ေရာ္နယ္ဒိုအေပၚ စြဲခ်က္ေတြနဲ႕ပတ္သတ္ျပီးစိုးရိမ္ေနတဲ့Nikeနဲ႔EA Sport
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အားကစားပစၥည္းထုတ္လုပ္တဲ့ကုမၸဏီတစ္ခုုျဖစ္တဲ့Nikeဟာစီေရာ္နယ္ဒိုနာမည္နဲ႕ေဘာလံုးကန္ဖိနပ္ဒီဇိုင္း၇၀ထက္မနည္းထုတ္လုပ္ခဲ့ျပီး15နွစ္တာကာလရွည္လက္တြဲခဲ့ပါတယ္။
ဒီအတြက္ေရာ္နယ္ဒိုနွင့္ေဒၚလာတစ္ဘီလီယံတန္စာခ်ဳပ္ခ်ဳပ္ဆိုထားကာသန္းေပါင္းမ်ားစြာေသာဖိနပ္ေတြကို ကမၻာတစ္ဝွမ္းျဖန္႔ျဖဴးေရာင္းခ်လ်က္ရွိပါတယ္။ဒါေပမယ့္မေန႔ညက ထြက္ေပၚခဲ့တဲ့ေရာ္နယ္ဒိုရဲ႕လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့တဲ့သတင္းေတြေျကာင့္ Nikeအေနနဲ႕ ကာလျကာလက္တြဲမႈကို စဥ္းစားစရာျဖစ္လာပါတယ္။အမ်ိဳးသမီးတစ္ဦးကဂ်ဴဗင္တပ္စတားဟာသူ႕ကို ၂၀၀၉ခုနွစ္ကအဓမၼျပဳက်င့္ခဲ့တယ္လို႔စြပ္စြဲခဲ့တာျဖစ္ျပီးNikeအေနနဲ႔ေတာ့CR7 အေပၚ ဒီလိုစြပ္စြဲမႈဟာ သူတို႔အတြက္ အေတာ္ေလးေသာကေရာက္စရာပဲလို႔ဆ္ိုခဲ့ပါတယ္။
ေရာ္နယ္ဒိုကေတာ႔အခိုင္အမာျငင္းဆိုခဲ့ပါတယ္။သူဟာNikeနဲ႕2003ခုနွစ္ထဲကစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီး ေကာလဟာလေတြနဲ႔ပတ္သတ္လို႕Nikeက"က်ြန္ေတာ္တို႕ဒီစြပ္စြဲမႈအတြက္ေသာကေရာက္ရျပီးအေျခေနေတြကိုေစာင့္ျကည့္ ေနပါတယ္။ကတ္သရင္းေမေရာ္ဂါ ရဲ႕၂၀၀၉ခုနွစ္က လတ္ဗီးဂတ္ေဟာ္တယ္တခုမွာ စီေရာ္နယ္ဒိုရဲ႕လိင္ပိုင္းဆိုင္ရာေစာ္ကားခံခဲ့ရတယ္ဆိုတဲ့စြပ္စြဲမႈနဲ႔ပတ္သတ္ျပီး လတ္ဗီးဂတ္ရဲေတြဟာ ေျကညာခ်က္တစ္ခုခုလုပ္သြားမွာပါ''လို႔ဆိုခဲ့ပါတယ္။ဒီအားကစားကုမၸဏီဟာ အခုျပသနာကိုျကားဝင္ေျဖရွင္းေပးတဲ့ ပထမဆံုးCR7ရဲ႕စီးပြားေရးမိတ္ဖက္တခုပါပဲ။
ဒါ့အျပင္EA sportကလည္း အခုထြက္မယ့္FIFA 19ေဘာလံုးဂိမ္းေခြမွာစီေရာ္နယ္ဒိုရဲ႕ပံုရိပ္ကို အသုံးျပဳမယ့္ကိစၥအတြက္ အေျခအေနေတြကို ေစာင့္ျကည့္ေနတာျဖစ္ပါတယ္။EA sportကလည္း''စြပ္စြဲမႈနဲ႕ပတ္သတ္တဲ့အေျခေနေတြက္ုိ အနီးကပ္ေစာင့္ျကည့္ေနတယ္။ေရာ္နယ္ဒိုဘက္ကအကာကြယ္ေပးနိုင္ဖို႔ေမ်ွာ္လင့္ျပီး EAရဲ႕တန္ဖိုးေတြကိုလည္းမက်ဆင္းေအာင္ထိန္းသိမ္းရမွာပါ''လို႔ဆိုခဲ့ျပန္ပါတယ္။
ေႏြရာသီကမွစီေရာ္နယ္ဒိုကိုေပါင္၉၉.၂သန္းနဲ႔ေခၚယူထားတဲ့ဂ်ဴဗင္တပ္အသင္းဘက္ကေတာ့''အခုလေတြအတြင္းမွာေတာ့သူဟာ ပေရာ္ဖက္ရွင္နယ္ပီသမႈနဲ႕ ပရဟိတစိတ္ဓာတ္ကို အျပည့္အဝျပသခဲ့ပါတယ္ဒီမွာေတာ့လူတိုင္းသူ႔ကိုသေဘာက်ျကပါတယ္။ဒီ၁၀နွစ္ျကာေလာက္ကအေျကာင္းအရာအေပၚစြပ္စြဲမႈေျကာင့္နဲ႔ေတာ့အေျခေနေတြေျပာင္းလဲသြားမွာမဟုတ္ဖူး။သူ႔ဘက္ကရပ္တည္သြားမွာပါ''လို႔ကာကြယ္ေပးခဲ့ပါတယ္။
ေပၚတူဂီကို အသင္းေခါင္ေဆာင္အျဖစ္နဲ႕ယူရို2016ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ေပးခဲ့တဲ့ေရာ္နယ္ဒိုဟာ မေန႔ကေတာ့စေကာ့တလန္ ပိုလန္တို႔နဲ႕ကစားမယ့္ အသင္းလူစာရင္းကႏႈတ္ထြက္သြားခဲ့ပါတယ္။ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႕ကေတာ့''အနာဂတ္မွာေရာ္နယ္ဒိုရဲ႕ဆံုးျဖတ္ခ်က္ေတြနဲ႔ပတ္သတ္ၿပီးတားဆီးေနမွာမဟုတ္ဖူး''လို႔ဆိုခဲ့ျပီးစီေရာ္နယ္ဒိုရဲ႕စိတ္သေဘာထားကို ထုတ္ေျပာဖို႔ျငင္းဆန္ခဲ့ပါတယ္။ေမေယာ္ဂါရဲ႕စြပ္ဆိုမႈေျကာင့္နဲ႕ေတာ့CR7ကို အသင္းကဖယ္ထုတ္ပစ္မွာမဟုတ္ပါဘူူး။ဗုဒၶဟူးေန႔ညေနပိုင္းကေတာ့စီေရာ္နယ္ဒိုတြစ္တာမွာေရးတင္ခဲ့တာကေတာ့''ဒီစြပ္စြဲခ်က္ေတြကို လံုးဝျငင္းဆန္ပါတယ္''လို႔ပဲျဖစ္ပါတယ္။
(Unicode)
ရော်နယ်ဒိုအပေါ် စွဲချက်တွေနဲ့ပတ်သတ်ပြီးစိုးရိမ်နေတဲ့Nikeနဲ့EA Sport
အားကစားပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့Nikeဟာစီရော်နယ်ဒိုနာမည်နဲ့ဘောလုံးကန်ဖိနပ်ဒီဇိုင်း၇၀ထက်မနည်းထုတ်လုပ်ခဲ့ပြီး15နှစ်တာကာလရှည်လက်တွဲခဲ့ပါတယ်။
ဒီအတွက်ရော်နယ်ဒိုနှင့်ဒေါ်လာတစ်ဘီလီယံတန်စာချုပ်ချုပ်ဆိုထားကာသန်းပေါင်းများစွာသောဖိနပ်တွေကို ကမ္ဘာတစ်ဝှမ်းဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ဒါပေမယ့်မနေ့ညက ထွက်ပေါ်ခဲ့တဲ့ရော်နယ်ဒိုရဲ့လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့သတင်းတွေကြောင့် Nikeအနေနဲ့ ကာလကြာလက်တွဲမှုကို စဉ်းစားစရာဖြစ်လာပါတယ်။အမျိုးသမီးတစ်ဦးကဂျူဗင်တပ်စတားဟာသူ့ကို ၂၀၀၉ခုနှစ်ကအဓမ္မပြုကျင့်ခဲ့တယ်လို့စွပ်စွဲခဲ့တာဖြစ်ပြီးNikeအနေနဲ့တော့
CR7 အပေါ် ဒီလိုစွပ်စွဲမှုဟာ သူတို့အတွက် အတော်လေးသောကရောက်စရာပဲလို့ဆိုခဲ့ပါတယ်။
ရော်နယ်ဒိုကတော့အခိုင်အမာငြင်းဆိုခဲ့ပါတယ်။သူဟာNikeနဲ့2003ခုနှစ်ထဲကစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ကောလဟာလတွေနဲ့ပတ်သတ်လို့Nikeက"ကျွန်တော်တို့ဒီစွပ်စွဲမှုအတွက်သောကရောက်ရပြီးအခြေနေတွေကိုစောင့်ကြည့် နေပါတယ်။ကတ်သရင်းမေရော်ဂါ ရဲ့၂၀၀၉ခုနှစ်က လတ်ဗီးဂတ်ဟော်တယ်တခုမှာ စီရော်နယ်ဒိုရဲ့လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတယ်ဆိုတဲ့စွပ်စွဲမှုနဲ့ပတ်သတ်ပြီး လတ်ဗီးဂတ်ရဲတွေဟာ ကြေညာချက်တစ်ခုခုလုပ်သွားမှာပါ''လို့ဆိုခဲ့ပါတယ်။ဒီအားကစားကုမ္ပဏီဟာ အခုပြသနာကိုကြားဝင်ဖြေရှင်းပေးတဲ့ ပထမဆုံးCR7ရဲ့စီးပွားရေးမိတ်ဖက်တခုပါပဲ။
ဒါ့အပြင်EA sportကလည်း အခုထွက်မယ့်FIFA 19ဘောလုံးဂိမ်းခွေမှာစီရော်နယ်ဒိုရဲ့ပုံရိပ်ကို အသုံးပြုမယ့်ကိစ္စအတွက် အခြေအနေတွေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။EA sportကလည်း''စွပ်စွဲမှုနဲ့ပတ်သတ်တဲ့အခြေနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်။ရော်နယ်ဒိုဘက်ကအကာကွယ်ပေးနိုင်ဖို့မျှော်လင့်ပြီး EAရဲ့တန်ဖိုးတွေကိုလည်းမကျဆင်းအောင်ထိန်းသိမ်းရမှာပါ''လို့ဆိုခဲ့ပြန်ပါတယ်။
နွေရာသီကမှစီရော်နယ်ဒိုကိုပေါင်၉၉.၂သန်းနဲ့ခေါ်ယူထားတဲ့ဂျူဗင်တပ်အသင်းဘက်ကတော့''အခုလတွေအတွင်းမှာတော့သူဟာ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ ပရဟိတစိတ်ဓာတ်ကို အပြည့်အဝပြသခဲ့ပါတယ်ဒီမှာတော့လူတိုင်းသူ့ကိုသဘောကျကြပါတယ်။ဒီ၁၀နှစ်ကြာလောက်ကအကြောင်းအရာအပေါ်စွပ်စွဲမှုကြောင့်နဲ့တော့အခြေနေတွေပြောင်းလဲသွားမှာမဟုတ်ဖူး။သူ့ဘက်ကရပ်တည်သွားမှာပါ''လို့ကာကွယ်ပေးခဲ့ပါတယ်။
ပေါ်တူဂီကို အသင်းခေါင်ဆောင်အဖြစ်နဲ့ယူရို2016ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့တဲ့ရော်နယ်ဒိုဟာ မနေ့ကတော့စကော့တလန် ပိုလန်တို့နဲ့ကစားမယ့် အသင်းလူစာရင်းကနှုတ်ထွက်သွားခဲ့ပါတယ်။ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့ကတော့''အနာဂတ်မှာရော်နယ်ဒိုရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်ပြီးတားဆီးနေမှာမဟုတ်ဖူး''လို့ဆိုခဲ့ပြီးစီရော်နယ်ဒိုရဲ့စိတ်သဘောထားကို ထုတ်ပြောဖို့ငြင်းဆန်ခဲ့ပါတယ်။မေယော်ဂါရဲ့စွပ်ဆိုမှုကြောင့်နဲ့တော့CR7ကို အသင်းကဖယ်ထုတ်ပစ်မှာမဟုတ်ပါဘူူး။ဗုဒ္ဓဟူးနေ့ညနေပိုင်းကတော့စီရော်နယ်ဒိုတွစ်တာမှာရေးတင်ခဲ့တာကတော့''ဒီစွပ်စွဲချက်တွေကို လုံးဝငြင်းဆန်ပါတယ်''လို့ပဲဖြစ်ပါတယ်။
Post a Comment