Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မာနေးရဲ့ထွန်းတောက်မှုတွေနဲ့အတူကြယ်၅ပွင့်အသင်းဖြစ်ကြောင်းသက်သေပြခဲ့တဲ့လီဗာပူးလ်
ချန်ပီယံဆုအတွက်စိတ်ဓာတ်အင်အားပြန်ဖြည့်လိုက်တဲ့လီဗာပူးလ်(လီဗာပူးလ်၅-၀ ဝက်ဖို့ဒ်)
လီဗာပူးလ်အသင်းရဲ့အဓိကတိုက်စစ်မှူး ဖာမီနိုတစ်ယောက်ဒဏ်ရာပြဿနာကြောင့် ဒီပွဲကို လွဲချော်သွားခဲ့သော်လည်း လီဗာပူးလ်အသင်းကတော့ ၅ဂိုးပြတ်ဖြင့် ဝက်ဖို့ဒ်အသင်းကို အပြီနှိပ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိပ်တစ်ဖန်ပြန်ဆွတ်ခူးနိုင်ဖို့အရေးဖိအားတွေဝင်နေတာလား? မဟုတ်ပါဘူး။ဒီပွဲမှာတော့ သူတို့အသင်းဟာ ချန်ပီယံလောင်းအသင်းတစ်ဖွယ်ကစားပြသွားခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုထရက်ဖို့ဒ်မှာကစားခဲ့တဲ့ လီဗာပူးလ်မဟုတ်တော့အောင်ကို ကလော့က သူ့အသင်းသားတွေကို သူလိုချင်တဲ့ နည်းစနစ်ကစားကွက်အတိုင်းတိတိကျကျပုံဖော်ပြသွားတာကိုတွေ့ရပါတယ်။
8 မိနစ် အရောက်မှာပဲ အဖွင့်ဂိုးကို လီဗာပူးတို့ ရရှိခဲ့ပါတယ်။ တောင်ပံကနေ အာနိုး မတင်ပေးလိုက်တဲ့ ဘောလုံးကို မာနေးက အပိုင် ခေါင်းတိုက် သွင်းယူ သွားခဲ့တာပါ။ မာနေးဟာ အခုနောက်ပိုင်း ပွဲစဉ်တွေမှာ လီဗာပူးရဲ့ အဖွင့်ဂိုး သွင်းယူဖို့ တာဝန်ယူထားတဲ့ ကစားသမားလို့ ထင်မှတ်ရလောက်အောင်ကို ဂိုးသွင်းခြေ မြူးလာတာ သတိထားချင်စရာပါ
အဲဒီနောက် ဆာလတ် ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကို ဝက်ဖို့ဒ် ကစားသမားတွေ တားဆီးဖို့ ကြိုးစားရင်းကနေ ၊ အာနိုးဆီ ဘောလုံး ပေးလိုက်ပြီး ၊ အာနိုးက ပြန်ခင်းပေးလိုက်ရာ ၊ ပြိုင်ဘက် နောက်တန်း ကစားသမားတွေကပဲ ဖျက်ထုတ်သွားခဲ့ ပါတယ်။
ပွဲချိန် 19 မိနစ် အရောက်မှာတော့ လီဗာပူးတို့ နောက်တစ် တစ်ဂိုး ထပ်မံ ရရှိသွားခဲ့ ပြန်ပါတယ် ။ ဒီတစ်ကြိမ်မှာလဲ ဆာလတ်ကို ပဲ အာရုံစိုက်နေကြတဲ့ ဝက်ဖို့ ကစားသမားတွေဟာ ၊ မာနေးကို လူကပ်ဖို့ အားနည်းရနေ တဆင့် ၊ ဆီနီဂေါ တိုက်စစ်ကစားသမား က နောက်ဖနောင့်လေး နဲ့ ပေါက်ပြီး အသာအယာ သွင်းယူ သွားခဲ့ပြန်တာပါ။ ဒီဂိုးကိုလဲ အာနိုးကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ဦးဆောင်ဂိုး 2 ဂိုး ရအပြီးမှာတော့ ဝက်ဖို့ဟာ ချေပဂိုး ရဖို့ ဆက်တိုက် ကြိုးစားခဲ့ပေမယ့် ဖာဘင်ဟို ၊ ဝိုင်နယ်ဒမ်တို့ရဲ့ ကွင်းလယ်ကို ကျော်ဖြတ် နိုင်ခြင်း မရှိခဲ့တဲ့ အပြင် ၊ မေလ်နာ ၊ အာနိုး ၊ ဆာလတ် တို့ ပေါင်းစပ် ထိုးဖော်နေတဲ့ ညာတောင်ပံ အခြမ်းကိုလဲ တော်တော်လေး ကြိုးစား ပိတ်ဆို့နေခဲ့ ရပါတယ်။
ပွဲကစားချိန် မိနစ် 30 နောက်ပိုင်းမှာ ဆာလတ်ရဲ့ ခြေစွမ်းတွေဟာ အမြင့်ဆုံးအထိကို ဖြစ်ခဲ့ပြီး ၊ တစ်ကိုယ်တော် စွမ်းဆောင်ရည်တွေ နဲ့ 18 ကိုက်ထဲ အထိ အကြိမ်ကြိမ် ဝင်ဆွဲပြေးနေခဲ့သလို ၊ ဝက်ဖို့ဒ် ဂိုးပေါက်ကိုလဲ ခဏခဏ ခြိမ်းခြောက်နေခဲ့ ပါတယ်။ ဝက်ဖို့ဒ်ကတော့ ပထမပိုင်း တစ်ခုလုံးမှာ ဒီလိုဖူ ဖန်တီးပေးတဲ့ အခွင့်အရေး တစ်ကြိမ်သာ ပီပီပြင်ပြင် ရရှိခဲ့တာ ဖြစ်ပြီါ် ၊ လက်ကျန် အချိန်တွေ မှာတော့ တစ်သင်းလုံး နီးပါး ခံစစ်ကို ဆင်းကူရင်းနဲ့သာ အချိန် ကုန်သွားခဲ့ ပါတယ်။
ဒုတိယပိုင်း ပြန်စတာနဲ့ လီဗာပူး ကပဲ တိုက်စစ်ကို ဆက်လက် ပုံဖော်ခဲ့ပြီး ၊ အိုရီဂီ ခင်းပေးလိုက်တဲ့ ဘောလုံကို ရော်ဘတ်ဆန်က အပြေး ဝင်ပိတ်ခဲ့ပေမယ့် ၊ ဂိုးပေါက် လွဲချော်ခဲ့သလို ၊ ဆာလတ်ရဲ့ အနီးကပ် ကန်သွင်းချက်ကိုလဲ ဖော်စတာ ကာကွယ် သွားခဲ့ပြန်ပါတယ်။
65 မိနစ်မှာတော့ ဘယ်တောင်ပံကို ထွက်ကစားရင်း ခြေစွမ်းပြနေတဲ့ အိုရီဂီက အသင်းအတွက် တတိယ မြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူ ပေးလိုက်ပါတယ်။ ဒီဂိုးဟာ ဝက်ဖို့ဒ် ကစားသမား 3 ယောက် ကာထားတဲ့ အကြားကနေ သွင်းယူ သွားခဲ့တာ ဖြစ်ပြီး ၊ ဖာမင်နို ဒဏ်ရာ ရနေချိန်မှာ ရရှိလာတဲ့ အခွင့်အရေးကို အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။
75 မိနစ် နောက်ပိုင်းမှာတော့ ဝက်ဖို့ဒ်ဟာ ချေပဂိုး ပြန်လည် ရရှိဖို့ တိုက်စစ်ကို ပြန်လည် ပုံဖော် ကစားလာနိုင်ခဲ့ပြီး ၊ ဂါရေးက အပိုင်အခွင့်အရေး 2 ကြိမ် အထိ ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဆက်တိုက်ဆိုသလို ကလော့ပ်ကလဲ သူ့ရဲ့ ဦးဆောင်ဂိုးတွေ ထိန်းထားနိုင်ဖို့ အတွက် မေလ်နာ ၊ မာနေး တို့ကို ထုတ်ကာ ဟန်ဒါဆင် နဲ့ လယ်လာနာ တို့ကို အပြောင်းအလဲ လုပ်လာခဲ့ ပါတယ်။
လီဗာပူး အတွက် နောက်ထပ် သွင်းဂိုး နှစ်ဂိုးကိုတော့ ဗန်ဒိုက် တစ်ဦးတည်းကပဲ ခေါင်းတိုက် သွင်းယူ သွားခဲ့တာဖြစ်ပါတယ်။ ထူးခြားတာက ဒီညအတွက် လီဗာပူး ရဲ့ သွင်းဂိုးတွေကို အာနိုး တစ်ယောက်ထဲက 3 ကြိမ် ၊ ရော်ဘတ်ဆန်က တစ်ကြိမ် ဖန်တီးပေးခဲ့တာပါ။
လီဗာပူး နောက်တန်း ဟာ ဒီညမှာ ဂိုးဖန်တီးမှု 4 ကြိမ် နဲ့ သွင်းဂိုး 2 ဂိုး အထိ ရှိခဲ့ ပါတယ်။
အာနိုးကတော့ ပရီးမီးယား လိဂ် သမိုင်းကြောင်း တစ်လျှော်က ဂိုးဖန်တီးမှု ဟတ်ထရစ် ရယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ် ဝင်သွားခဲ့ပါပြီ။
လီဗာပူး ကလဲ အမှတ်ပေးဇယား ထိပ်မှာပဲ ဆက်လက် ရပ်တည် သွားခဲ့ ပါတယ်။
Post a Comment