မ်က္နွာကိုခြဲစိတ္ခဲ့ရသည္အထိဖိနပ္နဲ ့တက္နင္းခဲ့တဲ့ဘုန္းေမာက္ကစားသမားေဟာင္းမင္းစ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘုန္းေမာက္အသင္းကေန ခ်န္ပီယံရွစ္ကလပ္အက္စ္တြန္ဗီလာအသင္းဆီးအငွားေျပာင္းေရႊ ့လာခဲ့တဲ့ တိုင္ရြန္မင္းစ္တစ္ေယာက္ဟာ စေနေန ့က ရီဒင္းအသင္းနဲ့ကစားတဲ့ပြဲမွာ ရီဒင္းကစားသမား နယ္ဆန္အိုလီဗီယားရာ ရဲ ့မ်က္နွာကိုတက္နင္းမိခဲ့တာေၾကာင့္ တရား၀င္ေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။
မင္းစ္ရဲ ့ေျခေထာက္နဲ ့မ်က္နွာကို အနင္းခံခဲ့ရတဲ့ အိုလီဗီယားရာဟာ မ်က္နွာတစ္ခုလံုးဟတ္တက္ကြဲသြားခဲ့ၿပီး အၾကီးအက်ယ္ဒဏ္ရာရသြားခဲ့တာပဲျဖစ္ပါတယ္။
အဆိုပါျဖစ္ရပ္ဟာ မေတာ္တဆျဖစ္သြားခဲ့တာမွန္ေသာ္လည္း အိုလီဗီယားရာရဲ ့မ်က္နွာတစ္ခုလံုးကေတာ့ ရစရာမရိွေအာင္ကိုစုတ္ျပတ္သတ္သြားခဲ့တာပဲျဖစ္ပါတယ္။
ရီးဒင္းအသင္းက ေတာ့ သူတို ့ရဲ ့ကစားသမားအိုလီဗီယားရာဟာ ေဆးရံုမွာမ်က္နွာခြဲစိတ္ကုသမႈခံယူခဲ့ရတယ္လို ့အတည္ျပဳထြက္ဆိုခဲ့ၿပီး အဆိုပါကစားသမားရဲ ့မ်က္နွာဒဏ္ရာပံုေတြကို လူမႈကြန္ယက္ေပၚမွာေ၀မ ွ်ခဲ့ပါတယ္။
၀-၀ သေရက်တဲ့ပြဲမွာ မိနစ္၉၀လံုးပါ၀င္ကစားခဲ့တဲ့အက္စ္တြန္ဗီလာအသင္းကစားသမားသစ္မင္းစ္ကေတာ့ တြစ္တာစာမ်က္နွာေပၚမွာ အိုလီဗီယားရာကို ေတာင္းပန္စကားဆိုခဲ့ပါတယ္။
အဆိုပါအသက္၂၇နွစ္အရြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ၂၀၁၇ မတ္လက မန္ခ်က္စတာယူနိုက္တက္ကစားသမားေဟာင္းဇလာတန္အီဗရာဟီမိုဗစ္ကို မေတာ္တဆတက္နင္းခဲ့ဖူးၿပီး FA က သူ ့ကို ၅ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့ဖူးေၾကာင္းသိရပါတယ္။
(Unicode)
မျက်နှာကိုခွဲစိတ်ခဲ့ရသည်အထိဖိနပ်နဲ့တက်နင်းခဲ့တဲ့ဘုန်းမောက်ကစားသမားဟောင်းမင်းစ်
ဘုန်းမောက်အသင်းကနေ ချန်ပီယံရှစ်ကလပ်အက်စ်တွန်ဗီလာအသင်းဆီးအငှားပြောင်းရွှေ့လာခဲ့တဲ့ တိုင်ရွန်မင်းစ်တစ်ယောက်ဟာ စနေနေ့က ရီဒင်းအသင်းနဲ့ကစားတဲ့ပွဲမှာ ရီဒင်းကစားသမား နယ်ဆန်အိုလီဗီယားရာ ရဲ့မျက်နှာကိုတက်နင်းမိခဲ့တာကြောင့် တရားဝင်တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။
မင်းစ်ရဲ့ခြေထောက်နဲ့မျက်နှာကို အနင်းခံခဲ့ရတဲ့ အိုလီဗီယားရာဟာ မျက်နှာတစ်ခုလုံးဟတ်တက်ကွဲသွားခဲ့ပြီး အကြီးအကျယ်ဒဏ်ရာရသွားခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်ဟာ မတော်တဆဖြစ်သွားခဲ့တာမှန်သော်လည်း အိုလီဗီယားရာရဲ့မျက်နှာတစ်ခုလုံးကတော့ ရစရာမရှိအောင်ကိုစုတ်ပြတ်သတ်သွားခဲ့တာပဲဖြစ်ပါတယ်။
ရီးဒင်းအသင်းက တော့ သူတို့ရဲ့ကစားသမားအိုလီဗီယားရာဟာ ဆေးရုံမှာမျက်နှာခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့အတည်ပြုထွက်ဆိုခဲ့ပြီး အဆိုပါကစားသမားရဲ့မျက်နှာဒဏ်ရာပုံတွေကို လူမှုကွန်ယက်ပေါ်မှာဝေမ ျှခဲ့ပါတယ်။
ဝ-၀ သရေကျတဲ့ပွဲမှာ မိနစ်၉၀လုံးပါဝင်ကစားခဲ့တဲ့အက်စ်တွန်ဗီလာအသင်းကစားသမားသစ်မင်းစ်ကတော့ တွစ်တာစာမျက်နှာပေါ်မှာ အိုလီဗီယားရာကို တောင်းပန်စကားဆိုခဲ့ပါတယ်။
အဆိုပါအသက်၂၇နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၇ မတ်လက မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဇလာတန်အီဗရာဟီမိုဗစ်ကို မတော်တဆတက်နင်းခဲ့ဖူးပြီး FA က သူ့ကို ၅ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ဖူးကြောင်းသိရပါတယ်။
Post a Comment