Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လယ်သမားတစ်ယောက်ဖြစ်လာဖို့ပြင်ဆင်နေတဲ့ယူနိုက်တက်ကစားသမားဟောင်းဝိန်းရွန်းနီ
ဒီနေ့ရဲ့အထူးဆန်းဆုံးသတင်းတစ်ပုဒ်ကတော့ မန်ချက်စတာယူနိုက်တက်နဲ့အင်္ဂလန်တိုက်စစ်မှူးဟောင်းဝိန်းရွန်းနီဟာ ကစားသမားဘဝကနေအနားယူပြီးပါက သူ့ရဲ့လက်ကျန်ဘဝကို အံသြသင့်စရာအလုပ်နဲ့ဖြတ်သန်းဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။
လက်ရှိ MLS ကလပ် DC United မှာကစားနေတဲ့ ရွန်းနီဟာ လယ်ထွန်စက်နဲ့မြက်ခြောက်ထုပ်ကြီးများထားမယ့်နေရာကို သူ့ရဲ့ပေါင်သန်း၂၀တန် ချီရှီုင်းယားစံအိမ်တော်ကြီးရဲ့မြေကွက်လပ်မှာဆောက်ဖို့စီစဉ်နေပြီး လယ်သမားကြီးတစ်ယောက်ဖြစ်လာဖို့စီစဉ်နေတာပဲဖြစ်ပါတယ်။
အဆိုပါ နေရာကို ပေ၂၀ ပတ်လည် စတီးstrecture များနဲ့ဆောက်လုပ်ဖို့ရှိပြီး လယ်ယာသုံးပစ္စည်းများကိုထားဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်။Daily Star ရဲ့အတည်ပြုချက်အရတော့ ရွန်းနီဟာ သူ့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့အိမ်ခြံမြေကုမ္ပဏီဖြစ်တဲ့ Brighouse Homes ရဲ့အကူအညီဖြင့် ချီရှှိုင်းယားအရှေ့ကောင်စီကို လေ ျှာက်လွှာတင်ထားကြောင်းသိရပါတယ်။
” ယခုအဆောက်အဦးရဲ့ရည်ရွယ်ချက်သည် လယ်ယာသုံးမြေအတွက် အသုံးပြုမည့် စက်ပစ္စည်းတွေကို သိုလှောင်သိမ်းဆည်းထားဖို့နှင့်  မြက်ခြောက်များကိုသိုလှောင်ထားဖို့အတွက်ရည်ရွယ်ပါသည်။လက်ယာသုံးထွန်စက်များ၊မြက်ခြောက်များ၊စက်ပစ္စည်းကရိယာများကိုသိုလှောင်ထားဖို့ဖြစ်ပါသည်။”  လို့လေ ျှာက်လွှာမှာရေးသားထားကြောင်းတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ ကာလမှာတော့ ဝိန်းရွန်းနီတစ်ယောက်က သူဟာကစားသမားဘဝကုန်ဆုံးပြီးတဲ့အချိန် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာနယ်ပယ်ကိုသွားဖို့ရှိတယ်လို့ဆိုခဲ့ဖူးပြီး လယ်လုပ်ရတဲ့အလုပ်ဟာ သူ့ရဲ့ဝါသနာဖြစ်နေတယ်လို့ထွက်ဆိုခဲ့ဖူးပါတယ်။
” ကျွန်တော်အရင်ကပြောခဲ့ဖူးတဲ့ စီမံခန့်ခွဲမှုနယ်ပယ်မသွားခင်တော့ ကျွန်တော့်ရဲ့အမှတ်သင်္ကေတကို ပြီးဆုံးအောင်လုပ်သွားမှာပါ။အဲ့ဒါက ကျွန်တော်မိနစ်တိုင်းလုပ်နေတဲ့ ဘောလုံးပါ။“ လို့ဘောလုံးစာရေးဆရာများအဖွဲ့အစည်းရဲ့ညစာစားပွဲမှာ ယူနိုက်တက်အတွက်သွင်းဂိုး ၂၅၀ သွင်းပြီး စံချိန်ချိုးခဲ့ပြီးနောက် ပြောပြခဲ့တာပဲဖြစ်ပါတယ်။
” ဒီအလုပ်က ကျွန်တော်သိတဲ့ဘောလုံးပညာနဲ့ဆိုရင်တော့ ရှက်စရာလို့ခံစားရပါတယ်။ဒါပင်မယ့် ဘောလုံးကစားတာအပြီးရပ်သွားတဲ့အချိန်တော့ ကျွန်တော်လုပ်ဆောင်သွားမှာပါ။” 
ဝိန်းရွန်းနီတစ်ယောက် အကောင်းဆုံးမန်နေဂျာတစ်ယောက်ဖြစ်လာနိုင်သလား?
No comments
Powered by Blogger.