ေပါစခိုးမွာလြတ္လပ္စြာေဝဖန္ခြင့္ရွိတယ္လို႔တုန္႔ ျပန္ခဲ့တဲ့ေမာ္ရင္ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္နဲ႔ဗလင္စီယာတို႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအျပီးမွာ ေပါစခိုးလ္က လက္ရွိယူနိုက္တက္အသင္းနည္းျပေမာ္ရင္ဟိုကိုျကည့္ရတာစိတ္အေနွာက္ယွက္ျဖစ္စရာပဲလို႔ ေဝဖန္ခဲ့တာပါ။
ေမာ္ရင္ဟိုကေတာ့သူ႔မွာလြတ္လပ္စြာေဝဖန္ခြင့္ရွိတယ္လို႔ ေပါစခိုးကိုကာကြယ္ေျပာဆိုခဲ့ပါတယ္။ဝက္ဟမ္းကိုအံ႔အားသင့္ဖြယ္၃-၁နဲ႔ရံႈးနိမ့္အျပီး ခ်န္ပီယံလိဂ္မွာလည္း ယူနိုက္တက္ဟာ ဗလင္စီယာကို တစ္ဂိုးမွမသြင္းနိုင္ခဲ့တာေျကာင့္ ေပါစခိုးက ခုလိုေဝဖန္ခဲ့တာျဖစ္ပါတယ္။
ေပါရဲ႕အခု ေဝဖန္မႈကေတာ့ ေမာ္ရင္ဟိုအေပၚေလးစားမႈမရွိသလိုျဖစ္ခဲ့ျပီး နည္းျပေမာ္ရင္ဟိုကေတာ့ ဗလင္စီယာနဲ႔ပြဲအျပီးမွာ အထင္ျကီးေလာက္စရာ ဟန္ပန္အျပည့္နဲ႔ပဲ မီဒီယာေတြကိုေတြ႔ဆံုခဲ့ပါတယ္။ေမာ္ရင္ဟိုက ေပါရဲ႕စကားနဲ႔ပတ္သတ္ျပီး"သူေျပာေနတာေတြကို က်ေနာ္သိစရာလိုလို႔လား။သူေျပာခ်င္တာေျပာနိုင္သလို က်ေနာ္အေနနဲ႔လည္းလိုက္ျပီးစိတ္ဝင္စားမေနပါဘူး။ဒါဟာ လြတ္လပ္တဲ့နိုင္ငံတခုျဖစ္တာေျကာင့္လူတိုင္းကိုယ့္အျမင္ကို လြတ္လပ္စြာေျပာနိုင္တယ္''လို႔ဆိုခဲ့ပါတယ္။
ယူနိုက္တက္ဖန္ေတြကလည္းဒုတိယပိုင္းပြဲခ်ိန္ေတြမွာ တိုက္စစ္ တိုက္စစ္လို႔ေအာ္ခဲ့ျကပါေသးတယ္။ဒါနဲ႔ပတ္သတ္ျပီးလည္းေမာ္ရင္ဟိုကေတာ့ လြတ္လပ္စြာေဝဖန္ခြင့္ရွိတယ္ဆိုတဲ့စကားကိုပဲထပ္ခါထပ္ခါေျပာခဲ့ျပီးယူနိုက္တက္ပရိတ္သတ္ေတြအပၚ၁၀၀ရာခိုင္ႏႈန္းေလးစားမႈအျပည့္ရွိတယ္လို႔ဆိုခဲ့ပါတယ္။
ဗလင္စီယာနဲ႔ပြဲအျပီး ယူနိုက္တက္ဟာ ဒီရာသီအိမ္ကြင္းနိုင္ပြဲေပ်ာက္ဆံုးမႈ၄ပြဲအထိရွိလာျပီျဖစ္ပါတယ္။ဒါေျကာင့္ေမာ္ရင္ဟိုဟာအျပစ္တင္ခံေနရျပီး သူကေတာ့ ေနာက္တန္းမွာ အရည္ေသြးျမင့္ခံစစ္မွဴးမရွိတာနဲ႔တိုက္စစ္ကစားသမားေတြပံုစံေကာင္းေပ်ာက္ဆံုးေနတာေတြေျကာင့္လို႔အျပစ္ပံုခ်ခဲ့ပါတယ္။
ေနာက္အပတ္နိုင္ငံတကာပြဲစဥ္ေတြအျပီး နယူးကာဆယ္နဲ႕ေတြဆံုမႈမွာေတာ့ ေမာ္ရင္ဟိုအေနနဲ႕နိုင္ပြဲရဖို႔ေပါက္ကြဲျပရေတာ့မွာပါ။ဒါျပီးရင္ေတာ့ယူနိုက္တက္အသင္းသည္ ဂ်ဴ ဗင္ ခ်ယ္ဆီးတို႔နဲ႔ပြဲျကပ္ကာလကို ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။
(Unicode)
ပေါစခိုးမှာလွတ်လပ်စွာဝေဖန်ခွင့်ရှိတယ်လို့တုန့် ပြန်ခဲ့တဲ့မော်ရင်ဟို
ယူနိုက်တက်နဲ့ဗလင်စီယာတို့ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ပေါစခိုးလ်က လက်ရှိယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုကိုကြည့်ရတာစိတ်အနှောက်ယှက်ဖြစ်စရာပဲလို့ ဝေဖန်ခဲ့တာပါ။
မော်ရင်ဟိုကတော့သူ့မှာလွတ်လပ်စွာဝေဖန်ခွင့်ရှိတယ်လို့ ပေါစခိုးကိုကာကွယ်ပြောဆိုခဲ့ပါတယ်။ဝက်ဟမ်းကိုအံ့အားသင့်ဖွယ်၃-၁နဲ့ရှုံးနိမ့်အပြီး ချန်ပီယံလိဂ်မှာလည်း ယူနိုက်တက်ဟာ ဗလင်စီယာကို တစ်ဂိုးမှမသွင်းနိုင်ခဲ့တာကြောင့် ပေါစခိုးက ခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။
ပေါရဲ့အခု ဝေဖန်မှုကတော့ မော်ရင်ဟိုအပေါ်လေးစားမှုမရှိသလိုဖြစ်ခဲ့ပြီး နည်းပြမော်ရင်ဟိုကတော့ ဗလင်စီယာနဲ့ပွဲအပြီးမှာ အထင်ကြီးလောက်စရာ ဟန်ပန်အပြည့်နဲ့ပဲ မီဒီယာတွေကိုတွေ့ဆုံခဲ့ပါတယ်။မော်ရင်ဟိုက ပေါရဲ့စကားနဲ့ပတ်သတ်ပြီး"သူပြောနေတာတွေကို ကျနော်သိစရာလိုလို့လား။သူပြောချင်တာပြောနိုင်သလို ကျနော်အနေနဲ့လည်းလိုက်ပြီးစိတ်ဝင်စားမနေပါဘူး။ဒါဟာ လွတ်လပ်တဲ့နိုင်ငံတခုဖြစ်တာကြောင့်လူတိုင်းကိုယ့်အမြင်ကို လွတ်လပ်စွာပြောနိုင်တယ်''လို့ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဖန်တွေကလည်းဒုတိယပိုင်းပွဲချိန်တွေမှာ တိုက်စစ် တိုက်စစ်လို့အော်ခဲ့ကြပါသေးတယ်။ဒါနဲ့ပတ်သတ်ပြီးလည်းမော်ရင်ဟိုကတော့ လွတ်လပ်စွာဝေဖန်ခွင့်ရှိတယ်ဆိုတဲ့စကားကိုပဲထပ်ခါထပ်ခါပြောခဲ့ပြီးယူနိုက်တက်ပရိတ်သတ်တွေအပါ်၁၀၀ရာခိုင်နှုန်းလေးစားမှုအပြည့်ရှိတယ်လို့ဆိုခဲ့ပါတယ်။
ဗလင်စီယာနဲ့ပွဲအပြီး ယူနိုက်တက်ဟာ ဒီရာသီအိမ်ကွင်းနိုင်ပွဲပျောက်ဆုံးမှု၄ပွဲအထိရှိလာပြီဖြစ်ပါတယ်။ဒါကြောင့်မော်ရင်ဟိုဟာအပြစ်တင်ခံနေရပြီး သူကတော့ နောက်တန်းမှာ အရည်သွေးမြင့်ခံစစ်မှူးမရှိတာနဲ့တိုက်စစ်ကစားသမားတွေပုံစံကောင်းပျောက်ဆုံးနေတာတွေကြောင့်လို့အပြစ်ပုံချခဲ့ပါတယ်။
နောက်အပတ်နိုင်ငံတကာပွဲစဉ်တွေအပြီး နယူးကာဆယ်နဲ့တွေဆုံမှုမှာတော့ မော်ရင်ဟိုအနေနဲ့နိုင်ပွဲရဖို့ပေါက်ကွဲပြရတော့မှာပါ။ဒါပြီးရင်တော့ယူနိုက်တက်အသင်းသည် ဂျူ ဗင် ချယ်ဆီးတို့နဲ့ပွဲကြပ်ကာလကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
Post a Comment