Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မော်ရင်ဟိုနေရာအစားထိုးဖို့ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက်နေတဲ့ကွန်တီနဲ့ ဒါရိုက်တာမိုရော့တာ
ဂျူဗင်တပ်စ် အသင်း ဒါရိုက်တာ မိုရော့တာကို ယူနိုက်တက် အသင်းကခေါ်ယူအားဖြည့်ရန်ချိတ်ဆက်ခဲ့တယ်လို့သတင်းများထွက်ပေါ်လာပါတယ်။ဒါ့အပြင် ချဲလ်ဆီးအသင်း နည်းပြဟောင်းကွန်တီကိုခေါ်ယူရန်ချိတ်ဆက်ထားတယ်လို့လည်းသတင်းထွက်ပေါ်လာတာကြောင့် ကွန်တီနှင့်မိုရော့တာ တို့ပြန်လည်ဆုံဆည်းပြီးလက်တွဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒါရိုက်တာ မိုရော့တာက ဂျူဗင်တပ်အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အသင်းရဲ့ဘုတ်အဖွဲ့ကိုလည်း အောက်တိုဘာလ၂၅ရက်မှာပြန်လည်အတည်ပြုဖွဲ့စည်းမယ်လို့သိရပါတယ်။
မိုရော့တာဟာ ဂျူဗင်တပ်စ် အသင်းရဲ့အဓိက ထိန်းကြောင်းပေးသူတစ်ဦးလည်းဖြစ်ပြီးအသင်းအတွက်အရေးပါအရာရောက်ကာ အများကြီးအလုပ်လုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။
ယခုကမ်းလှမ်းချက်ကလည်းကာလတိုအလုပ်တစ်ခုမဟုတ်ဘဲရေရှည်အချိန်ပေးရမည့်အလုပ်တစ်ခုလည်းဖြစ်နေတာကြောင့်စဉ်းစားဖို့လိုအပ်မည့်လို့သုံးသပ်နေကြပါတယ်။
ကော်ရီယာဒဲလ်လိုစပေါ့ သတင်းစာကဖော်ပြချက်အရ မိုရော့တာအနေဖြင့်ယူနိုက်တက်အသင်းကိုပြောင်းရွေ့နိုင်တယ်လို့ယုံကြည်နေကြပြီး အသင်းရဲ့အမှုဆောင် အီဒင် ဝုဒ်ဝဒ် ရဲ့နေရာကိုအစားထိုးတာဝန်ယူကာ အားကစားဒါရိုက်တာနေရာကို တာဝန်ယူမည်လို့ထင်ကြေးပေးနေကြပါတယ်။
ဒါအပြင်လက်ရှိယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုက ဖိအားတွေအောက်မှာရောက်ရှိနေပြီး သူရဲ့နေရာမှာကွန်တီကိုအစားထိုးခေါ်ယူမည့်လိုသတင်းကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။
Post a Comment