Header Ads


ကၽြန္ေတာ္တို ့ေတြႏိုင္ပြဲေတြနဲ႔အတူျပန္လာႏိုင္ပါလိမ့္မယ္။##မိုဒရစ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူလူကာမိုဒရစ္က အသင္းဟာ ရလဒ္ပိုင္းအရမတည္မၿငိမ္ျဖစ္ေနေသာ္လည္း လမ္းမွန္ေပၚျပန္လည္ေရာက္ရွိလိမ့္မယ္လို ့ဝန္ခံေျပာၾကားလိုက္ပါတယ္။

မေန ့ညက ခ်န္ပီယံလိပ္အုပ္စုပြဲမွာ CSKA Moscow အသင္းကို ၁-၀ ျဖင့္ရံႈးနိမ့္ခဲ့ၿပီးေနာက္ ရီးရဲလ္အသင္းဟာ ကပ္ဆိုက္ေနတဲ့ ကာလေရာက္ရွိေနၿပီး နည္းျပသစ္လိုပတ္တဂီဟာလည္း ဖိအားေတြေအာက္ေရာက္ရွိေနပါတယ္။

နီကိုလာဗီလာဆစ္ ရဲ႕ ပြဲအစစကၠန္ ့ပိုင္းသြင္းဂိုးနဲ႔ ရီးရဲလ္အသင္းဟာ ခ်န္ပီယံလိပ္ရံႈးပြဲၾကံဳေတြ ့ခဲ့ရၿပီး ၿပီးခဲ့တဲ့ ၃ပြဲအတြင္း ၂ပြဲေျမာက္ရံႈးနိမ့္မႈျဖစ္ခဲ့ပါတယ္။

ကက္စမဲ႐ိုး၊ဘန္ဇီးမားနဲ႔ မာရီယာႏိုတို႔ဟာ ရီးရဲလ္အသင္းအတြက္ ဂိုးရရွိဖို ့အေတာ္ေလး႐ုန္းကန္ကစားခဲ့ၾကေသာ္လည္း ၂၀၀၇ ဇန္နဝါရီေနာက္ပိုင္း ၃ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆံုးခဲ့ၾကတာပဲျဖစ္ပါတယ္။



ဒါအျပင့္ ၿပီးခဲ့တဲ့ ၆ပြဲအတြင္း လိုပတ္တဂီရဲ႕ ရီးရဲလ္အသင္းဟာ ၂ပြဲသာအႏိုင္ရရွိခဲ့ၿပီး လာလီဂါမွာ ၂ပြဲသေရက်ခဲ့ကာ ဆီဗီးလား အသင္းနဲ႔ CSKA ပြဲတို ့မွာ ပံုစံေကာင္းေပ်ာက္ဆံုးခဲ့ပါတယ္။

သူ တို ့ရဲ႕ မဟာၿပိဳင္ဘက္ႀကီး ဘာစီလိုနာအသင္းလည္း အမွတ္ေတြ ဆံုးရံႈးေနခဲ့ေသာ္လည္း ၇ပြဲကစားၿပီးခ်ိန္မွာ ၁၄မွတ္ ျဖင့္ ရမွတ္အတူနဲ႔  အမွတ္ေပးဇယားထိပ္ဆံုးပိုင္းမွာ အတူတူရပ္တည္ေနၾကပါတယ္။

" ဒါဟာ ကပ္ဆိုက္တဲ့ ကာလမဟုတ္ပါဘူး။ဒါပင္မယ့္ ကၽြန္ေတာ္တို ့ဟာ ကၽြန္ေတာ္တို ့လုပ္သင့္တဲ့ အေကာင္းဆံုးပံုစံလမ္းစဥ္ေပၚျပန္လာႏိုင္မွာပါ။"

" သံသယ ျဖစ္စရာမရွိပါဘူး။ ကၽြန္ေတာ္တို ့ ႏိုင္ပြဲေတြဆီျပန္ေရာက္လာမွာပါ။"

" ဒီေန ့ညအတြက္ေတာ့ CSKA ဟာ အေကာင္းဆံုးပံုစံျပသထားႏိုင္ခဲ့ၿပီး ကစားသမားေကာင္းေတြလည္းမ်ားစြာရွိပါတယ္။"  လို ့အရံခုံမွာ ထိုင္ခဲ့ရတဲ့ မိုဒရစ္က ေျပာၾကားခဲ့ပါတယ္။

" သူတို ့ရဲ႕ အခြင့္အေရးကိုအေကာင္းဆံုးအသံုးခ်ခဲ့တယ္။ကၽြန္ေတာ္တို ့ကေတာ့ မလုပ္ေဆာင္ႏိုင္ခဲ့ဘူး"

မက္ဒရစ္ဟာ ဒီပြဲမတိုင္ခင္ လာလီဂါ မွာ ၿမိဳ ့ခံၿပိဳင္ဘက္ အက္တလက္တီကို အသင္းကို သေရသာကစားႏိုင္ခဲ့ၿပီး ဆီဗီးလားအသင္းကိုလည္း ၃-၀ ျဖင့္အေရးနိမ့္ထားပါတယ္။

(Unicode)

ကျွန်တော်တို့တွေနိုင်ပွဲတွေနဲ့အတူပြန်လာနိုင်ပါလိမ့်မယ်။##မိုဒရစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူလူကာမိုဒရစ်က အသင်းဟာ ရလဒ်ပိုင်းအရမတည်မငြိမ်ဖြစ်နေသော်လည်း လမ်းမှန်ပေါ်ပြန်လည်ရောက်ရှိလိမ့်မယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

မနေ့ညက ချန်ပီယံလိပ်အုပ်စုပွဲမှာ CSKA Moscow အသင်းကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်အသင်းဟာ ကပ်ဆိုက်နေတဲ့ ကာလရောက်ရှိနေပြီး နည်းပြသစ်လိုပတ်တဂီဟာလည်း ဖိအားတွေအောက်ရောက်ရှိနေပါတယ်။

နီကိုလာဗီလာဆစ် ရဲ့ ပွဲအစစက္ကန့်ပိုင်းသွင်းဂိုးနဲ့ ရီးရဲလ်အသင်းဟာ ချန်ပီယံလိပ်ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ပြီးခဲ့တဲ့ ၃ပွဲအတွင်း ၂ပွဲမြောက်ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။

ကက်စမဲရိုး၊ဘန်ဇီးမားနဲ့ မာရီယာနိုတို့ဟာ ရီးရဲလ်အသင်းအတွက် ဂိုးရရှိဖို့အတော်လေးရုန်းကန်ကစားခဲ့ကြသော်လည်း ၂၀၀၇ ဇန်နဝါရီနောက်ပိုင်း ၃ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါအပြင့် ပြီးခဲ့တဲ့ ၆ပွဲအတွင်း လိုပတ်တဂီရဲ့ ရီးရဲလ်အသင်းဟာ ၂ပွဲသာအနိုင်ရရှိခဲ့ပြီး လာလီဂါမှာ ၂ပွဲသရေကျခဲ့ကာ ဆီဗီးလား အသင်းနဲ့ CSKA ပွဲတို့မှာ ပုံစံကောင်းပျောက်ဆုံးခဲ့ပါတယ်။

သူ တို့ရဲ့ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာအသင်းလည်း အမှတ်တွေ ဆုံးရှုံးနေခဲ့သော်လည်း ၇ပွဲကစားပြီးချိန်မှာ ၁၄မှတ် ဖြင့် ရမှတ်အတူနဲ့  အမှတ်ပေးဇယားထိပ်ဆုံးပိုင်းမှာ အတူတူရပ်တည်နေကြပါတယ်။

" ဒါဟာ ကပ်ဆိုက်တဲ့ ကာလမဟုတ်ပါဘူး။ဒါပင်မယ့် ကျွန်တော်တို့ဟာ ကျွန်တော်တို့လုပ်သင့်တဲ့ အကောင်းဆုံးပုံစံလမ်းစဉ်ပေါ်ပြန်လာနိုင်မှာပါ။"

" သံသယ ဖြစ်စရာမရှိပါဘူး။ ကျွန်တော်တို့ နိုင်ပွဲတွေဆီပြန်ရောက်လာမှာပါ။"

" ဒီနေ့ညအတွက်တော့ CSKA ဟာ အကောင်းဆုံးပုံစံပြသထားနိုင်ခဲ့ပြီး ကစားသမားကောင်းတွေလည်းများစွာရှိပါတယ်။"  လို့အရံခုံမှာ ထိုင်ခဲ့ရတဲ့ မိုဒရစ်က ပြောကြားခဲ့ပါတယ်။

" သူတို့ရဲ့ အခွင့်အရေးကိုအကောင်းဆုံးအသုံးချခဲ့တယ်။ကျွန်တော်တို့ကတော့ မလုပ်ဆောင်နိုင်ခဲ့ဘူး"

မက်ဒရစ်ဟာ ဒီပွဲမတိုင်ခင် လာလီဂါ မှာ မြို့ခံပြိုင်ဘက် အက်တလက်တီကို အသင်းကို သရေသာကစားနိုင်ခဲ့ပြီး ဆီဗီးလားအသင်းကိုလည်း ၃-၀ ဖြင့်အရေးနိမ့်ထားပါတယ်။

No comments

Powered by Blogger.