Header Ads


ပခံုးအထိန္းနဲ႔ ကစားေနရဆဲ လီဗာပူးလ္ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ဆာလာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လီဗာပူးလ္ပရိသတ္မ်ားက ဆာဂ်ီ႐ိုရာမို႔စ္အေပၚယခုထိတိုင္ေအာင္ရန္ၿငိဳးဖြဲ႔ေနပါတယ္။အေၾကာင္းကေတာ့ အသင္းရဲ႕အဓိကကစားသမား ဆာလာက ယခုအထိပခံုးဒဏ္ရာအကင္းမေပ်ာက္ေသးဘဲ အေထာက္အကူ ျပဳဝတ္စံုဝတ္ဆင္ၿပီးကစားေနရတာေၾကာင့္ျဖစ္ပါတယ္။ဆာလာကိုရာမို႔စ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာပခံုးဒဏ္ရာရ႐ွိသည့္အထိကစားပံုၾကမ္းတမ္းခဲ့ပါတယ္။


အသင္းရဲ႕သိမ္းငွက္မ်က္လံုးလို ေစာင္ၾကည့္ေနတဲ့ပရိသတ္ေတြက ဆာလာရဲ႕ဒဏ္ရာကိုထိန္းသိမ္းေပးထားတဲ့ပခံုးသိုင္းႀကိဳးကို နာပိုလီအသင္းႏွင့္ပြဲစဥ္အၿပီး ကားလိုစ္ အန္စေလာ့တီႏွင့္အက်ႌလဲလွယ္စဥ္ သတိျပဳမိခဲ့ၾကပါတယ္။



မၾကာခင္အတြင္း လူမႈကြန္ရက္ တြစ္တာမွာ အသင္းရဲ႕ပရိသတ္တစ္ဦးက ရက္ရက္စက္စက္လုပ္လိုက္တဲ့ရီးရဲလ္မက္ဒရစ္ေကာင္လို႔ ေရးသားခဲ့ပါတယ္။သူက"မင္းအေပၚေဒါသေတာ္ေတာ္ျဖစ္မိတယ္ရာမို႔စ္ သူပခံုးကို မင္းၾကည့္စမ္းပါဦး"လို႔ေရးသားထားပါတယ္။

စပိန္ေနာက္ခံလူက ဆာလာကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ နပန္းလံုးသကဲ့သို႔ညာဖက္လက္ေမာင္းကိုကို႐ို႔ကားယားဆြဲၿပီး ေျမျပင္ကိုဖိခ်ခဲ့ပါတယ္။အဲဒိလိုျဖစ္ၿပီးေနာက္ဆာလာေျမျပင္မွာလူးေနၿပီးပခံုးဒဏ္ရာရ႐ွိခဲ့ပါတယ္။



ဆာလာက ကမ႓ာဖလား ၿပိဳင္ပြဲမွာအီဂ်စ္အသင္းကိုကိုယ္စားျပဳပါဝင္ေပးခဲ့ၿပီး အဆိုပါဒဏ္ရာေၾကာင့္ ေႏြရာသီမွာအနားယူခဲ့ၿပီး လီဗာပူးလ္အသင္းအတြက္ရာသီအသစ္မွာပါဝင္ဖို႔အတြက္ အဆင္သင့္ျပင္ဆင္ခဲ့ရပါတယ္။

ဒါေပမယ့္အသက္၂၆ႏွစ္အရြယ္ဆာလာက သူရဲ႕အသင္းကိုဒဏ္ရာေၾကာင္နစ္နာေစခဲ့ျခင္းမ႐ွိေသာ္လည္း အဲဒီဒဏ္ရာအကင္းမေပ်ာက္ေသးဘဲ ပခံုးႀကိဳးသိုင္းဝတ္ဆင္၍ကစားေနရပါတယ္။တစ္ခ်ိဳ႕ပရိသတ္မ်ားက သူရဲ႕ဒဏ္ရာအေပၚစိုးရိမ္ပူပန္ေနၾကပါတယ္။



တြစ္တာအသံုးျပဳတဲ့ပရိသတ္တစ္ဦးက"ကြၽန္ေတာ္ေဆးပညာဆိုင္ရာအေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပိးေတာ့ေသခ်ာမသိပါဘူး၊ဒါေပမယ္ အဲဒီဒဏ္ရာရဲ႕ဆိုးက်ိဳးေၾကာင့္အခုထိသူပခံုးသိုင္းႀကိဳးဝတ္ဆင္ထားေနရပါတယ္။အဲဒီရဲ႕သက္ေရာက္မႈက သူလႈပ္႐ွားမႈေတြ ေဘာလံုးထိန္းသိမ္းလႈပ္႐ွားမႈေတြ ႐ုတ္တရက္ လွည့္ၿပီးေဘာလံုးယူတာေတြ ၿပီးေတာ့ သူကိုသူထိန္းကစားေနရသလိုပါပဲ” လို ့ေရးသားထားပါတယ္။

(Unicode)

ပခုံးအထိန်းနဲ့ ကစားနေရဆဲ လီဗာပူးလ်ပရိတ်သတ်တွေရဲ့ အချစ်တော်ဆာလာ

လီဗာပူးလ်ပရိသတ်များက ဆာဂျီရိုရာမို့စ်အပေါ်ယခုထိတိုင်အောင်ရန်ငြိုးဖွဲ့နေပါတယ်။အကြောင်းကတော့ အသင်းရဲ့အဓိကကစားသမား ဆာလာက ယခုအထိပခုံးဒဏ်ရာအကင်းမပျောက်သေးဘဲ အထောက်အကူ ပြုဝတ်စုံဝတ်ဆင်ပြီးကစားနေရတာကြောင့်ဖြစ်ပါတယ်။ဆာလာကိုရာမို့စ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာပခုံးဒဏ်ရာရရှိသည့်အထိကစားပုံကြမ်းတမ်းခဲ့ပါတယ်။


အသင်းရဲ့သိမ်းငှက်မျက်လုံးလို စောင်ကြည့်နေတဲ့ပရိသတ်တွေက ဆာလာရဲ့ဒဏ်ရာကိုထိန်းသိမ်းပေးထားတဲ့ပခုံးသိုင်းကြိုးကို နာပိုလီအသင်းနှင့်ပွဲစဉ်အပြီး ကားလိုစ် အန်စလော့တီနှင့်အင်္ကျီလဲလှယ်စဉ် သတိပြုမိခဲ့ကြပါတယ်။

မကြာခင်အတွင်း လူမှုကွန်ရက် တွစ်တာမှာ အသင်းရဲ့ပရိသတ်တစ်ဦးက ရက်ရက်စက်စက်လုပ်လိုက်တဲ့ရီးရဲလ်မက်ဒရစ်ကောင်လို့ ရေးသားခဲ့ပါတယ်။သူက"မင်းအပေါ်ဒေါသတော်တော်ဖြစ်မိတယ်ရာမို့စ် သူပခုံးကို မင်းကြည့်စမ်းပါဦး"လို့ရေးသားထားပါတယ်။

စပိန်နောက်ခံလူက ဆာလာကိုချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နပန်းလုံးသကဲ့သို့ညာဖက်လက်မောင်းကိုကိုရို့ကားယားဆွဲပြီး မြေပြင်ကိုဖိချခဲ့ပါတယ်။အဲဒိလိုဖြစ်ပြီးနောက်ဆာလာမြေပြင်မှာလူးနေပြီးပခုံးဒဏ်ရာရရှိခဲ့ပါတယ်။

ဆာလာက ကမ္ဘာဖလား ပြိုင်ပွဲမှာအီဂျစ်အသင်းကိုကိုယ်စားပြုပါဝင်ပေးခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် နွေရာသီမှာအနားယူခဲ့ပြီး လီဗာပူးလ်အသင်းအတွက်ရာသီအသစ်မှာပါဝင်ဖို့အတွက် အဆင်သင့်ပြင်ဆင်ခဲ့ရပါတယ်။

ဒါပေမယ့်အသက်၂၆နှစ်အရွယ်ဆာလာက သူရဲ့အသင်းကိုဒဏ်ရာကြောင်နစ်နာစေခဲ့ခြင်းမရှိသော်လည်း အဲဒီဒဏ်ရာအကင်းမပျောက်သေးဘဲ ပခုံးကြိုးသိုင်းဝတ်ဆင်၍ကစားနေရပါတယ်။တစ်ချို့ပရိသတ်များက သူရဲ့ဒဏ်ရာအပေါ်စိုးရိမ်ပူပန်နေကြပါတယ်။

တွစ်တာအသုံးပြုတဲ့ပရိသတ်တစ်ဦးက"ကျွန်တော်ဆေးပညာဆိုင်ရာအကြောင်းအရာတွေနဲ့ပတ်သက်ပြိးတော့သေချာမသိပါဘူး၊ဒါပေမယ် အဲဒီဒဏ်ရာရဲ့ဆိုးကျိုးကြောင့်အခုထိသူပခုံးသိုင်းကြိုးဝတ်ဆင်ထားနေရပါတယ်။အဲဒီရဲ့သက်ရောက်မှုက သူလှုပ်ရှားမှုတွေ ဘောလုံးထိန်းသိမ်းလှုပ်ရှားမှုတွေ ရုတ်တရက် လှည့်ပြီးဘောလုံးယူတာတွေ ပြီးတော့ သူကိုသူထိန်းကစားနေရသလိုပါပဲ” လို့ရေးသားထားပါတယ်။

No comments

Powered by Blogger.