ေမာ္ရင္ ဟိုရဲ႕စကားေျပာမဆင္ျခင္မႈေတြက ရလဒ္ဆိုးေတြရဲ႕တရားခံလား??
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေမာ္ရင္ဟိုအေနနဲ႔ကစားသမားေတြအေပၚလူသိရွင္ျကားျပစ္တင္ေျပာဆိုမႈေတြေျကာင့္ အသင္းထိပ္တန္းတာဝန္ရွိသူမ်ားရဲ႕ ေဒါသကိုရင္ဆိုင္ေနရပါတယ္။
သူ ့ရဲ႕ မညွာမတာစြပ္စြဲေျပာဆိုမႈေတြဟာ ကစားသမားေတြရဲ႕ကြင္းတြင္းေျခစြမ္းက်ဆင္းေစျခင္းရဲ႕အေျကာင္းတစ္ရပ္လို႔ယူနိုက္တက္တာဝန္ရွိသူေတြကယူဆေနတာျဖစ္ျပီး အသင္းအတြက္အႏႈတ္လကၡဏာေဆာင္တဲ့အေျခေနေတြကို ေမာ္ရင္ကိုယ္တိုင္ဖန္တီးေနတာလို႔ယံုျကည္ေန
ျကတာျဖစ္ပါတယ္။
ေမာ္ရင္ဟိုရဲ႕အသင္းဟာ အိမ္ကြင္းနိုင္ပြဲေပ်ာက္ဆံုးမႈေတြနဲ႔လည္း ျကံုေတြ႕ေနရပါတယ္။ကစားသမားအခ်ိဳ႕ကို လူစာရင္းကခ်န္လွပ္ျပီး လူသိရွင္ျကားေဝဖန္ခဲ့တာနဲ႕ အသင္းသားေတြနဲ႔ဆက္ဆံေရးတင္းမာလ်က္ရွိတယ္ဆိုတဲ့သတင္းေတြေျကာင့္လည္း သူရဲ႕နည္းျပထိုင္ခံုေနရာလႈပ္ခတ္လာတာျဖစ္ပါတယ္။
ဒါ့အျပင္ရလဒ္ေတြထိုးက်ျပီး အသင္းအေျခအေနပိုဆိုးလာမွာကိုလည္းဘုတ္အဖြဲ႔ဝင္ေတြကစိုးရိမ္ေနတာပါ။ေမာ္ရင္ဟိုကိုယ္တိုင္းလည္းအိမ္ကြင္းရလဒ္ပိုင္းဆိုးရြားမႈေျကာင့္ ဖိအားေတြေအာက္ေရာက္ေနျပီးလာမယ့္အပတ္နယူးကာဆယ္နဲ႔အိမ္ကြင္းပြဲစဥ္မွာေသခ်ာေပါက္နိုင္ပြဲျပန္ယူဖို႔လိုေနတာျဖစ္ပါတယ္။
ဒီအပတ္တြင္းသူေျပာခဲ့တဲ့စကားေတြက နည္းျပရာထူးအတြက္ ပါစိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။ယူနိုက္တက္အေနနဲ႔နည္းျပသစ္ခန္႔အပ္ဖို႕ျကိုတင္ ျပင္ဆင္မႈေတြမျပဳလုပ္ရေသးဘူးဆိုေပမယ့္ ဇီဒန္းနဲ႕ပတ္သတ္ျပီးေတာ့ သတင္းေတြလႈပ္လႈပ္ခက္ခက္ထြက္ေပၚေနပါတယ္။ဒီလိုအေျပာင္းအလဲေတြလုပ္ဖို႔က, ကစားသမားေတြရဲ႕ဆႏၵမဟုတ္တာေျကာင့္ လက္ရွိအေျခေနေတြမွာေတာ့ေမာ္ရင္ဟိုဟာ ျပသနာေတြကို ကိုယ္တိုင္မီးထြန္းရွာတဲ့သေဘာျဖစ္ေနပါတယ္။
ယုနိုက္တက္ဟာ ခုခ်ိန္ထိစီးပြားေရးအင္အားအလြန္ေတာင့္တင္းတဲ့အေျခေနမွာရွိေနေသးျပီး ေနာက္ရာသီUCLဝင္ခြင့္ရဖို႔ကေမာ္ရင္ဟိုအေပၚမ်ားစြာမူတည္ေနပါတယ္။ဒါေပမယ့္ ယူနိုက္တက္တာဝန္ရွိသူေတြက ေနာက္ပြဲစဥ္ေတြမွာရလဒ္ပိုင္းအတိမ္းအေစာင္းျဖစ္ျပီး ေမာ္ရင္ဟိုမွ ကစားသမားေတြအေပၚေဝဖန္တိုက္ခိုက္မွာကို လြန္စြာစိုးရိမ္လ်က္ရွိေနျကပါတယ္။
(Unicode)
မော်ရင် ဟိုရဲ့စကားပြောမဆင်ခြင်မှုတွေက ရလဒ်ဆိုးတွေရဲ့တရားခံလား
မော်ရင်ဟိုအနေနဲ့ကစားသမားတွေအပေါ်လူသိရှင်ကြားပြစ်တင်ပြောဆိုမှုတွေကြောင့် အသင်းထိပ်တန်းတာဝန်ရှိသူများရဲ့ ဒေါသကိုရင်ဆိုင်နေရပါတယ်။
သူ့ရဲ့ မညှာမတာစွပ်စွဲပြောဆိုမှုတွေဟာ ကစားသမားတွေရဲ့ကွင်းတွင်းခြေစွမ်းကျဆင်းစေခြင်းရဲ့အကြောင်းတစ်ရပ်လို့ယူနိုက်တက်တာဝန်ရှိသူတွေကယူဆနေတာဖြစ်ပြီး အသင်းအတွက်အနှုတ်လက္ခဏာဆောင်တဲ့အခြေနေတွေကို မော်ရင်ကိုယ်တိုင်ဖန်တီးနေတာလို့ယုံကြည်နေ
ကြတာဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့အသင်းဟာ အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ကစားသမားအချို့ကို လူစာရင်းကချန်လှပ်ပြီး လူသိရှင်ကြားဝေဖန်ခဲ့တာနဲ့ အသင်းသားတွေနဲ့ဆက်ဆံရေးတင်းမာလျက်ရှိတယ်ဆိုတဲ့သတင်းတွေကြောင့်လည်း သူရဲ့နည်းပြထိုင်ခုံနေရာလှုပ်ခတ်လာတာဖြစ်ပါတယ်။
ဒါ့အပြင်ရလဒ်တွေထိုးကျပြီး အသင်းအခြေအနေပိုဆိုးလာမှာကိုလည်းဘုတ်အဖွဲ့ဝင်တွေကစိုးရိမ်နေတာပါ။မော်ရင်ဟိုကိုယ်တိုင်းလည်းအိမ်ကွင်းရလဒ်ပိုင်းဆိုးရွားမှုကြောင့် ဖိအားတွေအောက်ရောက်နေပြီးလာမယ့်အပတ်နယူးကာဆယ်နဲ့အိမ်ကွင်းပွဲစဉ်မှာသေချာပေါက်နိုင်ပွဲပြန်ယူဖို့လိုနေတာဖြစ်ပါတယ်။
ဒီအပတ်တွင်းသူပြောခဲ့တဲ့စကားတွေက နည်းပြရာထူးအတွက် ပါစိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ယူနိုက်တက်အနေနဲ့နည်းပြသစ်ခန့်အပ်ဖို့ကြိုတင် ပြင်ဆင်မှုတွေမပြုလုပ်ရသေးဘူးဆိုပေမယ့် ဇီဒန်းနဲ့ပတ်သတ်ပြီးတော့ သတင်းတွေလှုပ်လှုပ်ခက်ခက်ထွက်ပေါ်နေပါတယ်။ဒီလိုအပြောင်းအလဲတွေလုပ်ဖို့က, ကစားသမားတွေရဲ့ဆန္ဒမဟုတ်တာကြောင့် လက်ရှိအခြေနေတွေမှာတော့မော်ရင်ဟိုဟာ ပြသနာတွေကို ကိုယ်တိုင်မီးထွန်းရှာတဲ့သဘောဖြစ်နေပါတယ်။
ယုနိုက်တက်ဟာ ခုချိန်ထိစီးပွားရေးအင်အားအလွန်တောင့်တင်းတဲ့အခြေနေမှာရှိနေသေးပြီး နောက်ရာသီUCLဝင်ခွင့်ရဖို့ကမော်ရင်ဟိုအပေါ်များစွာမူတည်နေပါတယ်။ဒါပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေက နောက်ပွဲစဉ်တွေမှာရလဒ်ပိုင်းအတိမ်းအစောင်းဖြစ်ပြီး မော်ရင်ဟိုမှ ကစားသမားတွေအပေါ်ဝေဖန်တိုက်ခိုက်မှာကို လွန်စွာစိုးရိမ်လျက်ရှိနေကြပါတယ်။
Post a Comment