2019 ခုႏွစ္ထိ ေပၚတူဂီအသင္းမွာ႐ိုနယ္ဒိုတစ္ေယာက္ဘာလို ့ကစားခြင့္မရတာလဲ??
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခရစ္စတီယာႏို႐ိုနယ္ဒို ဟာ ၂၀၁၉ ခုႏွစ္မတိုင္ခင္ထိ ေပၚတူဂီအသင္းမွာ ကစားႏိုင္ျခင္းမရွိဘူးလို ့သိရပါတယ္။ဒါေၾကာင့္ သူဟာ အီတလီ၊ပိုလန္နဲ႔ စေကာ့တလန္အသင္းနဲ႔ ပြဲစဥ္ေတြကိုလြဲေခ်ာ္မွာပဲျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးဟာ စက္တင္ဘာမွာကစားခဲ့တဲ့ Nation League ၿပိဳင္ပြဲမွာလည္းေပၚတူဂီအသင္းအတြက္ေရြးခ်ယ္ခ်င္းမခံရပါဘူး။ဘာလိူ ့လဲဆိုေတာ့ သူဟာ ဂ်ဴဗင္တပ္စ္အသင္းမွာအသားက်ဖို ့အတြက္ေၾကာင့္လို ့သိရပါတယ္။
O Jogo လို ့ေခၚတဲ့ သတင္းေထာက္ရဲ႕ ေဖာ္ျပခ်က္အရ ႐ိုနယ္ဒိုဟာ ကလပ္အသင္းမွာ အာရံုကစားဖို ပ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာမွာ ကစားမယ့္ ေပၚတူဂီအသင္းမွာ သူ ့ကို မေရြးခ်ယ္ဖို ့ေတာင္းဆိုထားတယ္လို ့သိရပါတယ္။
ဒါေၾကာင့္ ႐ိုနယ္ဒိုဟာ ဒီလမွာကန္မယ့္ ပိုလန္အသင္းနဲ႔ Nation League ပြဲေရာ စေကာတလန္အသင္းနဲ႔ ခ်စ္ၾကည္ေရးပြဲစဥ္ေတြကိုပါ လြဲေခ်ာ္မွာျဖစ္ပါတယ္။
ဒါ့အျပင္ ႏိုဝင္ဘာမွာ ကန္မယ့္ အီတလီအသင္းနဲ႔ ပြဲေရာ ပိုလန္အသင္းနဲ႔ ထပ္ကန္မယ့္ပြဲေတြမွာ လံုးဝကစားေတာ့မွာ မဟုတ္ပဲ ၂၀၁၉ ေရာက္မွသာ႐ိုနယ္ဒိုကို ေပၚတူဂီအသင္းမွာ ျပန္လည္ျမင္ေတြ ့ရမွာပဲျဖစ္ပါတယ္။
(Unicode)
2019 ခုနှစ်ထိ ပေါ်တူဂီအသင်းမှာရိုနယ်ဒိုတစ်ယောက်ဘာလို့ကစားခွင့်မရတာလဲ??
ခရစ်စတီယာနိုရိုနယ်ဒို ဟာ ၂၀၁၉ ခုနှစ်မတိုင်ခင်ထိ ပေါ်တူဂီအသင်းမှာ ကစားနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ဒါကြောင့် သူဟာ အီတလီ၊ပိုလန်နဲ့ စကော့တလန်အသင်းနဲ့ ပွဲစဉ်တွေကိုလွဲချော်မှာပဲဖြစ်ပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ စက်တင်ဘာမှာကစားခဲ့တဲ့ Nation League ပြိုင်ပွဲမှာလည်းပေါ်တူဂီအသင်းအတွက်ရွေးချယ်ချင်းမခံရပါဘူး။ဘာလိူ့လဲဆိုတော့ သူဟာ ဂျူဗင်တပ်စ်အသင်းမှာအသားကျဖို့အတွက်ကြောင့်လို့သိရပါတယ်။
O Jogo လို့ခေါ်တဲ့ သတင်းထောက်ရဲ့ ဖော်ပြချက်အရ ရိုနယ်ဒိုဟာ ကလပ်အသင်းမှာ အာရုံကစားဖို ပ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ကစားမယ့် ပေါ်တူဂီအသင်းမှာ သူ့ကို မရွေးချယ်ဖို့တောင်းဆိုထားတယ်လို့သိရပါတယ်။
ဒါကြောင့် ရိုနယ်ဒိုဟာ ဒီလမှာကန်မယ့် ပိုလန်အသင်းနဲ့ Nation League ပွဲရော စကောတလန်အသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်တွေကိုပါ လွဲချော်မှာဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာမှာ ကန်မယ့် အီတလီအသင်းနဲ့ ပွဲရော ပိုလန်အသင်းနဲ့ ထပ်ကန်မယ့်ပွဲတွေမှာ လုံးဝကစားတော့မှာ မဟုတ်ပဲ ၂၀၁၉ ရောက်မှသာရိုနယ်ဒိုကို ပေါ်တူဂီအသင်းမှာ ပြန်လည်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Post a Comment