ေနာက္ဆံုးရအေျပာင္းအေရႊ ့သတင္းအတိုအထြာမ်ား
မန္ခ်က္စတာယူနိုက္တက္ဂိုးသမားေဒးဗစ္ဒီဂီယာရဲ့စာခ်ဳပ္သစ္ကိစၥဟာလိပ္ခဲတည္းလည္းအေျခအေနျဖစ္ေနၿပီးဒီတစ္ခါေနာက္ဆံုးအၾကိမ္ကမ္းလွမ္းမႈမွာဒီဂီယာသာပယ္ခ်မယ္ဆိုပါကသေဘာတူညီခ်က္ဟာလံုး၀ပ်က္ျပယ္သြားမွာျဖစ္တယ္လို ့သိရပါတယ္။ယူနိုက္တက္က ဒီဂီယာကိုတစ္ပတ္လုပ္ခေပါင္၃သိန္းခြဲေပးေခ်ဖို ့ ဆႏၵရိွေနေၾကာင္းသိရပါတယ္။(Evening Standard)
ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်ဲလ္ဆီးအသင္းမွာအငွားသြားကစားေနတဲ့တိုက္စစ္မွဴးဟီဂြာအင္ကိုျပန္ေခၚမွာမဟုတ္ေၾကာင္းသိရၿပီးခ်ဲလ္ဆီးအသင္းနဲ ့အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ခြင့္ေပးသြားမယ္လို ့သိရပါတယ္။(The Sun)
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဘာစီလိုနာကြင္းလယ္ရာကီတစ္ကိုလာမယ့္ေႏြရာသီမွာေခၚယူဖို ့စိတ္၀င္စားေနေၾကာင္းသိရၿပီးအင္တာမီလန္အသင္းကလည္းေခၚယူဖို ့စိတ္အားထက္သန္ေနပါတယ္။(Daily Mail)
ခ်ဲလ္ဆီးအသင္းရဲ ့ေခါင္းေဆာင္ပိုင္းရာထူးဟာ အက္စပတ္က်ဴတာေနရာကေန ရူဒီဂါကိုေပးသင့္တယ္လို ့အန္တိုနီယိုရူဒီဂါရဲ ့အကိုကေျပာၾကားခဲ့ပါတယ္။(Daily Mirror)
ရိုးမားအသင္းဟာသူတို ့အသင္းရဲ့အမိုက္စားဒါရိုက္တာမြန္ခ်ီကိုအာဆင္နယ္အသင္းဆီေျပာင္းခြင့္ေပးေရးကိစၥကိုအင္တင္တင္လုပ္ေနေၾကာင္းသိရပါတယ္။(Evening Standard)
ေဒါ့မြန္အသင္းကိုသစၥာရိွရိွကစားမေနပဲ ဘာစီလိုနာအသင္းကိုေျပာင္းလာပါက မာကိုရူးစ္တစ္ေယာက္ေအာင္ျမင္လာမွာျဖစ္တယ္လို ့ဂ်ာမနီကစားေဖာ္ေဟာင္း ဘာကာဂိုးသမား တာစတန္ဂန္ကေျပာၾကားလိုက္ပါတယ္။ ( Goal)
အဲဗာတန္ပစ္မွတ္ လစ္ပ္ဇစ္တိုက္စစ္မွဴး ဂ်င္းကီဗင္ေအာစတင္ကို ေခၚယူဖို ့ေဆာက္တမ္တန္အသင္းပစ္မွတ္ထားေနပါတယ္။( Daily Mail)
အိုအာဗီစတာအသင္းရဲ့အသက္၁၈နွစ္အရြယ္ေနာက္ခံလူကာဒိုဆိုကိုေခၚယူဖို ့၀က္ဖို ့ဒ္အသင္းစိတ္၀င္စားေနေၾကာင္းသိရပါတယ္။(Daily Mail)
ကလပ္အသင္းရဲ ့တစ္ကိုယ္ရည္သံုးေရခ်ိဳးခန္းသန္ ့စင္ပစၥည္းမ်ား တရား၀င္တင္သြင္းသူအျဖစ္ ေမာ္လ္တြန္ဘေရာင္းကို ေတာ့တင္ဟမ္အသင္းက ေၾကညာခဲ့ပါတယ္။( Tottenham’s official website)
(Unicode)
နောက်ဆုံးရအပြောင်းအရွှေ့သတင်းအတိုအထွာများ
မန်ချက်စတာယူနိုက်တက်ဂိုးသမားဒေးဗစ်ဒီဂီယာရဲ့စာချုပ်သစ်ကိစ္စဟာလိပ်ခဲတည်းလည်းအခြေအနေဖြစ်နေပြီးဒီတစ်ခါနောက်ဆုံးအကြိမ်ကမ်းလှမ်းမှုမှာဒီဂီယာသာပယ်ချမယ်ဆိုပါကသဘောတူညီချက်ဟာလုံးဝပျက်ပြယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ယူနိုက်တက်က ဒီဂီယာကိုတစ်ပတ်လုပ်ခပေါင်၃သိန်းခွဲပေးချေဖို့ ဆန္ဒရှိနေကြောင်းသိရပါတယ်။(Evening Standard)
ဂျူဗင်တပ်စ်အသင်းဟာ ချဲလ်ဆီးအသင်းမှာအငှားသွားကစားနေတဲ့တိုက်စစ်မှူးဟီဂွာအင်ကိုပြန်ခေါ်မှာမဟုတ်ကြောင်းသိရပြီးချဲလ်ဆီးအသင်းနဲ့အပြီးသတ်စာချုပ်ချုပ်ခွင့်ပေးသွားမယ်လို့သိရပါတယ်။(The Sun)
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာကွင်းလယ်ရာကီတစ်ကိုလာမယ့်နွေရာသီမှာခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပြီးအင်တာမီလန်အသင်းကလည်းခေါ်ယူဖို့စိတ်အားထက်သန်နေပါတယ်။(Daily Mail)
ချဲလ်ဆီးအသင်းရဲ့ခေါင်းဆောင်ပိုင်းရာထူးဟာ အက်စပတ်ကျူတာနေရာကနေ ရူဒီဂါကိုပေးသင့်တယ်လို့အန်တိုနီယိုရူဒီဂါရဲ့အကိုကပြောကြားခဲ့ပါတယ်။(Daily Mirror)
ရိုးမားအသင်းဟာသူတို့အသင်းရဲ့အမိုက်စားဒါရိုက်တာမွန်ချီကိုအာဆင်နယ်အသင်းဆီပြောင်းခွင့်ပေးရေးကိစ္စကိုအင်တင်တင်လုပ်နေကြောင်းသိရပါတယ်။(Evening Standard)
ဒေါ့မွန်အသင်းကိုသစ္စာရှိရှိကစားမနေပဲ ဘာစီလိုနာအသင်းကိုပြောင်းလာပါက မာကိုရူးစ်တစ်ယောက်အောင်မြင်လာမှာဖြစ်တယ်လို့ဂျာမနီကစားဖော်ဟောင်း ဘာကာဂိုးသမား တာစတန်ဂန်ကပြောကြားလိုက်ပါတယ်။ ( Goal)
အဲဗာတန်ပစ်မှတ် လစ်ပ်ဇစ်တိုက်စစ်မှူး ဂျင်းကီဗင်အောစတင်ကို ခေါ်ယူဖို့ဆောက်တမ်တန်အသင်းပစ်မှတ်ထားနေပါတယ်။( Daily Mail)
အိုအာဗီစတာအသင်းရဲ့အသက်၁၈နှစ်အရွယ်နောက်ခံလူကာဒိုဆိုကိုခေါ်ယူဖို့ဝက်ဖို့ဒ်အသင်းစိတ်ဝင်စားနေကြောင်းသိရပါတယ်။(Daily Mail)
ကလပ်အသင်းရဲ့တစ်ကိုယ်ရည်သုံးရေချိုးခန်းသန့်စင်ပစ္စည်းများ တရားဝင်တင်သွင်းသူအဖြစ် မော်လ်တွန်ဘရောင်းကို တော့တင်ဟမ်အသင်းက ကြေညာခဲ့ပါတယ်။( Tottenham’s official website)
Post a Comment