Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မက်ဆီဆိုတာဘာစီလိုနာရဲ့ အပြီးပြည့်ဆုံးခေါင်းဆောင်တစ်ယောက်ပါပဲ။
ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီက Blaugranaအဝတ်လဲခန်းအတွင်းမှာတည်ငြိမ်ပြီးသြဇာပြည့်တဲ့အသံဖြင့် ကျွန်တော် အသင်းခေါင်းဆောင် လက်ပတ်မလိုလားပါဘူးလို့ ဆိုကာ အသင်းသားတွေကို အရိုအသေပေးပြီး လူကြီးလူကောင်းပီသမှုကိုဖော်ပြခဲ့ပါတယ်။အသက်၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီကသူဟာနေရာတိုင်းကို ဦးဆောင်လိုခြင်းမရှိဘဲယခုရာသီမှာအသင်းရဲ့လိုအပ်တဲ့နေရာမှာဖြည့်ဆည်းပေးဖို့ပဲလိုလားနေပါတယ်။
အသင်းရဲ့ကွင်းလယ်ကစားသမား အင်နီယေစတာ အသင်းကနေ ဂျပန်လိဂ်ကိုပြောင်းရွေ့သွားခဲ့ပြီးတဲ့နောက်ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင်နေရာအတွက်ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ပါတယ်။သို့သော်လည်းပဲလက်ရှိမက်ဆီကအသင်းရဲ့ တိတ်တဆိတ် အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်နေခဲ့ပါတယ်။အသင်းခေါင်းဆောင်လက်ပတ်က အသင်းကိုဦးဆောင်တာဝန်ယူဖို့အများကြီးလိုအပ်ပြီး အသင်းရဲ့ကိစ္စအားလုံးကိုပခုံးပေါ်တင်ထားရပါ တယ်။
မက်ဆီက မီဒီယာနှင့်သတင်းစာရှင်းလင်းပွဲတိုင်းမှာရှေ့ထွက်ဖို့ရှက်ကိုးရှက်ကန်းဖြစ်နေပြီး အမြဲတမ်းသတင်းစာရှင်းလင်းပွဲတွေနှင့်ရှောင်ရှားလေ့ရှိပြီး အသင်းရဲ့လူမြင်ကွင်းထွက်တဲ့ပွဲအခမ်းအနားတိုင်းကိုယနေ့ထပ်တိုင်အောင်ပါဝင်လေ့မရှိပါဘူး။
မည်သို့ဆိုစေ  လက်ရှိအသင်းရဲ့ခက်ခဲ့တဲ့အခြေအနေတွေကိုတူတူကျော်ဖြတ်ဖို့အတွက် မက်ဆီက အားလုံးကိုတူတူရှိဖို့ဆိုခဲ့ပါတယ်။ဒါက ယခုနှစ်ရာသီမှာ အသင်းရဲ့အခြေအနေကိုထိန်းကျောင်းဖို့လိုအပ်နေပါတယ်၊
လက်ရှိဗဲလ်ဗာဒီဦးဆောင်တဲ့ဘာကာအသင်းကဆိုးရွားတဲ့ခြေစွမ်းတွေနှင့်အတူရလဒ်ဆိုးတွေကို အိမ်ကွင်းမှာ အက်သလ်တစ်အသင်းကို ၁ဂိုးစီသရေကျသွားခဲ့ပြီးတဲ့နောက်မှာ မက်ဆီက
TVအစီအစဉ်တစ်ခုမှာ သူကိုယ်သူဝေဖန်ပြောကြားခဲ့ပြီး အသင်းသားတွေကိုသတိထားမိအောင် ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကတော့စပါးအသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားကာ အနိုင်ရလဒ်ရရှိခဲ့ပါတယ်။မက်ဆီကတော့သူရဲ့ပြင်းပြတဲ့စိတ်ဓာတ်တွေကိုရပ်တန့်ထားခဲ့ခြင်းမရှိသေးပါဘူး။
မက်ဆီက အက်သလ်တစ်အသင်းနှင့်ပွဲစဉ်အပြီးကလိုထပ်မံပြောကြားခဲ့ပါသေးတယ်။ဒါပေမယ့်ယခုအချိန်က အသင်းဖော်တွေကိုအကောင်းဆုံးပုံသွင်းလို့ရမည့်အချိန်လို့ဆိုပါတယ်။
"မင်းရဲ့ခံစားမှု ပြင်းပြချက်တွေကို တစ်နေ့ပြီးတစိနေ့ပြောင်းလဲနေလို့မရဘူး"လို့ဆိုပါတယ်။
အကယ်၍ သူပြောခဲ့တယ်ဆိုရင် သူရဲ့အသင်းသားတွေက လည်းသူစကားကိုနားထောင်ဖို့လည်းလိုအပ်ပါလိမ့်မယ်လို့ဆိုထားကြပါတယ်။
No comments
Powered by Blogger.