Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချဲလ်ဆီးနည်းပြဆာရီရဲ့အနာဂတ်ပြောစကားနဲ့ပတ်သတ်ပြီး ချဲလ်ဆီးပရိတ်သတ်များအကြိုက်တွေ့နေ
ချဲလ်ဆီးအသင်းနည်းပြ ဆာရီက ဂျာနယ်လစ်များကို စပါး အသင်းအား ၂ဂိုးပြတ်နှင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးသူရဲ့အနာဂတ်နှင့်ပတ်သက်ပြီး အရွန်းဖောက်နောက်ပြောင်ခဲ့ပါတယ်။အီတလီသားကြီးဆာရီဟာ သူရဲ့အသင်းရလဒ်အချို့ဆိုးရွားမှုကြောင့် ဖိအားများစွာကျရောက်နေပြီး စတန်းဖို့ဘရစ်ချ်မှာအသက်ဆက်ဖို့အတွက်သူအနေနှင့်ယခုထပ်ပိုပြီး ကြိုးစားရဖို့ရှိနေပါတယ်။
ဆာရီက သူ အနာဂတ်အကြောင်းမေးမြန်းလာမှုအပေါ်ရယ်မောနောက်ပြောင်ခဲ့ပါတယ်။အီတလီသားဆာရီက လန်ဒန်ဒါဘီပွဲစဉ်မှာအသင်းရဲ့အဓိက ဂိုးသမား ကီပါကို ပွဲထွက်စာရင်းမှာထည့်သွင်းခဲ့ခြင်းမရှိခဲ့ပါဘူး။အဆိုပါ လန်ဒန် ဒါဘီပွဲစဉ်မှာချဲလ်ဆီးအသင်းက စပါးအသင်းကို အပြိုင်အဆိုင်ချဲကာ နှစ်ဂိုး ဂိုးမရှိနှင့်အနိူင်ရရှိခဲ့ပါတယ်။
နည်းပြဆာရီကသူအနေနှင့်ချဲလ်ဆီးအသင်းမှာဘာဖိအားမှမရှိဘူးလို့ပြသနိုင်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းက ဘုန်းမောက် အာဆင်နယ်တို့ကိုရှုံးနိမ့်ခဲ့ပြီးနောက်အသင်းရဲ့ပရိသတ်တွေက ဆာရီရဲ့ကစားကွက်ပိုးစိုးပက်စက်ဝေဖန်ခဲ့ကြပြီး အသက်၆၀အရွယ် အီတလီသားကြီးဆာရီဟာ ကံဆိုးမသွားရာ မိုးလိုက်ရွာသကဲ့သို့ ကာရာဘောင်ဖလားလုပွဲမှာ မန်စီးတီးအသင်းကိုရှုံးနိမ့်ပြီး ဖလားတစ်လုံးလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။
အဆိုပါပွဲစဉ်မှာ အသင်းဂိုးသမား ကီပါက လူစားလဲရန်ငြင်းဆန်ခဲ့တာကြောင့်အသင်းရဲ့စိတ်ဓာတ်ယိမ်းယိုင်စေခဲ့တဲ့အတွက် ဆာရီက သူကိုစပါးအသင်းနှင့်ပွဲစဉ်မှာ ထည့်သွင်းခဲ့ခြင်းမရှိခဲ့ပါဘူး။
The Sunသတင်းစာမှ ဆာရီရဲ့အနာဂတ်အကြောင်းမေးမြန်ရာ ဆာရီက "မင်းရဲ့အနာဂတ်ကရောဘယ်လိုလဲ? မင်းThe Sunမှာ ပျော်ရဲ့လား ဒါမှမဟုတ် မပျော်ဘူးလား? ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါဖြေကြားချက်ကိုအသင်းရဲ့ပရိသတ်များက အသည်းခိုက်နေကြပြီး ဆာရီရဲဖြေကြားမှုကိုပြန်လည်မျှဝေနေကြကာ ပရိသတ်တွေကြားအထူးရေပန်းစားလျက်ရှိနေပါတယ်။
လက်ရှိအနေအထားတွေအရကတော့ ဆာရီ ရဲ့ဦးဆောင်မှုဖြင့် ချဲလ်ဆီးအသင်းက အဆင့်၆နေရာမှာရပ်တည်နေပြီး အဆင့်၅နေရာမှာယူနိုက်တက်အသင်းနှင့် ၁ပွဲ့လျော့၂မှတ်ကွာဟလျက်ရှိနေပါတယ်။
Post a Comment