၃ပိုင်းအထိ ပျက်စီးနေခဲ့တာဖြစ်ပြီး ဓာတ်ပုံတွေထဲမှာလေယာဉ်ပျက်ကျပျက်စီးထားတဲ့အပိုင်းအစတွေကိုတွေ့ရပါတယ်။
မစ်စတာအီဘော့ဆွန်ရဲ့မိသားစုတွေကတော့ ဒီတစ်ပတ်မှာ ရုပ်အလောင်းကိုဆက်လက်ရှာဖွေသွားမှာဖြစ်ပြီး ရန်ပုံငွေကလည်း ပေါင် ၂သိန်းခွဲထိရှိတယ်လို့သိရပါတယ်။စုံစမ်းစစ်ဆေးသူများကတော့ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို စီစစ်နေပါတယ်။ဒါပင်မယ့်လည်းလေယာဉ်ပျံဟာ ၁၈၀ ဒီဂရီစောင်းသွားပြီးနောက် ပေပေါင်းထောင်ကျော်ကနေ စက္ကန့်၂၀အတွင်းပျက်ကျခဲ့တာပဲဖြစ်ပါတယ်။အပျက်အစီးအပိုင်းတွေကို အမြင့်ပေ ၁၆၀၀ မှာရှိခဲ့တဲ့ တည်နေရာရေဒါရဲ့မီတာ၃၀ အကွာမှာရှိဖွေတွေ့ရှိခဲ့ပြီး ဇောက်ထိုးဒေါင်လိုက်ပျက်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လေယာဉ်ပျံဟာ ရေလက်ကြားကျွန်းကိုဖြတ်သန်းလာရင်း Jersy ကိုကျော်ဖြတ်လာကာ နိမ့်ဆင်းဖို့ခွင့်တောင်းပြီးနောက် သူ့ရဲ့လမ်းကြောင်းကနေသွေဖီရင်းပျက်ကျသွားခဲ့တာပဲဖြစ်ပါတယ်။
လေယာဉ်ပျံ Piper Malibu ရဲ့ပိုင်ရှင်နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပဲ အဲ့လို ဖော်ပြချင်းမရှိပါက ပိုင်ရှင်ရဲ့လေကြောင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခွင့်ပေးမှာမဟုတ်ကြောင်းသိရပါတယ်။
No comments
Powered by Blogger.