Header Ads


ေမာ္ရင္ဟိုကို လက္ဆြဲနႈတ္ဆက္ဖို ့ျငင္းဆန္ခဲ့တဲ့ေပါလ္ေပါ့ဘာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယူႏိုက္တက္အသင္းကြင္းလယ္ကစားသမားေပါ့ဘာဟာ ေလ့က်င့္ေရးကြင္းကို ေစာေစာစီးစီးေရာက္႐ွိလာၿပီးအားလံုးတက္ညီလက္ညီေလ့က်င့္ခန္းဆင္းကာခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္အတြက္ ျပင္ဆင္ခဲ့ပါတယ္။

ျပင္သစ္သားေပါ့ဘာက ေလ့က်င္ေရးကြင္းမွာ နည္းျပႏွင့္ကစားသမားမ်ားအျပန္အလွန္လက္ဆြဲႏႈတ္ဆက္ခဲ့ေသာ္လည္း ေပါ့ဘာက ေမာ္ရင္ဟိုကလြဲရင္က်န္တဲ့သူအားလံုးကိုလက္ဆြဲႏႈတ္ဆက္ခဲ့တယ္လို႔ ဗီဒီယို မွတ္တမ္းမ်ားမွာျမင္ေတြ႔ခဲ့ရပါတယ္။

သူတို႔ႏွစ္ေယာက္ၾကားမွာ အဖုအထစ္ေတြကလက္႐ွိအခ်ိန္ထိၿပီးဆံုးေသးျခင္းမ႐ွိဘဲ အဆိုးဆံုးအေနအထားကေတာ့
ဝက္စ္ဟမ္းအသင္းကို႐ွံုးနိမ့္ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္အၿပီးမွ အဆိုးဆံုးေဝဖန္ျပစ္တင္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

ေပါ့ဘာက ရာသီအစပိုင္းမွာထဲက နည္းျပေမာ္ရင္ဟိုႏွင့္အဆင္မေျပျဖစ္ေနေၾကာင္းအရိပ္အႁမြက္ေျပာဆိုခဲ့ပါတယ္။ဝုဗ္အသင္းကို႐ွံုးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အသင္းရဲ႕တိုက္စစ္ကို ပက္ပက္စက္စက္ေဝဖန္မႈမ်ားျပဳလုပ္ကာေမာ္ရင္ဟိုႏွင့္ထိပ္တိုက္ရင္ဆိုင္မႈမ်ားျဖစ္ေပၚလာခဲ့ပါတယ္။



လက္႐ွိအေျခအေနႏွင့္ပတ္သက္ၿပီး အနည္းငယ္ေမးျမန္းမႈမ်ားျပဳလုပ္ခဲ့ရာေပါ့ဘာက"ဘာလဲငါကိုမင္းေသေစခ်င္ေနတာလား"လို႔ေမးခြန္းထုတ္ခဲ့ပါတယ္။

ယူႏုိက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္အေနျဖင့္ဗလင္စီယာအသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး အဆိုပါပြဲစဥ္ႏွင့္ပရီမီးယားလိဂ္ပြဲစဥ္ တစ္ပြဲတို႔က သူရဲ႕ရာထူးအေပၚအမ်ားႀကီးအက်ိဳးသက္ေရာက္မႈ႐ွိလာႏိုင္မွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းက အသင္းရဲ႕ရလဒ္ေတြျပန္လည္ေကာင္းမြန္လာဖို႔အေရးတႀကီးလိုအပ္ေနၿပီး ရီးရဲလ္အသင္းနည္းျပေဟာင္းဇီဒန္းကိုလည္း နည္းျပအသစ္ခန္႔အပ္ရန္ ခ်ိတ္ဆက္မႈမ်ားျပဳလုပ္ခဲ့ပါတယ္။

(Unicode)



ယူနိုက်တက်အသင်းကွင်းလယ်ကစားသမားပေါ့ဘာဟာ လေ့ကျင့်ရေးကွင်းကို စောစောစီးစီးရောက်ရှိလာပြီးအားလုံးတက်ညီလက်ညီလေ့ကျင့်ခန်းဆင်းကာချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွက် ပြင်ဆင်ခဲ့ပါတယ်။


ပြင်သစ်သားပေါ့ဘာက လေ့ကျင်ရေးကွင်းမှာ နည်းပြနှင့်ကစားသမားများအပြန်အလှန်လက်ဆွဲနှုတ်ဆက်ခဲ့သော်လည်း ပေါ့ဘာက မော်ရင်ဟိုကလွဲရင်ကျန်တဲ့သူအားလုံးကိုလက်ဆွဲနှုတ်ဆက်ခဲ့တယ်လို့ ဗီဒီယို မှတ်တမ်းများမှာမြင်တွေ့ခဲ့ရပါတယ်။



သူတို့နှစ်ယောက်ကြားမှာ အဖုအထစ်တွေကလက်ရှိအချိန်ထိပြီးဆုံးသေးခြင်းမရှိဘဲ အဆိုးဆုံးအနေအထားကတော့

ဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှ အဆိုးဆုံးဝေဖန်ပြစ်တင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။


ပေါ့ဘာက ရာသီအစပိုင်းမှာထဲက နည်းပြမော်ရင်ဟိုနှင့်အဆင်မပြေဖြစ်နေကြောင်းအရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ဝုဗ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကို ပက်ပက်စက်စက်ဝေဖန်မှုများပြုလုပ်ကာမော်ရင်ဟိုနှင့်ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်လာခဲ့ပါတယ်။



လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အနည်းငယ်မေးမြန်းမှုများပြုလုပ်ခဲ့ရာပေါ့ဘာက"ဘာလဲငါကိုမင်းသေစေချင်နေတာလား"လို့မေးခွန်းထုတ်ခဲ့ပါတယ်။



ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အနေဖြင့်ဗလင်စီယာအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်နှင့်ပရီမီးယားလိဂ်ပွဲစဉ် တစ်ပွဲတို့က သူရဲ့ရာထူးအပေါ်အများကြီးအကျိုးသက်ရောက်မှုရှိလာနိုင်မှာဖြစ်ပါတယ်။



ယူနိုက်တက်အသင်းက အသင်းရဲ့ရလဒ်တွေပြန်လည်ကောင်းမွန်လာဖို့အရေးတကြီးလိုအပ်နေပြီး ရီးရဲလ်အသင်းနည်းပြဟောင်းဇီဒန်းကိုလည်း နည်းပြအသစ်ခန့်အပ်ရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့ပါတယ်။

No comments

Powered by Blogger.