ဆံပင္ျပန္စိုက္ေပးတဲ့ ပုဂၢလိကေဆးရံုဖြင့္လိုက္တဲ့စီေရာ္နယ္ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စီေရာ္နယ္ဒိုကေတာ့ေဘာလံုးေလာကရဲ႕ ဂိုးသြင္းမွတ္တမ္းေတြ,စံခ်ိန္ေတြကိုသူ႔နာမည္မွာ အျမဲထည့္ေပါင္းေနခဲ့သလို စီးပြားေရးလုပ္ငန္းမွာလည္း နယ္ပယ္ခ်ဲ႕ထြင္မႈေတြျပဳလုပ္ေနပါတယ္။အခုလည္း ဆံပင္ျပန္စိုက္တဲ့ က်န္းမာေရးစင္တာတစ္ခုကို ဖြင့္လွစ္လိုက္ျပီး အတူေနခ်စ္သူ ရိုဒရီဂြက္က မန္ေနဂ်ာလုပ္သြားမွာပါ။
အခန္း18ခန္း၊က်ြမ္းက်င္ဝန္ထမ္း150ထိရွိတဲ့ဒီစင္တာကို သူ႔အသင္းေဟာင္းရွိရာ မက္ဒရစ္ျမိဳ႕မွာဖြင့္လွစ္ခဲ႔တာျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာ စြန္႔စားရာက်တဲ့လုပ္ငန္းတစ္ခုအတြက္ ယူရို တစ္သန္းထိရင္းနွီးထားတာျဖစ္ျပီး အလုပ္ျဖစ္ခဲ့ရင္ လာမယ့္နွစ္ေတြအတြင္း ယူရို၂၅သန္းေလာက္ ထပ္မံသံုးစြဲသြားမယ္လို႔သိရပါတယ္။ထိပ္ေျပာင္သူေတြအေနနဲ႔ ဆံပင္ျပန္စိုက္လိုရင္ ယူရို4000က်သင့္မွာျဖစ္ျပီး တစ္ေန႔၁၈ေယာက္ေလာက္ ကိုကုသေပးရမယ္လို႔ခန္႔မွန္းထားပါတယ္။
စီေရာ္နယ္ဒိုကေတာ့''ေဘာလံုးအျပင္ စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့ က်န္းမာေရး,နည္းပညာနဲ႔ စူးစမ္းရွာေဖြေရးနယ္ပယ္ေတြမွာရင္းနွီးျမွပ္နွံမႈေတြ ျပဳလုပ္လိုပါတယ္။မက္ဒရစ္ျမိဳ႕မွာအခ်ိန္အျကာျကီးေနခဲ့တာေျကာင့္ က်ေနာ့္ရဲ႕ပထမဆံုးဆံပင္ျပဳျပင္ေပးတဲ့စင္တာကို အဲ့ဒီမွာဖြင့္ခဲ့တာပါ။''လို႔ေရာ္နယ္ဒိုက မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ဒါကေရာ္နယ္ဒိုရဲ႕ေဘာလံုးျပင္ပလုပ္ငန္းေတြထဲကတစ္ခုသာျဖစ္ပါတယ္။
ဟိုတယ္လုပ္ငန္းေတြ၊gymခန္းမေတြပိုင္ဆိုင္ထားသလို႕ သူ႔နာမည္နဲ႔ ထုတ္လုပ္ထားတဲ့ ဖိနပ္,ေရေမႊး,အတြင္းခံေဘာင္းဘီ ေတြလည္းရွိေနပါတယ္။ေမြးရပ္ေျမMaderiaမွာဆိုရင္ ေလယာဥ္ကြင္းကိုေတာင္ သူ႔နာမည္ေပးထားတာပါ။အားကစားပစၥည္းကုမၸဏီေတြ နဲ႔တန္ဖိုးျကီး စပြန္ဆာမ်ားစြာရွိေနသလို ပံုရိပ္အသံုးျပဳခြင့္နဲ႔ ဆိုရွယ္မီဒီယာေပၚ မွာလည္း ေရာ္နယ္ဒိုခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္မ်ားစြာရွိေနပါတယ္။ဒါ့အျပင္ ေျကာ္ျငာလုပ္ငန္းနဲ႔ပံုရိပ္အသံုးျပဳခအတြက္ အေရွ႕အလယ္ပိုင္းေဒသေတြကေန ေငြေျကးမ်ားစြာရရွိပါတယ္။ဒါေျကာင့္ တစ္ခ်ိဳ႕နာမည္ျကီးေဘာလံုးသမားေတြေနဝင္ခ်ိန္မွာ ေငြေျကးခ်ိဳ႕တဲ့ရသလိုမ်ိဳး စီေရာ္နယ္ဒိုရဲ႕အိပ္ကပ္က ဘယ္ေတာ့မွျပားခ်ပ္သြားမွာမဟုတ္ေတာ့ပါဘူး။
(Unicode)
ဆံပင်ပြန်စိုက်ပေးတဲ့ ပုဂ္ဂလိကဆေးရုံဖွင့်လိုက်တဲ့စီရော်နယ်ဒို
စီရော်နယ်ဒိုကတော့ဘောလုံးလောကရဲ့ ဂိုးသွင်းမှတ်တမ်းတွေ,စံချိန်တွေကိုသူ့နာမည်မှာ အမြဲထည့်ပေါင်းနေခဲ့သလို စီးပွားရေးလုပ်ငန်းမှာလည်း နယ်ပယ်ချဲ့ထွင်မှုတွေပြုလုပ်နေပါတယ်။အခုလည်း ဆံပင်ပြန်စိုက်တဲ့ ကျန်းမာရေးစင်တာတစ်ခုကို ဖွင့်လှစ်လိုက်ပြီး အတူနေချစ်သူ ရိုဒရီဂွက်က မန်နေဂျာလုပ်သွားမှာပါ။
အခန်း18ခန်း၊ကျွမ်းကျင်ဝန်ထမ်း150ထိရှိတဲ့ဒီစင်တာကို သူ့အသင်းဟောင်းရှိရာ မက်ဒရစ်မြို့မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ စွန့်စားရာကျတဲ့လုပ်ငန်းတစ်ခုအတွက် ယူရို တစ်သန်းထိရင်းနှီးထားတာဖြစ်ပြီး အလုပ်ဖြစ်ခဲ့ရင် လာမယ့်နှစ်တွေအတွင်း ယူရို၂၅သန်းလောက် ထပ်မံသုံးစွဲသွားမယ်လို့သိရပါတယ်။ထိပ်ပြောင်သူတွေအနေနဲ့ ဆံပင်ပြန်စိုက်လိုရင် ယူရို4000ကျသင့်မှာဖြစ်ပြီး တစ်နေ့၁၈ယောက်လောက် ကိုကုသပေးရမယ်လို့ခန့်မှန်းထားပါတယ်။
စီရော်နယ်ဒိုကတော့''ဘောလုံးအပြင် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကျန်းမာရေး,နည်းပညာနဲ့ စူးစမ်းရှာဖွေရေးနယ်ပယ်တွေမှာရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်လိုပါတယ်။မက်ဒရစ်မြို့မှာအချိန်အကြာကြီးနေခဲ့တာကြောင့် ကျနော့်ရဲ့ပထမဆုံးဆံပင်ပြုပြင်ပေးတဲ့စင်တာကို အဲ့ဒီမှာဖွင့်ခဲ့တာပါ။''လို့ရော်နယ်ဒိုက မှတ်ချက်ပေးသွားခဲ့ပါတယ်။ဒါကရော်နယ်ဒိုရဲ့ဘောလုံးပြင်ပလုပ်ငန်းတွေထဲကတစ်ခုသာဖြစ်ပါတယ်။
ဟိုတယ်လုပ်ငန်းတွေ၊gymခန်းမတွေပိုင်ဆိုင်ထားသလို့ သူ့နာမည်နဲ့ ထုတ်လုပ်ထားတဲ့ ဖိနပ်,ရေမွှေး,အတွင်းခံဘောင်းဘီ တွေလည်းရှိနေပါတယ်။မွေးရပ်မြေMaderiaမှာဆိုရင် လေယာဉ်ကွင်းကိုတောင် သူ့နာမည်ပေးထားတာပါ။အားကစားပစ္စည်းကုမ္ပဏီတွေ နဲ့တန်ဖိုးကြီး စပွန်ဆာများစွာရှိနေသလို ပုံရိပ်အသုံးပြုခွင့်နဲ့ ဆိုရှယ်မီဒီယာပေါ် မှာလည်း ရော်နယ်ဒိုချုပ်ဆိုထားတဲ့စာချုပ်များစွာရှိနေပါတယ်။ဒါ့အပြင် ကြော်ငြာလုပ်ငန်းနဲ့ပုံရိပ်အသုံးပြုခအတွက် အရှေ့အလယ်ပိုင်းဒေသတွေကနေ ငွေကြေးများစွာရရှိပါတယ်။ဒါကြောင့် တစ်ချို့နာမည်ကြီးဘောလုံးသမားတွေနေဝင်ချိန်မှာ ငွေကြေးချို့တဲ့ရသလိုမျိုး စီရော်နယ်ဒိုရဲ့အိပ်ကပ်က ဘယ်တော့မှပြားချပ်သွားမှာမဟုတ်တော့ပါဘူး။
Post a Comment