Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အဂါင်္နေ့ယူနိုက်တက်အသင်းပွဲစဉ်တွေပြီးနောက်မှာ အုပ်စုဒုတိယနေရာကိုရောက်ရှိသွားပြီ ဂျူဗင်တပ်စ်အသင်းနှင့်၂မှတ်ကွာဟနေကာတတိယနေရာက ဗလင်စီယာအသင်းနှင့် ၃မှတ်အသာရနေတာကြောင့် လာမည့်အုပ်စုပွဲစဉ်က အီတလီကလပ်ဂျူဗင်တပ်စ်အသင်းနှင့် အပြိုင်ကြဲရမှာဖြစ်ပါတယ်။
(Unicode)
မော်ရင်ဟိုရဲ့နောက်မှာကစားသမားတွေအားလုံးရှိနေကြပါတယ်။-ဖယ်လာနီ
ယူနိုက်တက်အသင်းကွင်းလယ်ကစားသမားဖယ်လိုင်နီက ယူနိုက်တက်အသင်းအနေနှင့်ဦးတည်ချက်တစ်ခုတည်းအပေါ်မှာရပ်တည်နေတယ်လို့ ဗလင်စီယာအသင်းကိုသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဖယ်လိုင်နီကယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုဟာလက်ရှိအချိန်ဖိအားတွေအောက်မှာရုန်းကန်နေရပြီး ကစားသမားအားလုံးက မော်ရင်ဟိုအတူရပ်တည်နေတယ်လို့ဆိုပါ တယ်။ လက်ရှိမော်ရင်ဟိုရဲ့နောက်ဆုံး ၄ပွဲစလုံးက ဗလင်စီယာအသင်းနှင့်ပွဲစဉ်တိုင်အောင်ခြေစွမ်းများပျက်စီးကာနိုင်ပွဲပျောက်နေပါတယ်။
ယူနိုက်တက်အသင်းကချန်ပီယံလိဂ်အုပ်စု Hပွဲစဉ်အဖြစ် စပိန်ကလပ်ဗလင်စီယာအသင်းကိုအိမ်ကွင်းမှာသရေကျခဲ့တာကြောင့်မော်ရင်ဟိုအပေါ်မေးခွန်းတွေထပ်နေပါတယ်။သို့သော်ကစားသမားတွေကိုတော့ ဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲပြီးထဲကကောင်းကောင်းပုံစံပေးထားခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေကပြသာနာအရှုပ်အထွေးပြီးနောက်ထွက်ပေါ်လာတဲ့ထူးထူးခြားခြားကိစ္စလည်းဖြစ်နေပါတယ်။ဒီအပေါ်ဖယ်လိုင်နီက ဒီကိစ္စက ကစားသမားနှင့်နည်းပြကြားစုစည်းမှုတစ်ခုပါလို့ဆိုခဲ့ပြီး သူတို့မော်ရင်ဟိုကိုထောက်ခံနေပါတယ်လို့ဆိုပါတယ်။
"လူတိုင်းက တိုးတက်ဖို့အတွက်တူညီတဲ့လမ်းကြောင်းပဲသွားနေပြီးပိုကောင်းအောင်လုပ်နေကြပါတယ်။ကျွန်တော်တို့ အခုထပ်ပိုပြီး တူတူရပ်တည်ပြီး တူတူရှိနေတယ်ဆိုတာ ပြသသင့်တယ်လို့ ထင်ပါတယ်"လို့ ဖယ်လိုင်နီကဆိုပါတယ်။
"ဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်တဲ့ပွဲစဉ်က အဆိုးဆုံးနေ့ရက်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့အားလုံးညံ့ခဲ့ကြတာကိုး။ ဒီနေ့ ကစပြီး ကျွန်တော် အားလုံးတိုးတက်ဖို့အတွက် ကျွန်တော်တို့ အကုန်ပြိုင်တူသွားရမယ်လို့ထင်ပါတယ်။"
"ဒီအတွေးအခေါ်က ဘယ်သူဆီကလဲဆိုရင် အားလုံးစီမှာရှိကြပါတယ်။အသင်းမှာရှိတဲ့လူတိုင်းကနည်းပြနောက်မှာအကုန်ရှိကြတယ်။ကျွန်တော်တို့အကောင်းဆုံးလုပ်ရမယ်။ကျွန်တော်တို့အလုပ်တွေအားလုံး စနေနေ့မှာ အကောင်းဆုံးလုပ်ဆောင်ဖို့လုပ်ရမှာပါ။"
ဘဲလ်ဂျီယံသားက တော့ လက်ရှိယူနိုက်တက်အသင်းအတွက်သူတို့နေရာတိုင်းကနေ ခက်ခက်ခဲခဲကြိုးစားအလုပ်လုပ်ရမှာဖြစ်တယ်လို့ယုံကြည်နေပါတယ်။လာမည့်စနေနေ့မှာနယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမည်ဖြစ်ပါတယ်။အဲဒီပွဲစဉ်က ဗလင်စီယာအသင်းနှင့်ပွဲစဉ်မှာ အားကုန်ကစားဖို့အတွက်အနှောက်အယှက်တစ်ခုလည်းဖြစ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။
"ဟုတ်ပါတယ်ဗျ။ ဒါပေမယ့်အဲဒီနေ့က ကစားသွားတာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲကထပ်အများကြီးကောင်းပါတယ်။ကျွန်တော်တို့အင်အားအပြည့်ထည့်ကစားခဲ့ကြတယ်လေ။ကျွန်တော်တို့တိုက်စစ်ဆင်ဖို့ပြေးလွှားကြတယ်။ ဂိုးသွင်းဖို့အကြိမ်ကြိမ်ကြိုးစားကစားခဲ့ကြတယ်။ဒါပေမယ့်ဂိုးမရခဲ့ဘူး။ဒါပေမယ့်ဒီခြေကိုဆက်ထိန်းပြီးကစားသွားမှာပါ။"
"ကျွန်တော် အလုပ်ကိုအခုထပ်ပိုကြိုးစားလုပ်ဖို့လိုတယ်ဗျ။လာမည်စနေနေ့မှာကစားမည့်ပွဲရှိတာကြောင့် ၃ရက်လောက်အတွင်း နောက်တစ်ပွဲကစားရမှာဆိုတော့ အခုအခွင့်အရေးမှာ ပိုပြီကောင်းအောင်လုပိဖို့လိုမယ်ဗျ။လာမည့်စနေနေ့မှာအနိုင်ရဖို့အတွက်ခက်ခဲကြမ်းတမ်းစွာအလုပ်ကြိုးစားကစားရပါမည်"
"နိုင်ငံတကာပွဲတွေမတိုင်ခင်က ကျွန်တော်အသင်းကောင်းကောင်းကစားပြီးအနိုင်ရလဒ်တွေရဖို့လိုတယ်။ဒါကအရမ်းအရေးကြီးတယ်"
"စိတ်အားလုံးကိုဒီမှာနစ်ထားလိုက်တယ်။ဒီနေ့ပုံစံကိုမင်းတွေ့တာပဲ။ဒါပေမယ့် စနေနေ့အနိုင်ရဖို့အရေးကြီးတယ်"လို့ဖယ်လိုင်နီကဆိုပါတယ်။
ဖယ်လိုင်နီက တစ်နိုင်ငံတည်းသားလူကာကူရဲ့အခြေအနေကိုကာကွယ်ပြောဆိုသွားခဲ့ပါတယ်။သူမကြာခင်ယူနိုက်တက်အသင်းအတွက်သွင်းယူပေးတော့မည်မှာပါလို့ဆိုပါတယ်။
"ဒါကအမြဲဒီလိုပါပဲ။တိုက်စစ်မှုးတွေကဂိုးသွင်းရဖိုယုံကြည်မှုအပြည့်အဝရှိနေရမယ်ဗျ။အခုလိုအခြေအနေမှာဆိုရင် သူလုပ်နိုင်မှာမဟုတ်ဘူးဗျဒါပေမယ့် သူစနေနေ့မှာဂိုးသွင်းနိုင်မည်လို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့ သူရဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ဂိုးတွေသွင်းပါလိမ့်မယ်"
အဂါၤနေ့ယူနိုက်တက်အသင်းပွဲစဉ်တွေပြီးနောက်မှာ အုပ်စုဒုတိယနေရာကိုရောက်ရှိသွားပြီ ဂျူဗင်တပ်စ်အသင်းနှင့်၂မှတ်ကွာဟနေကာတတိယနေရာက ဗလင်စီယာအသင်းနှင့် ၃မှတ်အသာရနေတာကြောင့် လာမည့်အုပ်စုပွဲစဉ်က အီတလီကလပ်ဂျူဗင်တပ်စ်အသင်းနှင့် အပြိုင်ကြဲရမှာဖြစ်ပါတယ်။
Post a Comment