Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဒေးဗစ်ဆေးလ်ဗားဟာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။
စပိန်သား နည်းပြဂွာဒီယိုလာက မန်စီးတီးအသင်း ရဲ့ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗား ဟာထိပ်တန်းကစားသမားတစ်ယောက်ရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေအပြည်အဝရှိပြီးအသင်းအတွက်အမြဲအလုပ်လုပ်နေတဲ့သူလို့ ဟော်ဖန်ဟိန်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။
ပက်ဂွာဒီယိုလာ က ဆေးလ်ဗားကို "ကျွန်တော်လေ့ကျင့်ပေးခဲ့တဲ့ကစားသမားတွေထဲမှာအကောင်းဆုံးကစားသမားတစ်ဦး လို့အမြဲပြောလေ့ရှိပါတယ်။"
မန်စီတီးအသင်းဟာ ဂျာမနီမြေမှာ ဒေးဗစ်ဆေးလ်ဗားရဲ့နောက်ကျဂိုးနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာအနိုင်၃မှတ်နှင့်အိမ်ပြန်နိုင်ခဲ့ပါတယ်။
အသက်၃၂နှစ်အရွယ် ဆေးလ်ဗားက ဂွာဒီယိုလာရဲ့ ပထမဦးစားပေးကစားသမားအနေဖြင့် ယခုနှစ်ရာသီမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။သူက လာမည့်လအနည်းငယ်အကြာဆိုရင်အသင်းရဲ့မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်လာမှာဆိုတာသံသယမရှိလောက်အောင်ပါပဲ။
မန်စီးတီးအသင်းပရီးမီးယားလိဂ်၇ပွဲပြီးတဲ့နောက်မှာ ဇယားထိပ်ကဦးဆောင်ထားနိုင်ပြီး ဥရောပချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာတော့လိုင်ယွန်အသင်းကိုရှုံးနိမ့်ကာ အမှတ်ရရှိထားခြင်းမရှိဘဲ ယခုပွဲစဉ်အပြီးမှာသာ ၂ပွဲကစား၃မှတ်ရရှိထားခြင်းဖြစ်ပါတယ်။
ဟော်ဖန်ဟိမ်းအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးနောက်မှာ ဂွာဒီယိုလာက ဒေးဗစ်ဆေးလ်ဗားကိုချီးကျူးခဲ့ပြီး ကွင်းလယ်ကစားသမားဆေးလ်ဗားဟာသူသက်တမ်းတစ်လျောက်မှာအကောင်းဆုံးကစားသမားတစ်ယောက်ပါလို့ဆိုလိုက်ပါတယ်။
ထိုနောက်သတင်းသမားများက အကယ်၍ မန်စီးတီးအသင်းချန်ပီယံလိဂ်ဖလားရရှိခဲ့မည်ဆိုရင်ဒေးဗစ်ဆေးလ်ဗားကဂုဏ်ပြုခြင်းခံရမည့်အဆင့်ကမြင့်မားလားလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက "ကျွန်တော်ထင်တယ် လူတိုင်းဒီဖလားကိုအနိုင်ရဖို့ထိုက်တန်ပါတယ်။သူ ကမ္ဘာဖလားလည်းရဖူးတယ် ယူရိုရောပဲ ဒါပေမယ့်ဒီဖလားကိုတော့ လိုအင်ဆန္ဒတစ်ခုပဲရှိရုံနဲ့ရဖို့မရှိဘူးလို့ "ဆိုပါတယ်။
"သူက ကျွန်တော်လေ့ကျင်ပေးခဲ့တဲ့ကစားသမားတွေထဲမှာသူကအကောင်းဆုံးကစားသမားတစ်ဦးဗျ ကျွန်တော်ဘာကာမှာရော ဘိုင်ယန်မှာပါကြည့်ပြီးပြီ။ဒါပေမယ့်သူက အဲဒီစာရင်းကနေကိုမထွက်တာပါ"
"ကျွန်တော်ကစားသမားတွေကိုချစ်တယ်။ နောက်ဆုံး ဆိုးရွားတဲ့အနေအထားရောက်နေတဲ့ဘယ်သူဖြစ်ဖြစ် အဆင်ပြေသွားမယ် ငါဒီမှာရှိတယ်ငါ့လူ"လို့အမြဲပြောလေ့ရှိပါတယ်။
မန်စီးတီး အသင်းဟာလာမည့်တနင်္ဂနွေမှာ လီဗာပူးလ်းအသင်းနှင့်အန်ဖီးလ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အင်္ဂလန်ထိပ်တန်းအသင်း ၂သင်းတွေဆုံပွဲလည်းဖြစ်တာကြောင့်စိတ်ဝင်စားဖွယ်ရာပွဲစဉ်လည်းဖြစ်ပါတယ်။
Post a Comment